ဆွေးနွေးချက်:ရဲသော် မသေ၊ သေသော် ငရဲမလား
ပုံပန်းသွင်ပြင်
ရဲသော်မသေ သေသော် ငရဲမလား မဟုတ်ဘူးတဲ့
ရဲဘော်မသေ သေသော် ငရဲမလား တဲ့ အရင်က ကျနော်လည်း ရဲသော် မသေလို့ ထင်ထားခဲ့တာ။
ဘယ်ဟာက အမှန်အကန်ပါလိမ့်။--ဆန်လုံးတီး (ဆွေးနွေး) ၁၀:၂၄၊ ၁၃ စက်တင်ဘာ ၂၀၁၇ (UTC)
- မြန်မာစာနှင့်ဘာသာစကား ပညာရေးဦးစီးဌာန က ထုတ်တဲ့ မြန်မာဆိုရိုးစကားစာအုပ် စာမျက်နှာ ၁၉၆ မှာ ရဲသော်မသေ လို့ ဖော်ပြထားပါတယ်။ ကိုးကားစာကြောင်းအနေနဲ့ ရဲသော်မသေ၊ ဆိပ်အန်မြွေသို့၊ သေလတ်တုံငြား၊ မျောက်နှစ်ပါးသို့၊ မလားငရဲ၊ ကောင်းရာမြဲလိမ့်။ ဆိုပြီး မုံရွေးဆရာတော်ရဲ့ ပဉ္စာဝုဓပျို့ ကို ညွှန်းထားပါတယ်။ Ninja✮Strikers «☎» ၁၀:၄၅၊ ၁၃ စက်တင်ဘာ ၂၀၁၇ (UTC)
- ရဲသော်မသေ သေသော် ငရဲမလား က ဆိုရိုး၊ ရဲဘော်မသေ သေသော် ငရဲမလား က ဆိုရိုးကို အခြေခံထားတဲ့ ဆောင်ပုဒ်၊ အဲသလို ဖြစ်ပါလိမ့်မယ်။ Ninja✮Strikers «☎» ၁၅:၁၀၊ ၁၃ စက်တင်ဘာ ၂၀၁၇ (UTC)
- အင်း ဟုတ်တုတ်တုတ်ပါပဲ --ဆန်လုံးတီး (ဆွေးနွေး) ၀၈:၅၃၊ ၃၀ စက်တင်ဘာ ၂၀၁၇ (UTC)