ဆွေးနွေးချက်:ရာမ ၆

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ထိုင်းဘုရင်တွေရဲ့ နာမည်[ပြင်ဆင်ရန်]

ထိုင်းဘုရင်တွေရဲ့ နာမည်ကို ရေးသားတဲ့အခါမှာ အခက်အခဲ ရှိပါတယ်။

ပထမက ထိုင်းဘုရင်များရဲ့ နာမည်အားလုံးသည် သတ္တက/ပါဠိ ဘာသာစကားကို အသုံးပြု မှည့်ထားကြပါတယ်။ ဒါပေမယ့် ပါဠိအသံထွက်အတိုင်း မထွက်ကြပါဘူး။ ထိုင်းအသံထွက်အတိုင်းပေါ် ခေါ်ဆိုကြပါတယ်။

ဥပမာ - "ဝဇိရာဝုဓ"နာမည်ဆိုရင်လည်း Vajiravudh (ဝဇိရာဝုဓ) လို့ အမည်ရှိသော်လည်း အဲဒီအတိုင်း မခေါ်ကြပါဘူး။ ထိုင်းအသံထွက်အားဖြင့် Wachirawut (ဝချီရာဝုတ်) လို့ ခေါ်ကြပါတယ်။

အကြံပြုချက် - တသက်မတ်တည်းရှိအောင် ဒီလိုသုံးရင် သင့်တော်မယ်လို့ ထင်တယ်။

ဥပမာ - (မြန်မာ: ဝချီရာဝုတ်, ပါဠိ: ဝဇိရာဝုဓ, English: Vajiravudh, RGTS: Wachirawut)

ဒါမှ အရပ်သုံးစကားအရ ပြောပြတဲ့အခါ နားလည်းလွယ် (မြန်မာ-ထိုင်းလို အချင်းချင်း) သွားမှာပါ။ Salai Rungtoi (ဆွေးနွေး) ၀၅:၀၀၊ ၁၂ စက်တင်ဘာ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

ကောင်းပါတယ်။ ဘုရင်နာမည်တွေအပြင် ထိုင်း ပြည်နယ်/ခရိုင်၊ မြို့ နာမည်တွေလဲ အဲလိုထားရင် အဆင်ပြေမယ် ထင်ပါတယ်။ NinjaStrikers «» ၁၄:၄၀၊ ၁၃ စက်တင်ဘာ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]