ဆွေးနွေးချက်:ရခိုင်အမျိုးသားကောင်စီ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

သင်ပြောသော အကြောင်းအရာသည် ပြည်ထောင်စု မြန်မာနိုင်ငံ ရခိုင်အမျိုးသားကောင်စီ သာ ဖြစ်ပါသည်။ ပြန်လည် လေ့လာပြီးမှ ပြင်ဆင်ပါ။ သတင်းမှားကို သတင်းမှန်မလုပ်ပါနှင့်။ — Kaungthu (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 07:40, 21 February 2020

@Kaungthu: "ပြည်ထောင်စု မြန်မာနိုင်ငံ ရခိုင်အမျိုးသားကောင်စီ" ဆိုတာကို Google Search လုပ်ကြည့်ရင် တခြားရလဒ်တွေပဲ ထွက်တယ်ဗျ။ "ရခိုင်ပြည်အမျိုးသားကောင်စီ" နဲ့ "ရခိုင်အမျိုးသားကောင်စီ" ဆိုတာနဲ့ရှာရင်တော့ ရလဒ်တူတွေပဲ တွေ့ရတယ်။ နှစ်ခုလုံးရဲ့ တည်ထောင်တာကို ၂၀၀၄ ခုနှစ် ဆွေးနွေးပွဲကနေ စတင်တယ်ဆိုတာကလဲ တူနေတယ်။ ရခိုင်အမျိုးသားကောင်စီ စာမျက်နှာမှာ အရင်ကရေးထားတဲ့ ဗုံးပေါက်ကွဲတဲ့ကိစ္စတွေကို ဖယ်ပြီး ရခိုင်ပြည်အမျိုးသားကောင်စီ မှာ လာထည့်ထားတာတွေ့ရတယ်။ ရဖွေရလဒ်တွေရော၊ ဆောင်းပါးနှစ်ခုရဲ့ အမည်အရရော၊ ရေးထားတာရော ကြည့်ပြီး တူတူပဲလို့ ဆုံးဖြတ်လိုက်တာပါ။ နှစ်ခုက သီးခြားစီဖြစ်တယ်ဆိုရင် ကွဲပြားတာကို ပြင်ပရင်းမြစ်ကိုးကားတွေနဲ့တကွ ကျေးဇူးပြုပြီး ရှင်းပြပေးပါလားဗျ။ NinjaStrikers «» ၁၁:၁၂၊ ၂၁ ဖေဖော်ဝါရီ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ဒါက ရခိုင်ပြည်အမျိုးသားကောင်စီ တရားဝင် FB က တင်ထားတဲ့ ဗုံးပေါက်မှုမှာ အဖမ်းခံရသူအတွက် ထုတ်ပြန်ကြေညာချက်ပါ။ https://scontent.fphs1-1.fna.fbcdn.net/v/t31.0-8/s960x960/28337393_1593699303999383_510114228052514658_o.jpg?_nc_cat=104&_nc_ohc=F2Hhg6m5ixIAX-sWO5P&_nc_ht=scontent.fphs1-1.fna&_nc_tp=7&oh=63577532e6d5cf1c65dcf73f5673f4cc&oe=5EF86693 ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ဆိုစာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ https://ispmyanmarpeacedesk.com/eao/arakan-state-army/ ဒီအောက်မှာ ထုတ်ပြန်ချက်တွေပါပါတယ်။ Logo အရရော၊ သမိုင်းကြောင်းအရရော တခုမှ မဆိုင်ပါ။ — Kaungthu (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။

@Kaungthu:ဟောဒီ "ရခိုင်အမျိုးသားကောင်စီ" ရဲ့ လိုဂိုက အင်္ဂလိပ်ဝီကီမှာ တင်ထားတဲ့ ဒီပုံ ကို ပြန်သုံးထားတာပါ။ ခက်တာက အဲဒီပုံရဲ့ မူလရင်းမြစ်ကလဲ အခုပျက်သွားပါပြီ။ တစ်ခုသိချင်တာက "ရခိုင်ပြည်အမျိုးသားကောင်စီ" တစ်ခုပဲရှိတာလား။ အခုဆောင်းပါးမှာ ရေးထားတဲ့ "ရခိုင်အမျိုးသားကောင်စီ" ဆိုတဲ့ အဖွဲ့အစည်းကရော တကယ်ရှိတာလား။ ဒါမှမဟုတ် လိုဂိုမှားထည့်ထားလို့ နာမည်မတူတဲ့ အဖွဲ့လို့ ထင်ရတာလားပေါ့။ ဘာလို့လဲဆိုတော့ မြန်မာသတင်းမီဒီယာ အတော်များများကလဲ စစ်တွေဗုံးပေါက်တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ "ရခိုင်အမျိုးသားကောင်စီ" လို့ သုံးထားတာတွေလဲ တွေ့ရတယ်။ ကျနော့အမြင်တော့ "ရခိုင်ပြည်အမျိုးသားကောင်စီ" အဖွဲ့အမည်က အမှန်၊ "ရခိုင်အမျိုးသားကောင်စီ" နာမည်နဲ့ အဖွဲ့မရှိဘဲ "ရခိုင်ပြည်အမျိုးသားကောင်စီ" ကိုပဲ alternative name အနေနဲ့ သတင်းမီဒီယာတွေက သုံးစွဲခဲ့တာ ဖြစ်မယ်လို့ ထင်ပါတယ်။ "ရခိုင်အမျိုးသားကောင်စီ" အမည်နဲ့ အခြားအဖွဲ့ရှိမနေဘူးဆိုရင်တော့ ဒီစာမျက်နှာကို "ရခိုင်ပြည်အမျိုးသားကောင်စီ" ကို merge လုပ်လိုက်ပါမယ်။ အခုဖော်ပြထားတဲ့ လိုဂိုကိုလည်း ဖယ်ရှားလိုက်ပါမယ်။ ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၁၅:၂၂၊ ၂၄ ဖေဖော်ဝါရီ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]