ဆွေးနွေးချက်:မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်း

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ရုံတင်ဇာတ်ကားလို့ ရေးတာက ၁၉၉၀ ဝန်းကျင်ကစပြီး ရုပ်ရှင်ရုံတွေ နည်းလာတာရယ်၊ ဖလင်ဝယ်ရ ခက်လာတာရယ်ကြောင့် ဗီဒီယိုဇာတ်ကားဆိုတာ သီးခြားပေါ်လာတယ်။ အဲဒါတွေက ရုံပေါ် မတင်ဘူး။ ဆိုင်တွေဆီ တိုက်ရိုက်ဖြန့်တာ။ အကယ်ဒမီလည်း မပေးဘူး။ မွထအောင်လည်း ထွက်တယ်။ ဒါကြောင့် စာရင်းလုပ်ရလွယ်တဲ့ ရုံတင်ဇာတ်ကားဆိုပြီး ခေါင်းစဉ်တပ်ထားတာ။ Htoo Ra Aung (ဆွေးနွေး) ၀၂:၅၄၊ ၂၇ ဖေဖော်ဝါရီ ၂၀၁၉ (UTC)[အကြောင်းပြန်ရန်]

တကယ်တမ်း စာရင်းဆောင်းပါးဆိုရင်လည်း ရုပ်ရှင်ကားကြီးတွေရဲ့ စာရင်းပဲ အဆင်ပြေမှာပါ။ ရုပ်ရှင်ဇာတ်ကားလို့ ပြောလိုက်တာနဲ့ ရုံတင်ဇာတ်ကားကို ဆိုလိုတာကို တော်တော်များများ နားလည်ကြမယ် ထင်ပါတယ်။ အဲဒီအတိုင်းလဲ သုံးကြပါတယ်။ တခြား ဇာတ်ကား အမျိုးအစားအနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်မြင်သံကြားဇာတ်ကား (ရုပ်သံဇာတ်လမ်း) ဆိုတာ သီးခြား ခေါ်ဆိုကြပါတယ်။ အဲဒီအတွက် ရုပ်ရှင်ဇာတ်ကား လို့ပဲ ရွှေ့လိုက်တာပါ။ NinjaStrikers «» ၁၁:၅၂၊ ၂၇ ဖေဖော်ဝါရီ ၂၀၁၉ (UTC)[အကြောင်းပြန်ရန်]