ဆွေးနွေးချက်:မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

သက်တမ်း[ပြင်ဆင်ရန်]

သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးပြီးနောက် ယခုလက်ရှိဆောင်းပါးပါသူရဲ့ (တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ) "ယာယီသမ္မတ" သက်တမ်းက "ထမ်းဆောင်ဆဲ" ဆိုတာကို နဲနဲ ဒွိဟဖြစ်နေလို့၊ ဆိုလိုတာက ကာချုပ်ကို အာဏာသုံးရပ်လွှဲပြီးတာနဲ့တပြိုင်နက် သူ့သက်တမ်းက ကုန်သွားလား (တစ်မနက်ခင်းပဲဖြစ်တဲ့ ယာယီသမ္မတလား) (သို့) ဆက်လက်ပြီး သူ့ကဏ္ဍကျန်နေသေးလား၊ သူတို့ဖက်ကသတင်းထုတ်ပြန်မှုတွေမှာ အာဏာသိမ်းခြင်း (သို့) ဆောင်းပါးတွင် ရေးထားသူကသာ အာဏာလွှဲခြင်း ပြီးတာနဲ့ ယခင်အစိုးရ/လွှတ်တော် စသဖြင့် ဘာမှမရှိတော့ဘူးလို ကြေညာကြတာတွေလဲ ကြားဖူးတော့ အာဏာလွှဲခြင်းဖြစ်မြောက်ပြီးတာနဲ့တပြိုင်နက် ယာယီသမ္မတ ဆိုတာလဲ မရှိတော့ဘူးထင်ပါတယ်။ ဒီအကြောင်း ဥပဒေ၊ သတင်း၊ ထုတ်ပြန်ချက်တွေရှိရင် (သို့) process နားလည်သူများရှိရင် ဆွေးနွေးပေးကြပါဦး။ အခြားဘက်က Incumbent ဆိုတာနဲ့ ဒီဘက်မှာ တိတိကျကျမသိရဘဲ Incumbent မဖြစ်အောင်ပါ။ Aungookingofcelestials (ဆွေးနွေး) ၀၃:၂၉၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

MRTV ရဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့သတင်းမှာတော့ ယာယီသမ္မတလို့ သုံးထားတာတော့ တွေ့တယ်။ ခြေဥထဲက အရေးပေါ်အခြေအနေအခန်းမှာတော့ သမ္မတနဲ့ ဒုသမ္မတနှစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေက တာဝန်မှ ရပ်စဲပြီး ဖြစ်တယ်လို့ ဖော်ပြထားတော့ ယာယီသမ္မတအနေနဲ့ ရှိနေဆဲပဲလို့ ယူဆလို့တော့ ရဦးမယ်ထင်တယ်။ NinjaStrikers «» ၀၇:၃၈၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Ok bro, ပုံစံက ဟိုမရောက် ဒီမရောက်ဆိုတော့ လက်ရှိ ဒီအတိုင်းပဲထားလိုက်တာ ကောင်းပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၁:၀၄၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]