ဆွေးနွေးချက်:မောင်ခင်မင် (ဓနုဖြူ)

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

အကြံပြုခြင်း[ပြင်ဆင်ရန်]

နာမည်အရင်းက ဦးခင်အေးဟု ရေး၍ 'မောင်ခင်မင်' သည် ကလောင်အမည် ဟုထင်ပါတယ်။ အကယ်၍ ကလောင်အမည်ဖြစ်ပါက မောင်ခင်မင် (ဓနုဖြူ) ဟု တိုက်ရိုက်ယူမှသာ ပြည့်စုံမည်ဟု ထင်ပါသည်။

တဆက်တည်း မြန်မာ လူပုဂ္ဂိုလ် အမည်များပေးလျှင် (ကျွန်တော့်အမြင်) ဘာဝိသေသမှ မပါဘဲ တိုက်ရိုက်ရေးသည်ကို နှစ်သက်ပါတယ်။ link လုပ်ရာမှာ နောက်ပြန်လှည့်ကြည့်စရာမလိုဘဲ နာမည်အမှန် သိရုံဖြင့် link လုပ်နိုင်ပါသည်။ မြန်မာ့ယဉ်ကျေးမှုအရ ရံခါတွင် 'ဦး၊ ကို၊ ဒေါ်၊ မ၊ အရှင်...' များမဖြစ်မနေထည့်လိုပါက အရှေ့တွင်သာ ထည့်ခြင်းကို နှစ်သက်ပါသည်။ ပို၍လည်း သဘာဝကျပါသည်။ မြန်မာစွယ်စုံကျမ်းသည် စာရွက်ပေါ်တွင် အခြေတည်သော စနစ်ဖြစ်၍ အက္ခရာစဉ်ရန် ထိုသို့ပြုလုပ်ကြသည်ဟု ယူဆပါတယ်။ ဥပမာ 'သန်းထွန်း၊ ဒေါက်တာ ...'

ဝီကီသည် စာရွက်ပေါ်တွင် အခြေမခံ၍ နည်းပညာ အကူအညီများဖြင့် တည်ဆောက်ထားသဖြင့် အထက်ပါနာမည်ကို မဖြစ်မနေ "ဒေါက်တာ" ထည့်မည်ဆိုပါက ဒေါက်တာ သန်းထွန်း ၊ ဒေါက်တာဘွဲ့ရ သန်ထွန်း နှစ်ဦးရှိလျှင် ဥပမာ ဒေါက်တာ သန်းထွန်း (သမိုင်း)ဒေါက်တာ သန်းထွန်း (ပထဝီ) ဟုသုံးပါက ဘာသာစကားအရ သဘာဝကျမယ်လို့ ထင်ပါတယ်။ ဆောင်ပါးရဲ့အပေါ်ထိပ်ကမှ Defaultsort template တို့လို အက္ခရာစဉ်ပေးတဲ့ နည်းပညာအကူအညီယူ၍ လုပ်လျှင် ပိုမိုစနစ်ကျနိုင်ပါမည်။

အချို့နာမည်တွေမှာ နာမည်တစ်လုံးတည်းရှိတဲ့ သူတွေ ဥပမာ 'ကင်းဝန်မင်းကြီး ဦးကောင်း' မှာ ကောင်း တစ်လုံးတည်းရေးရင် ဆိုရာမရောက်တဲ့အတွက် အဲ့ဒီအခါမျိုးမှာ ဦးထည့်ဖို့ လိုပါမယ်။ ဦးကောင်း (ကင်းဝန်မင်းကြီး) (သို့) ကင်းဝန်မင်းကြီး ဦးကောင်း ကဆီလျှော်ပြီး defaultsort နဲ့ |က| ပေးလိုက်မယ်။ ထိုအစား ကောင်း၊ ဦး (ကင်းဝန်မင်းကြီး) က နဲနဲ တစ်မျိုးဖြစ်နေတယ်။ ခုရက်ပိုင်း ကိုNayimuu name sort လုပ်တာလေးတွေ သဘောကျတယ်။

အကြံပေးခြင်းမဟုတ်ပါ၊ အကြံပြုခြင်းသာဖြစ်သည်။ အမှားအယွင်းပါပါက (ကျွန်တော့်အမြင်အရ) စနစ်ကျစေချင်သော စိတ်ဖြင့်သာဖြစ်၍. . . Aungookingofcelestials (ဆွေးနွေး) ၂၀:၄၁၊ ၂၀ ဇွန် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

မြန်မာနာမည် ဆောင်းပါးခေါင်းစဉ်နဲ့ပတ်သက်ပြီး ဒီနေရာမှာ ဆွေးနွေးဖူးတယ်ဗျ။ စာပေ၊ ဂီတ၊ ရုပ်ရှင်စတဲ့ အနုပညာရှင်တွေ အမည်အတွက်ကတော့ သူတို့သုံးစွဲတဲ့ ကလောင်အမည်၊ အနုပညာအမည် အတိုင်း ထားလို့ရပါတယ်။ (en:WP:STAGENAME) ပြီးတော့မှ sortkey ထည့်ပြီး စီလို့ရပါတယ်။ NinjaStrikers «» ၂၀:၅၉၊ ၂၀ ဇွန် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ကျေးဇူးပါ။ ဆွေးနွေးတာတွေ စနစ်ကျပြီး ပြည့်စုံလုနီးပါးရှိပါတယ်။ ဖတ်ပြီး ပြန် refer လုပ်လို့လည်း အဆင်ပြေတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၈:၀၁၊ ၂၁ ဇွန် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]