ဆွေးနွေးချက်:မုံလယ်ဆရာတော်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မံုလယ္ဆရာေတာ္ႀကီး​၏ ခန္ဓာဖွဲ့နည်း။[ပြင်ဆင်ရန်]

ခန္ဓာဖွဲ့နည်း။shwehmonesoeLin--116.206.194.90 ၀၃:၄၈၊ ၂၅ နိုဝင်ဘာ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

မျက်စိ။ စက္ခု အကြည်ကို အဆင်း တိုက်တော့ စက္ခုဝိညာဏ် ပေါ်ပါသည်။ စက္ခုဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ စက္ခုဝိညာဏ်နှင့် သဟဇာတ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာ သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။ စက္ခု အကြည်နှင့် အဆင်းကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။ မျက်စိ အကြည်ကို အဆင်း တိုက်တော့ မြင်သိစိတ် ပေါ်ပါသည်။ အဆင်းကို မြင်သိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာက စေတသိက်။ စိတ်၊စေတသိက်။ မျက်စိ အကြည်နှင့် အဆင်းက ရုပ်။ စိတ်၊စေတသိက်၊ရုပ်။ မျက်စိ အကြည်ကို အဆင်း တိုက်တော့ မြင်သိစိတ် ပေါ်ပါသည်။ အဆင်းကို မြင်သိတာက နာမ်တရား။ မျက်စိအကြည်နှင့် အဆင်းက ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။

နား။ သောတ အကြည်ကို အသံ တိုက်တော့ သောတဝိညာဏ် ပေါ်ပါသည်။ သောတဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ သောတဝိညာဏ်နှင့် သဟဇာတ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာ သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။သောတ အကြည်နှင့် အသံကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။ နားအကြည်ကို အသံ တိုက်တော့ ကြားသိစိတ် ပေါ်ပါသည်။ အသံကို ကြားသိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာက စေတသိက်။ စိတ်၊ စေတသိက်။ နားအကြည်နှင့် အသံက ရုပ်။ စိတ်၊စေတသိက်၊ရုပ်။ နားအကြည်ကို အသံ တိုက်တော့ ကြားသိစိတ် ပေါ်ပါသည်။ အသံကို ကြားသိတာက နာမ်တရား။ နားအကြည်နှင့် အသံက ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။

နှာ။ ဃာနအကြည်ကို အနံ့ တိုက်တော့ ဃာနဝိညာဏ် ပေါ်ပါသည်။ ဃာနဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ ဃာနဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာ သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။ ဃာနအကြည် နှင့် အနံ့ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။ နှာအကြည်ကို အနံ့တိုက်တော့ နံသိစိတ် ပေါ်ပါသည်။ အနံ့ကို နံသိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာ က စေတသိက်။ စိတ်၊ စေတသိက်။ နှာအကြည်နှင့် အနံ့က ရုပ်။ စိတ်၊စေတသိက်၊ရုပ်။ နှာအကြည်ကို အနံ့တိုက်တော့ နံသိစိတ် ပေါ်ပါသည်။ အနံ့ကို နံသိတာက နာမ်တရား။ နှာအကြည် နှင့် အနံ့ က ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။

လျှာ။ ဇိဝှါအကြည်ကို ချို၊ချဉ်၊စပ်၊ငန်၊ဖန်၊ခါး ရသာခြောက်ပါး တိုက်တော့ စားသိစိတ်ဆိုတဲ့ ဇိဝှါဝိညာဏ် ပေါ်ပါသည်။ ဇိဝှါဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ ဇိဝှါဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာ သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။ ဇိဝှါအကြည် နှင့် ရသာ ခြောက်ပါး ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။ လျှာအကြည်ကို ရသာခြောက်ပါး တိုက်တော့ စားသိစိတ် ပေါ်ပါသည်။ ရသာခြောက်ပါး ကို စားသိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာက စေတသိက်။ စိတ်၊ စေတသိက်။ လျှာအကြည် နှင့် ရသာခြောက်ပါး က ရုပ်။ စိတ်၊စေတသိက်၊ရုပ်။ လျှာအကြည်ကို ရသာခြောက်ပါး တိုက်တော့ စားသိစိတ် ပေါ်ပါသည်။ ရသာခြောက်ပါးကို စားသိတာက နာမ်တရား။ လျှာအကြည်နှင့် ရသာခြောက်ပါးက ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။

ကိုယ်။ ကာယအကြည်ကို မာမှု ပျော့မှု ပထဝီ ဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ် ဆိုတဲ့ ကာယဝိညာဏ် ပေါ်ပါသည်။ ကာယဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ ကာယဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာ သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။ ကာယအကြည်နှင့် မာမှု ပျော့မှုကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။ ကိုယ်အကြည်ကို ပူမှု အေးမှု တေဇော ဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ် ပေါ်ပါသည်။ ပူမှု အေးမှုကို ထိသိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာက စေတသိက်။ စိတ်၊ စေတသိက်။ ကိုယ်အကြည်နှင့် ပူမှု အေးမှုက ရုပ်။ စိတ်၊စေတသိက်၊ရုပ်။ ကိုယ်အကြည်ကို ထောက်ကန် လှုပ်ရှားမှု ဝါယော ဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ် ပေါ်ပါသည်။ ထောက်ကန် လှုပ်ရှားမှုကို ထိသိတာက နာမ်တရား။ ကိုယ်အကြည်နှင့် ထောက်ကန် လှုပ်ရှားမှု က ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။

စိတ်။ မနော အကြည်ကို ဓမ္မာရုံ တိုက်တော့ ကြံသိစိတ် ဆိုတဲ့ မနော ဝိညာဏ် ပေါ်ပါသည်။ မနော ဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ မနောဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာက္ခန္ဓာ စေတသိက် ၊သညာက္ခန္ဓာ စေတသိက်၊ သင်္ခါရက္ခန္ဓာ စေတသိက် သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။ ဟဒယဝတ္ထု နှင့် ဓမ္မာရုံ ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။ မနောအကြည်ကို ဓမ္မာရုံ တိုက်တော့ ကြံသိစိတ် ပေါ်ပါသည်။ ဓမ္မာရုံတရား အပေါ်မှာ ပုဂ္ဂိုလ် သတ္တဝါအနေနှင့် ကြံသိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာက စေတသိက်။ စိတ်၊ စေတသိက်။ ဟဒယဝတ္ထု နှင့် ဓမ္မာရုံ က ရုပ်။ စိတ်၊စေတသိက်၊ရုပ်။

မနောအကြည်ကို ဓမ္မာရုံ တိုက်တော့ ကြံသိစိတ် ပေါ်ပါသည်။ ဓမ္မာရုံတရား အပေါ်မှာ ပုဂ္ဂိုလ် သတ္တဝါအနေနှင့် ကြံသိတာက နာမ်တရား။ ဟဒယဝတ္ထု နှင့် ဓမ္မာရုံ က ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။ Ashintejaniya monleza (ဆွေးနွေး) ၁၃:၃၅၊ ၂၅ ဧပြီ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

မုံလယ်ဆရာတော်ကြီး​၏ သစ္စာဖွဲ့နည်း[ပြင်ဆင်ရန်]

သစ္စာဖွဲ့နည်း။

ဝေဒနာက္ခန္ဓာ

  • ဝေဒနာက္ခန္ဓာ တရားပေါ်မှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ အနေနှင့် လိုချင်မှု နှစ်သက် မှု စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။
  • ဝေဒနာက္ခန္ဓာ တရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။
  • ဒုက္ခသစ္စာဟု ပိုင်းခြား၍ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။
  • သမုဒယသစ္စာ သေတာနှင့် နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ။

သညာက္ခန္ဓာ

  • သညာက္ခန္ဓာ တရားပေါ်မှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ အနေနှင့် လိုချင်မှု နှစ်သက် မှု စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။
  • သညာက္ခန္ဓာ တရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။
  • ဒုက္ခသစ္စာဟု ပိုင်းခြား၍ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။
  • သမုဒယသစ္စာ သေတာနှင့် နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ။

သင်္ခါရက္ခန္ဓာ

  • သင်္ခါရက္ခန္ဓာ တရားပေါ်မှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ အနေနှင့် လိုချင်မှု နှစ်သက် မှု စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။
  • သင်္ခါရက္ခန္ဓာ တရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။
  • ဒုက္ခသစ္စာဟု ပိုင်းခြား၍ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။
  • သမုဒယသစ္စာ သေတာနှင့် နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ။

ဝိညာဏက္ခန္ဓာ

  • ဝိညာဏက္ခန္ဓာ တရားပေါ်မှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ အနေနှင့် လိုချင်မှု နှစ်သက်မှု စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။
  • ဝိညာဏက္ခန္ဓာ တရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။
  • ဒုက္ခသစ္စာဟု ပိုင်းခြား၍ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။
  • သမုဒယသစ္စာ သေတာနှင့် နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ။

ရူပက္ခန္ဓာ

  • ရူပက္ခန္ဓာ တရားပေါ်မှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ အနေနှင့် လိုချင်မှု နှစ်သက်မှု စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။
  • ရူပက္ခန္ဓာ တရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။
  • ဒုက္ခသစ္စာဟု ပိုင်းခြား၍ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။
  • သမုဒယသစ္စာ သေတာနှင့် နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ။ Ashintejaniya monleza (ဆွေးနွေး) ၁၃:၃၇၊ ၂၅ ဧပြီ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

တိုင္မာနာရီshwehmonesoeLinျဂိုဟ္တုေလ[ပြင်ဆင်ရန်]

shwehmonesoelinlashios@gmail.com(G-289095) 103.217.159.220 ၁၅:၁၅၊ ၁ နိုဝင်ဘာ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]