ဆွေးနွေးချက်:ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနား

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဘာသာပြန်အခက်အခဲ[ပြင်ဆင်ရန်]

ကမ္ဘာ့နိုင်ငံများ အကြောင်းကို အင်္ဂလိပ်ဝီကီ ကနေ ကျွန်တော် ဘာသာပြန်ပြီး ရေးပေးနေပါတယ်။ အမှားအယွင်းများတွေ့ရင်ပြင်ပေးကြပါ။ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဘာသာပြန်ထားပါတယ်။ ဝေါဟာရအခက်အခဲအနေနဲ့ ဘာသာမပြန်တတ်တဲ့ စကားလုံးတွေ မေးချင်ပါတယ်။
continental climate ???
Brčko District = ဘရော့ကိုခရိုင် ???
Republika Srpska = ဆာ့ပ်စ်ကာသမ္မတနိုင်ငံ ???
သုတေသီ ၀၁:၀၈၊ ၁၁ ဒီ​ဇင်​ဘာ​ ၂၀၁၀ (UTC)

continental climate - ပထဝီတိုက်တွင်း ရာသီဥတု (တိုက် ဆိုတာထက် ပထဝီတိုက် ဆိုရင် ပိုကောင်းမယ် ထင်ပါတယ်။) Brčko District - ဘရက်ကို ဒိစတြိတ် (ဒိစတြိတ်လို့ အင်္ဂလိပ်ခေတ်က အသုံးရှိခဲ့တယ်။ ခရိုင်က province ပါ။) Republika Srpska - ဆပ္ပဆကာ သမ္မတနိုင်ငံ (ဝီကီ အသံထွက်ဖိုင်အရ ဆပ္ပဆကာလို့ ထွက်တာ သင့်ပါတယ်။) mm thinker ၁၂:၀၀၊ ၁၁ ဒီ​ဇင်​ဘာ​ ၂၀၁၀ (UTC)

တရုတ်ပြည်မှာတော့ province ကို ပြည်နယ်လို့ သုံးနှုန်းကြတယ်။ မြန်မာပြည်အနေနဲ့လည်း ခရိုင်တွေကို District လို့ ရေးကြတယ်ထင်တာပဲ။ ဆပ္ပဆကာ ကိုတော့ သဘောကျတယ်။ ဘရက်ကို ကိုလည်း သဘောကျပါတယ်။ ပထဝီတိုက်တွင်း ရာသီဥတု လည်း မဆိုးပါဘူး။ တိုက် တစ်လုံးတည်းကျတော့ အဓိပ္ပါယ်သိပ်မပေါ်ဘူး။ အခြားမိတ်ဆွေများလည်း ဝိုင်းဝန်းဆွေးနွေးကြပါဦးဗျာ။ သုတေသီ ၁၂:၃၇၊ ၁၁ ဒီ​ဇင်​ဘာ​ ၂၀၁၀ (UTC)
ကုန်းတွင်းပိုင်း ရာသီဥတု ဆိုရင်ကော ?--ဇာမဏီ ၁၂:၄၈၊ ၁၁ ဒီ​ဇင်​ဘာ​ ၂၀၁၀ (UTC)
ဟုတ်တယ်ဗျ။ ခင်ဗျား မှန်တယ်။ မြန်မာပြည်မှာက တိုင်း (Division) နဲ့ ပြည်နယ် (State) စနစ် လုပ်တဲ့အခါမှာ Province နဲ့ District အသုံးက ပျောက်သလို ဖြစ်ကုန်တယ်။ ဒိစတြိတ်က ခရိုင်လည်း ဆိုနိုင်ပါတယ်။ ကုန်းတွင်းပိုင်း ရာသီဥတုဆိုတာကတော့ ပထဝီဘာသာရပ်အရ မှန် မမှန် ကျနော်လည်း မပြောတတ်ဘူးဗျ။ mm thinker ၁၃:၄၈၊ ၁၁ ဒီ​ဇင်​ဘာ​ ၂၀၁၀ (UTC)