ဆွေးနွေးချက်:ဖျံ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မျိုးစိတ်တွေက ခုမှ နာမည်ကောက်တပ်လိုက်တာ. အဏ္ဏဝါသမားတွေဆို နာမည်ရင်းတွေ သိနိုင်လောက်ပါတယ်. ပြင်ပေးပါ. NuDeity (ဆွေးနွေး) ၁၅:၂၉၊ ၁ ဇူလိုင် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

@Pho Sai: ဒီဆောင်းပါးက en:Otter နဲ့ လင့်ခ်ချိတ်ရမယ်ထင်တယ်။ Pinniped က ဖျံအုပ်စုခွဲတွေကို သိမ်းကြုံးပြောတာလားမသိဘူး။ Dr Lotus Black (ဆွေးနွေး) ၀၂:၃၁၊ ၂၂ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဖျံကြောင်ဝံ/ မြွေပါ တွေက ကျွန်တော်တို့ ဘာသာစကားမှာ နည်းနည်းရှုပ်နေတယ် ဆြာ @Dr Lotus Black။ ကျွန်တော် နာမည်မပေးတတ်ဘူး😅။ တကယ်တော့ Otter တွေက Weasel မျိုးရင်းတွေ (Mustelidaej) ကပါ။ တကယ့် ဖျံအမှန်က မျိုးတူအစု Clade (Pinniped) အောက်က - (၁) ဝါးလရက်၊ (၂) စီးလ်ဖျံ၊ (၃) စီးလ်ဖျံခြင်္သေ့၊ (၄) စီးလ်ဆင်ဖျံ အဲ့ကောင်တွေပါ။
ဒါပေမယ့် အဲ့ကောင်တွေက ကျွန်တော်တို့ နိုင်ငံရဲ့ ပင်လယ်ကမ်းစပ်တွေမှာ သဘာဝအတိုင်းလာနေတာတော့ မကြားဖူးဘူး။ ဖျံ လို့ စခေါ်ခဲ့တာ Otter တွေပဲလို့ ထင်တယ်။ Seal အုပ်စုက ကျွန်တော်တို့ Coinage လုပ်ရမယ်နဲ့တူတယ်၊ အဏ္ဏဝါဖျံ/ စီးလ်ဖျံ/ သမုဒ္ဒရာဖျံ/ ဖျံကြီး ဖြစ်ဖြစ်ပေါ့လေ။ ပြီးတော့ Badger ဆိုရင်လည်း ခွေးတူဝက်တူ လို့ပဲ ပေးထားတာတွေ့တယ်။ Pho Sai (ဆွေးနွေး) ၀၅:၁၉၊ ၂၂ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဟုတ်တယ်ဗျ၊ ဟိုကောင်တွေက Category ခွဲတာကို သိပ္ပံနာမည်နဲ့ခွဲတော့ နာမည်ဆင်တူတာတောင် မျိုးရင်းတွေ မျိုးစုတွေ ကွဲပြားတော့ category ခွဲရတာ မျက်စိလည်လည်သွားတယ်။ Dr Lotus Black (ဆွေးနွေး) ၀၅:၃၆၊ ၂၂ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ကြားထဲက Clade တွေ မကြည့်နဲ့။ တချို့ဟာတွေက ကမ္ဘာဦးက fossil တွေ။ IUCN နဲ့ ကွိုင်နေတာလည်း အဲ့ကိစ္စပဲ။ IUCN ကတော့ ရှင်းတယ် ရှင်သန်နေဆဲကောင်တွေပဲ အရေးယူလုပ်ပါတယ်တဲ့။ 😁။ ဒါပေမယ့် မျိုးရိုးစဉ် Track လုပ်ဖို့ကြတော့ လိုသေးတယ်လေ။ enwiki လည်း အရင်က လိုက်ယောင်ပြီးလုပ်ထားတာတွေ အခု ပြန်ပြင်နေတာတွေ့တယ်။
ကျွန်တော်တို့လည်း အဓိက ကဏ္ဍခွဲဖို့ကို -
1. Kingdom(Regnum),
2. Phylum(phyla),
3. Class(classis),
4. Order(ordo),
5. Family(familia),
6. Genus(genera),
7. Species
အဲ့ (၇) ခုနဲ့ပဲ အရင်ခွဲတာကောင်းမယ်ထင်တယ်။ ပြီးတော့ taxa rank မှာက sub- ပါတဲ့ Taxon အခွဲတွေက သူ့ခွဲလာတဲ့ Main ထဲထည့်လို့ အဆင်ပြေတယ်။ ဒါပေမယ့် super- အဖွဲ့တွေကတော့ သပ်သပ်ထုတ်မှ ရမယ်။ ဘာလို့လဲဆိုတော့ ဥပမာ superfamily အောက်မှာက family က ၅ ခုလောက် ရှိတဲ့ဟာမျိုးတွေများတယ်။ တချို့ကြတော့လည်း linage အရသာ rank ခွဲပြီး မျိုးစု အဆင့်ထိဆင်းလာတာ တကယ် ရှင်သန်ဆဲကလည်း order မျိုးစဉ် အဆင့်ထိ အဲ့ တစ်စုပဲ ရှိတာရှိသေးတယ်။ 😅တိုင်ပင်ပြီး လုပ်ကြတာပေါ့ ဆရာ။ Pho Sai (ဆွေးနွေး) ၀၆:၁၄၊ ၂၂ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]