ဆွေးနွေးချက်:ပရိမိတ္တဇာလသုတ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဝေဘူဆရာတော်ဘုရားကြီးသည် မြန်မာနိုင်ငံတွင် ရဟန္တာကြီး တစ်ပါးဖြစ်ပါသည်။ ယခု ပရိမိတ္တဇာလသုတ်ကို ဝေနေယသတ္တဝါများ အကျိုးအလို့ငှာ ဆရာတော်ဘုရားကြီးက အမြဲရွတ်ဖတ်ကြဖို့ မိန့်ကြားခဲ့ပြီး ဆရာတော်ဘုရားကြီးကိုယ်တော်တိုင် ရွတ်ဖတ် သရဇာယ်တော်မူခဲ့သည့် အသံဖိုင်တည်ရှိနေသေးပါသည်။ ထို့ကြောင့် ရွတ်ပွားသူများအနေဖြင့် ဆုတ်ယုတ်ဖွယ်မရှိနိုင်ကြောင်း ယူဆယုံကြည်မိပါသည်။(Kingnicespeed (ဆွေးနွေး) ၀၅:၁၅၊ ၁၄ ဇွန် ၂၀၂၀ (UTC))[အကြောင်းပြန်ရန်]

တည်းဖြတ်သူ Kingnicespeed အနေနဲ့ လွတ်လပ်စွာပါဝင် ရေးသားခွင့်ရှိတဲ့အတွက် လုံလောက်တဲ့ အထောက်အထားရှိနေသ၍ ပါဝင်ပြင်ဆင်နိုင်ပါတယ်။ နောက်ဆုံး ကျနော့်ရဲ့ ပြင်ဆင်ချက်က နိဒါန်းမရှိ ဖြစ်နေတဲ့အချိန်မှာ နိဒါန်းထည့်ပေးဖို့ လိုက်ရှာကြည့်တော့ အောင်ကျော်မင်း (၂၀၁၄-၁၂-၀၃)မှာ ရေးထားတဲ့ မြန်မာတိုင်းမ်စ်က "ပိဋကတ်သုံးပုံ၌ မပါ၀င်သည့် စာပေများ သာသနာရေးက ထုတ်ဝေမှုကို မေးခွန်းထုတ်" ဆောင်းပါးကိုတွေ့ခဲ့လို့ ဒီကရယူခဲ့ခြင်း ဖြစ်ပါတယ်။ (ဝီကီရဲ့မူအရ ကိုယ်ပိုင်အာဘော်ကို တိုက်ရိုက်ရေးခွင့်မရှိပါဘူး။ ပုံနှိပ်ထုတ်ဝေပြီးဖြစ်တဲ့ အကိုးအကားရှိမှသာ ထည့်ဝင်လို့ရတာပါ။ ဆိုလိုချင်တာက ဒီစာပိုဒ်ဟာ ကျနော့်ရဲ့ တိုက်ရိုက်အာဘော်မဟုတ်ပါဘူး။) ဖြစ်နိုင်ရင်တော့ ဆရာတော် ဒေါက်တာနန္ဒမာလာဘိ၀ံသနဲ့ ဆွေးနွေးကြည့်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ Dhawell.hlugalay (ဆွေးနွေး) ၁၂:၁၇၊ ၁၅ ဇွန် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]