ဆွေးနွေးချက်:တောဆိတ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဒီဆောင်းပါးက ဆောင်းပါးမှာပါတဲ့စာ နဲ့ inforbox ၊ ပုံ၊ interwiki link တွေက လွဲနေတယ်။ ဆောင်းပါးမှာပါတဲ့စာက En wiki က antelope အကြောင်း။ infobox ၊ ပုံ နဲ့ interwiki link က wild goat ဖြစ်နေတယ်။ en wiki က antelope နဲ့ ချိတ်ထားတာက ဒရယ်ငယ် ဆောင်းပါး။ ဒရယ်ငယ်က တောဆိတ်နဲ့အတူတူပဲ။ ဒရယ်ငယ်ထဲက စာကို တောဆိတ်ဆောင်းပါးထဲကို ကျွန်တော် အရင်နှစ်ကတည်းက ကူးထည့်ပြီးသား။ တောဆိတ်နဲ့ merge မလုပ် ရသေးတာပဲ ရှိတာ။ Antelope လို့ ခေါ်တဲ့ အကောင်တွေက မြန်မာ ပြည်မှာ မရှိဘူး။ မြန်မာပြည်မှာ ရှိတဲ့ အကောင်တစ်မျိုးကို တောဆိတ်လို့ လည်း ခေါ်သေးတယ်။ မြန်မာပြည်မှာရှိတဲ့တောဆိတ်ကို ဆီးရိုးတောဆိတ် ဆိုပြီး page အသစ် လုပ်ပြီးသွားပြီ။ လက်ရှိ တောဆိတ် ဆောင်းပါးကစာတွေကို တောဆိတ် (အန်တီလုပ်) ဆိုတဲ့ page အသစ်ကို ပြောင်းသင့်တယ်လို့ ထင်ပါတယ်။ တောဆိတ်ကိုတော့ သံတူကြောင်းကွဲ စာမျက်နှာအဖြစ် တောဆိတ် (အန်တီလုပ်) နဲ့ ဆီးရိုးတောဆိတ် ကို လင့်ခ် ချိတ်သင့်တယ်လို့ ထင်ပါတယ်။ အင်္ဂလိပ်ဝီကီက wild goat နဲ့ inter wiki ချိတ်မယ့် page ကိုတော့ ဆိတ်ရိုင်းဆိုပြီး page အသစ် (stub page) လုပ်သင့်တယ်လို့ ထင်ပါတယ်။ ပြီးတော့ လက်ရှိ တောဆိတ်ဆောင်းပါးမှာပါတဲ့ စာပိုဒ်အမှတ် ၆ ကစတဲ့ အပိုင်းတွေက အန်တီလုပ်မျိုးစိတ်တွေအကြောင်းရေးထားတာမို့ page တစ်ခုစီ ခွဲသင့်တယ်လို့ ထင်ပါတယ်။ ရှံမွှားဆိတ်အကြောင်း (စာပိုဒ် ၁၃) ကတော့ ရှံမွှားဆိတ်ဆောင်းပါး ရှိပြီးသားမို့ သွားပေါင်းသင့်တယ်လို့ ထင်ပါ တယ်။ အန်တီလုပ်မျိုးစိတ်တွေကို stub စာမျက်နှာတွေအဖြစ် ခွဲလိုက်ရင် စာမျက်နှာအသစ်တွေ ၁၀ခုဝန်းကျင်လောက် ထပ်တိုးလာမှာပါ။ MoeZawSoe (ဆွေးနွေး) ၁၅:၅၂၊ ၂၆ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

အဆင်ပြေသလို ပြင်လိုက်ပါ။ ဒီသတ္တဝါတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့အပိုင်းမဟုတ်လို့ လင့်ချိတ်ထားတာ မှန်/မှား မဆုံးဖြတ်တတ်ဘူးဗျ။ ရွှေ့သင့်တာတွေ ရွှေ့လိုက်ပါ။ ဒီစာမျက်နှာက အင်တာဝီကီလင့်ကို ဖြုတ်ထားလိုက်မယ်။ NinjaStrikers «» ၁၆:၁၆၊ ၂၆ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ။ နောက်ရက်မှာ ပြင်လိုက်မယ်ဗျ။ ကျေးဇူးပဲ။ MoeZawSoe (ဆွေးနွေး) ၁၆:၁၉၊ ၂၆ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]