ဆွေးနွေးချက်:ဆောင်ခလာမြို့

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ခေါင်းစဉ်[ပြင်ဆင်ရန်]

@Chan Sung-Min WP:COMMONNAME ဆိုတာ ဆောင်းပါးခေါင်းစဉ်တစ်ခုအတွက် ရွေးချယ်စရာ နာမည် အများကြီး ရှိနေတဲ့အခါ၊ ဒါမှမဟုတ် ဘယ်လိုထားမလဲဆိုတာ မဆုံးဖြတ်နိုင်တဲ့အခါမှာ အများသုံး ယေဘုယျအမည် (လွတ်လပ်ပြီး ခိုင်လုံသည့် ရင်းမြစ်များ၏ သုံးစွဲဖော်ပြမှုကို မူတည်ဆုံးဖြတ်ထားသည့်) ကို ဝီကီပီးဒီးယား ခေါင်းစဉ်အဖြစ် ရွေးချယ်ဖို့ သတ်မှတ်ထားတဲ့ မူဝါဒ ဖြစ်ပါတယ်။ ဝီကီပီးဒီးယားရဲ့ ဆောင်းပါးခေါင်းစဉ် မူဝါဒမှာ "ဝီကီပီးဒီးယားတွင် အကြောင်းအရာ၏ "တရားဝင်" အမည်အား ဆောင်းပါးခေါင်းစဉ်အဖြစ် အသုံးပြုရန် မလိုအပ်ပါ။ ခိုင်လုံသော ရင်းမြစ်များမှ ရည်ညွှန်းခေါ်ဝေါ်သည့် အသုံးများသည့် အမည်ကိုသာ အသုံးပြုရန် ပိုမိုသင့်လျော်သည်။" လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် တရားဝင်အသံဖလှယ်အမည် "သင်ခလာ"/"သုံခလာ" အစား မီဒီယာအများစု (ဒီဗွီဘီMDN, Eleven, bni, Accuweather) က သုံးစွဲထားနှင့်ပြီးဖြစ်တဲ့ "ဆောင်ခလာ" အမည်ကို WP:COMMONNAME အရ ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ဆောင်ခလာခရိုင် ကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ စာမှာ မြန်မာလို ဆောင်ခလာ လို့ပဲ ဖော်ပြထားပါတယ်။ NinjaStrikers «» ၀၈:၅၇၊ ၁၁ ဇွန် ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]

ဆိုတာ ရှေးခေတ် မြန်မာစာမှာ ယနေ့ခေတ် သံလို့ ထွက်ခဲ့ကြပါတယ်၊ ရှေးခေတ်အမည်တော်တော်များများမှာ ပါဠိ၊ ထိုင်း၊ ဟိန္ဒီ ဘာသာတွေက ကို လို့ ဘာသာပြန်ကြတာတွေ့ပါတယ်။ ဥပမာ: သာသနာ (ထိုင်း၊ လာအို၊ ခမာ၊ ဟိန္ဒီ၊ ပါဠိ: sasana)နဲ့ ဘာသာ(ထိုင်း၊ လာအို၊ ခမာ၊ ဟိန္ဒီ၊ ပါဠိ: bhasa) ဖြစ်ပါတယ်။