ဆွေးနွေးချက်:စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (ဆေးပညာသင်ကြားရေး)

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်တမ်း ဆိုတာက အခြေခံပညာမှာရော အဆင့်မြင့်ပညာ တက္ကသိုလ်ပညာရေးမှာပါ သုံးကြတဲ့ သင်ရိုးညွှန်းတမ်းအမျိုးအစားပါ။ ကျွန်တော်က ဆေးပညာသင်ကြားရေးသမား Medical Educationist ဆိုတော့ တခြားနယ်ပယ်က အကြောင်းကို ရေးလို့ အဆင်မပြေပါ (မကျွမ်းကျင်ပါ)။ တူတာတွေရှိသလို မတူတာတွေလဲ ရှိနေလို့ပါ။


ဒါကြောင့် ခေါင်းစဉ်ကို စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (ဆေးပညာသင်ကြားရေး) လို့ပဲ ပြောင်းရမလား၊ စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း အောက်မှာပဲ ဆေးပညာသင်ကြားရေး ဆိုပြီး ခေါင်းစဉ်ခွဲနဲ့ ရေးရမလားဆိုတာကို ဒွိဟဖြစ်နေပါတယ်။ ဆွေးနွေးပေးကြပါဦး။ ကျေးဇူးတင်ပါတယ်။

မျိုးကြည်သာ (ဆွေးနွေး) ၀၆:၅၆၊ ၁၇ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

enwiki မှာတော့ en:Integrative learning ဆောင်းပါးတော့ရှိတယ်၊ သိပ်မပြည့်စုံသေးလို့ထင်ပါတယ်။ အဲဒီထဲမှာတော့ Integrated medical curriculum ဆိုပြီး နဲနဲလေးပဲရေးထားတာရှိပါတယ်။ အဲဒီပုံစံကို တသွေမတိမ်းယူရင်တော့ ယခုခေါင်းစဉ်နဲ့ ကိုက်လောက်မယ်ယူဆ၊ သို့မဟုတ်လည်း ဆေးပညာအတွက် ဆောင်းပါးအသစ်ပုံစံ လည်းရေးနိုင်လောက်မယ်ထင်တယ်။ တစ်ခါတလေ section တွေက သိသာထင်ရှားပြီး ပမာဏများလာရင် split လုပ်တတ်ကြတယ်။ ခေါင်းစဉ်ကတော့ ကျွန်တော်လည်း ဇဝေဇဝါပဲ၊ အက်ဒ်မင်တို့ အခြားတည်းဖြတ်သူများရဲ့ စိတ်ကူးစောင့်ကြည့်လိုက်ပါဦးဗျ။ Aungookingofcelestials (ဆွေးနွေး) ၁၄:၂၆၊ ၁၇ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
@Aungookingofcelestials ကျေးဇူးပါဗျ။ မြန်မာပြည်မှာက ဒီ Integrated curriculum ကို သုံးမယ်ဆိုပြီး ပြောလာတာက ဆေးပညာသင်ကြားရေးနယ်ပယ်ပဲရှိသေးတယ်လို ကျွန်တော်သိထားပါတယ်။ ဒီကြားထဲမှာမှ NLD က Manifesto မှာ ဒါကို ထည့်ရေးလိုက်တော့ ဆေးကျောင်းသားတွေရော၊​ ဆေးကျောင်းက ဆရာငယ်တွေကရော ဘာကြီးပါလိမ့်လို့ ဖြစ်တာတွေရှိပါတယ်။ ဒါကြောင့် ဒီခေါင်းစဉ်ကို ရေးသင့်တယ်လို့ ယူဆပြီး ရေးတာပါ။ ဒါမရေးခင်မှာ enwiki က ဟာကို ကျွန်တော်ကြည့်လိုက်ပါသေးတယ်။ မပြည့်စုံတာကြောင့် ဘာသာမပြန်ပဲ အစအဆုံးရေးမယ် ဆုံးဖြတ်လိုက်တာပါ။ မျိုးကြည်သာ (ဆွေးနွေး) ၁၄:၅၁၊ ၁၇ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
အခု ရေးထားသမျှကို ကြည့်ရင်တော့ ဆေးပညာသင်ကြားရေးအတွက် ခေါင်းစဉ်သပ်သပ်ခွဲထုတ်ဖို့ လုံလောက်တယ်လို့တော့ မြင်ပါတယ်။ ဆေးပညာသင်ကြားရေးအပိုင်းကို ဖယ်ထုတ်ရင်တော့ ပင်မခေါင်းစဉ်အတွက် ကျန်နေခဲ့တာတော့ နည်းသွားလိမ့်မယ်။ အဲဒါဆို enwiki ဖက်ကနေ ပြန်ပြီး ဘာသာပြန်ထည့်လိုက်ရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။ NinjaStrikers «» ၀၃:၂၈၊ ၁၈ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ကျေးဇူးတင်ပါတယ်၊ အကြံပေးတဲ့အတိုင်း ခွဲထုတ်လိုက်ပါတယ်။ ပင်မခေါင်းစဉ်ကိုလဲ stub ထားပါတယ်။ မျိုးကြည်သာ (ဆွေးနွေး) ၀၈:၀၀၊ ၁၉ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]