ဆွေးနွေးချက်:ဆံအာ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ
(ဆွေးနွေးချက်:ချန်အာ မှ ပြန်ညွှန်းထားသည်)

@Chan Sung-Min ခေါင်းစဉ်က သဝေထိုး ကျန်နေခဲ့တာလား။ တမင်မပါဘဲ ရေးတာလားဗျ။ တမင်ချန်ထားတာဆိုရင်တော့ မြန်မာစာရေးထုံးနဲ့ မညီဘူးလို့ ရေးထုံးအတိုင်းဖြစ်အောင် ပြင်ဖို့လိုပါမယ်။ NinjaStrikers «» ၁၀:၃၂၊ ၃၁ မေ ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]

@Chan Sung-Min, Anything? NinjaStrikers «» ၀၉:၃၂၊ ၁ ဇွန် ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]
တရုတ်မီဒီယာတွေမှာလဲ ချန်အာ လို့ပဲ သုံးတာတွေ့ပါတယ်။ ([၁] , [၂] , [၃], [၄]) သုံးနေကြ ရှိနှင့်ပြီး ဝေါဟာရကို သွေဖယ်ပြီး မလိုအပ်ဘဲ အသစ်ထွင်သုံးတာမျိုး ရှောင်သင့်ပါတယ်။ NinjaStrikers «» ၁၈:၀၉၊ ၉ ဇွန် ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]
@Chan Sung-Min, You should see the talk page and discuss first before moving the page again and again. Thanks. NinjaStrikers «» ၀၃:၄၄၊ ၂၃ ဩဂုတ် ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]

ရှင်းပြချက်[ပြင်ဆင်ရန်]

တရုတ်မီဒီယာတွေက ချန်အာဘဲ ရေးရေး၊ အသံထွက်ဖလှယ်ချိန်မှ ဆန်အာ ဖြစ်သွားပါတယ်၊ဘာသာအများစုမှဆာ(င်)အာပါပဲ၊ san=ဆန်, sam=ဆမ်, sang=ဆံ Chan Sung-Min (ဆွေးနွေး) ၀၉:၄၈၊ ၂၃ ဩဂုတ် ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]

@Chan Sung-Min, ဆာ(င်)အာ ဆိုပြီး ကွင်းစ/ကွင်းပိတ်နဲ့ င-သတ် ထည့်ရေးပြစရာမလိုပါဘူး။ မြန်မာစာကို မိခင်ဘာသာစကားကဲ့သို့ ဒေသခံအဆင့် တတ်ကျွမ်းသူတိုင်း ဆလိမ် () ကို အသံထွက်ရင် စလုံး () နဲ့မတူဘဲ “ဟ” သံနဲ့ အဆုံးသတ် အသံထွက်ရတယ်ဆိုတာ သိကြပါတယ်ဗျ။ ပြီးတော့ မြန်မာသင်ပုန်းကြီးမှာရော စာလုံးပေါင်းသတ်ပုံကျမ်းမှာရော မရှိတဲ့ မြန်မာပြုထားသော ဆောင်းပါး ခေါင်းစဉ်မျိုးတွေကို မပေးပါနဲ့လား။ 🌐 Pho Sai®️ (ဆွေးနွေး) ၂၃:၃၉၊ ၂၃ ဩဂုတ် ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]

ဟုတ်ကဲ့၊ ဒါကြောင့်ပဲ ဆာင်အာလို့ မရေးတော့ဘဲ ဆံအာလို့ ရေးရတာပါ၊ ပါဠိစာမှာဆိုရင် C=စ၊ Ch=ဆ ဆိုတာ တွေ့မြင်ရမှာပါ— Chan Sung-Min (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ ၀၇:၂၅၊ ၂၄ ဩဂုတ် ၂၀၂၂

နိုင်ငံခြားဘာသာစကား ဝေါဟာရတစ်ခုကို မြန်မာလို အသံထွက်မယ်ဆိုရင် အနီးစပ်ဆုံး အသံထွက်ကြသလို စာနဲ့ ပြန်ရေးတဲ့အခါမှာ မြန်မာအသုံးအနှုန်းနဲ့ အနီးစပ်ဆုံး ပြန်ရေးကြပါတယ်။ ဒီဝေါဟာရအတွက် မြန်မာလို ဘယ်လို သုံးနှုန်းရေးသားရမယ်ဆိုတာ ဒွိဟဖြစ်နေခဲ့ရင် "ခိုင်လုံသော ရင်းမြစ်များမှ ရည်ညွှန်းခေါ်ဝေါ်သည့် အသုံးများသည့် အမည်ကိုသာ အသုံးပြုရန် ပိုမိုသင့်လျော်သည်" လို့ မြန်မာဝီကီပီးဒီးယားရဲ့ အမည်ပေးစနစ် မူဝါဒမှာ ဖော်ပြထားပြီးသားပါ။ ဒါကြောင့် အခြားမီဒီယာတွေက အသုံးပြုထားပြီးဖြစ်တဲ့ အသစ်ထပ်ထွင်ရေးစရာမလိုတဲ့ "ချန်အာ" ကို သုံးဖို့ အကြံပြုတာပါ။ ချန်အာ နဲ့ ဆံအာ ဝေါဟာရနှစ်ခုကို Google search သုံးပြီး ရှာကြည့်မယ်ဆိုရင် လနတ်သမီး ချန်အာ နဲ့ပတ်သက်တဲ့ ရလဒ်အများကြီး ရပေမယ့်၊ ဆံအာ မှာတော့ အခု မြန်မာဝီကီရဲ့ လင့်ခ် တစ်ခုတည်းပဲ ပြန်ရပါတယ် (ဆိုလိုတာက ဆံအာ ဝေါဟာရကို မြန်မာဝီကီတစ်ခုတည်းမှာပဲ သုံးထားတယ်လို့ ပြောတာပါ)။ ဆောင်းပါးခေါင်းစဉ်ကို အသုံးများတဲ့အမည် သုံးဖို့ဆိုတာ စာဖတ်သူအနေနဲ့ လူသိများတဲ့ နာမည်နဲ့ လာရှာရင် လိုရင်းကို တန်းရောက်စေချင်လို့ပါပဲ။ NinjaStrikers «» ၀၈:၂၃၊ ၂၄ ဩဂုတ် ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]