ဆွေးနွေးချက်:ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဒီဆောင်းပါးကို မြန်မာဆိုရိုးစကား ဆိုပြီး Category အသစ်ထဲ ထည့်ရင်ကောင်းမယ်လို့ ထင်မိပါတယ်။ ဝေါဟာရနဲ့ ဆိုရိုးစကားက မတူတဲ့အတွက် Category ထပ်ခွဲရင် ကောင်းမယ်လို့ မြင်မိပါတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၂:၄၇၊ ၂၆ ဇူလိုင် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

Category:မြန်မာစကားပုံများ ကဏ္ဍကတော့ ရှိတယ်ဗျ။ စကားပုံနဲ့ ဆိုရိုးနဲ့ အတူတူတွဲထားမလား။ ဒါမှမဟုတ် ဘယ်လိုခွဲကြမလဲ။ ကုသိုလ်လည်း ရ၊ ဝမ်းလည်း ဝ ကို စကားပုံလို့ပြောသလို ဆိုရိုးစကားထဲမှာလဲ ပါနေပြန်ရော။ NinjaStrikers «» ၁၄:၄၀၊ ၂၆ ဇူလိုင် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

နှစ်ခုစလုံးမှာ ပါတဲ့ဟာတွေက အဓိပ္ပာယ်က အတူတူပဲ ဖြစ်နေတာဆိုတော့ ဆိုရိုးစကားရော၊ စကားပုံမှာရော ရှိတယ်ဆိုတဲ့အကြောင်း ရေးလိုက်ရင် ကောင်းမယ်။ စကားပုံမှာ ရှိပြီးသားဆို ဆိုရိုးစကားအတွက် ဆောင်းပါးအသစ် မရေးတော့ဘူးပေါ့။မတူတဲ့ဟာတွေ အတွက်က Category ခွဲတာပိုကောင်းမယ်နဲ့ တူတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၈:၀၂၊ ၂၇ ဇူလိုင် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

မြန်မာ့ဆိုရိုးစကား စာအုပ်ပြန်ကြည့်တော့ စကားပုံနဲ့ မတူတဲ့အချက်ကို ရှင်းပြထားတယ်။ မြန်မာဆိုရိုးစကားများ ကဏ္ဍအသစ် လုပ်လိုက်ပါ။ ဆိုရိုးကော စကားပုံကော နှစ်မျိုးလုံးပါနေတာကို ဆောင်းပါးမှာလဲ ထည့်ရေးပြီး ကဏ္ဍနှစ်ခုစလုံးမှာ ထည့်လိုက်တာပေါ့။ NinjaStrikers «» ၁၀:၂၇၊ ၂၇ ဇူလိုင် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

ကဏ္ဍအသစ်က admin ပဲ လုပ်လို့ရတာလား။ သာမန် user တွေလဲ လုပ်လို့ရလား။ ရတယ်ဆိုရင် ဘယ်လိုလုပ်ရလဲ ပြောပြပါအုံး။ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူးဖြစ်နေတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၃:၁၅၊ ၂၇ ဇူလိုင် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

သာမန်အသုံးပြုတွေလဲ ဖန်တီးနိုင်ပါတယ်။ ပုံမှန်အတိုင်းပဲ အောက်ဆုံးမှာ ကဏ္ဍထည့်ရေးလိုက်ပါ။ မရှိသေးတဲ့ ကဏ္ဍဆိုရင် လင့်ခ်အနီနဲ့ ဖြစ်နေပါလိမ့်မယ်။ နှိပ်လိုက်ပါ။ ကဏ္ဍသစ်ဖန်တီးဖို့နေရာ ရောက်ပါလိမ့်မယ်။ ကဏ္ဍစာမျက်နှာမှာ သက်ဆိုင်ရာ ကဏ္ဍကို ထပ်ထည့်ပေးပြီး သိမ်းရုံပါပဲ။ Category:မြန်မာစကားပုံများ ကဏ္ဍကို edit နှိပ်ပြီး ကြည့်ကြည့်ပါ။ NinjaStrikers «» ၁၃:၂၉၊ ၂၇ ဇူလိုင် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

ကျေးဇူးပါ။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၃:၄၀၊ ၂၇ ဇူလိုင် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]