ဆွေးနွေးချက်:က

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ပြန်ရေးဖို့ အက္ခရာစာလုံးပုံ မရှိတာတွေ လုပ်ဖို့ ဒီနေရာမှာ ခဏ ရေးထားပါဦးမယ်။ NinjaStrikers «» ၁၆:၅၃၊ ၂၆ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

Extended content

က (ကကြီး / ka.gji: / ) သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးအနက် ပထမဆုံး ဗျည်းအက္ခရာဖြစ်သည်။ က၊ ခ၊ ဂ၊ ဃ၊ င ဟူသော ကဝဂ်တွင် ပါဝင်၍ က အသံ၏ ဖြစ်ရာဌာနမှာ ကဏ္ဌဌာန် လည်ချောင်းအရပ် ဖြစ်သည်။ အက္ခရာ၏ အရွယ်ကို လိုက်၍ "ကကြီး" ဟု အမည်တွင်သည်။ က၊ ဃ၊ ဏ၊ ဠ ဟူသော ကြီးလေးကြီးတွင် ပါဝင်သည်။ က အရေးအသား၏ မူလမှာ ဗြာဟ္မီအက္ခရာ ဖြစ်သည်။ ဗြာဟ္မီ မှ ကုသန၊ ဂုတ္တ ၊ ပလ္လဝါ သို့ အဆင့်ဆင့် ပြောင်းလဲလာပြီးနောက် ပုဂံကျောက်စာများတွင် နှင့် ပေစာများတွင် ဟု ရေးသားလာသည်ကို တွေ့ရသည်။ ကြက်ခြေခတ်သဏ္ဌာန်ရှိသော ဗြာဟ္မီအရေးအသား တွင် ကန့်လန့်ဖြတ်မျဉ်းသည် တဖြည်းဖြည်းအောက်ဖက်သို့ ကုပ်လာသည်။ ထောင်လိုက်မျဉ်းသည် ဦးခေါင်းပျောက်သည်အထိ တစတစတို၍လာသည်။ ဤသို့ဖြင့် ယခုခေတ် မြန်မာ က အက္ခရာ ပေါ်ထွန်းလာသည်။