မာတိကာသို့ ခုန်သွားရန်

ဆဲသည်နှင့် ဆန်ချေးနှင့် အဆမတန်

ဝီကီပီးဒီးယား မှ

ဆဲသည်နှင့် ဆန်ချေးနှင့် အဆမတန် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်

[ပြင်ဆင်ရန်]

ဆန်ချေးယူမိရာတွင် အဆဲခံရခြင်းက ချေးယူသည့်ဆန်နှင့်ပင် အဆမတန်သကဲ့သို့ အကူအညီ တောင်းခံမိရာတွင် အနှိမ်ခံရခြင်းက ရရှိသည့်အကူအညီနှင့် အဆမတန် ဖြစ်သည်။ []


မူလရင်းမြစ်

[ပြင်ဆင်ရန်]
  • "ဆဲတာနှင့် ဆန်ချေးနှင့်မျှ အဆမတန်ဆိုတာကို ကိုယ်က လက်ဆောင်ပြန်ရတာက နှစ်ဆမက၊ ဧည့်သည်တွေအိမ်ကို လာလိုက်တာကလည်း ခဏခဏ။" [၁၂၇၈] တင်မြ၊ ပ။ ၁၆၁။
  • "အိုဗျာ-မရွှေပုံ့နှယ် မကျန်းမမာ ဖြစ်နေတဲ့ ကြားထဲ သည်အတွက်တွေ တွေးမပူနေပါနဲ့။ ကျုပ်ကလည်း ဆဲတာနဲ့ ဆန်ချေးနဲ့ ချေဖို့ စိတ်မကူးပါဘူး။" [၁၃၁၅] ဤယမုန်။ ၃၀၈။

ကျမ်းကိုး

[ပြင်ဆင်ရန်]
  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၆။