ဆော်လမွန်ပင်လယ်
ပုံပန်းသွင်ပြင်
ဆော်လမွန်ပင်လယ် (Solomon Sea) သည် ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ပင်လယ်တစ်ခုဖြစ်သည်။ ဆော်လမွန်အိုင်းလန်းနိုင်ငံနှင့် ပါပူအာနယူးဂီနီနိုင်ငံတို့၏ ကြားတွင် တည်ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ အဓိကကျသော တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နေရာလည်းဖြစ်သည်။ ဆော်လမွန်ပင်လယ်၏ အနက်ရှိုင်းဆုံး အနက်မှာ ၂၉,၉၈၈ ပေ (၉,၁၄၀ မီတာ) ဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Solomon Sea။ Encyclopaedia Britannica။ 10 March 2012 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- ဆော်လမွန်ပင်လယ်၏ မြေပုံ Archived 21 October 2006 at the Library of Congress Web Archives