မာတိကာသို့ ခုန်သွားရန်

ဆူရှီ

ဝီကီပီးဒီးယား မှ
စားသုံးရန် အသင့်ဖြစ်နေသော နိဂိရိ ဆူရှီ အမျိုးမျိုး
ဆူရှီ အမျိုးကွဲများ

ဆူရှီ (すし, 寿司, 鮨?, အသံထွက် [sɯꜜɕi] သို့ [sɯɕiꜜ]) ဆိုသည်မှာ ဂျပန်စားစရာ တစ်မျိုးဖြစ်ပြီး ချက်ပြုတ်ပြီး ရှာလကာရည်ဖြင့် ရောနယ်ထားသော ထမင်းကို ငါးနှင့် အခြားပင်လယ်စာ အစရှိသည့် စားစရာ တို့နှင့် ရောစပ်ပြီး လိပ်ထားသော အရာဖြစ်သည်။[]

ပါးပါးလှီးထားသော ငါးကိုမူ ဆာရှိမိ ဟုခေါ်ပြီး ဆူရှီနှင့် မတူပဲ ကွဲပြားခြားနားသည်။ နိုရိ ဟုခေါ်သည် အခြောက်လှမ်းပြီး ပြားနေအောင် ဖိထားသော ပင်လယ်ရေညှိနှင့် လိပ်ထားသော ဆူရှီကို မာကိဇူရှီ ဟုခေါ်သည်။ ကြော်ထားသော တို့ဖူး အတွင်း စားစရာများကို ပြွတ်သိပ်ထည့်ထားသော ဆူရှီကိုမူ အိနာရိဇူရှီ ဟုခေါ်သည်။ ဆူရှီ ဆန်၏ အပေါ်တွင် စားစရာများ ဖြန့်ကျဲထားသော ဆူရှီကိုမူ ချိရာရှိဇူရှီ ဟု ခေါ်သည်။

ဆူရှီသည် ထမင်းကို Vinegar(ရှာလကာရည်)ဖြင့်နယ်ကာ အပေါ်တွင် ငါးမျိုးစုံ ၊အသားမျိုးစုံ နှင့် အသီးအရွက်များကိုတင်ပြီး လှပစွာ ပြင်ဆင်စားသုံးရသော အစားအစာဖြစ်သည်။ ဂျပန်နိုင်ငံမှအပ အခြားနိုင်ငံများတွင် ဆူရှီကို Sashimi(သို့)Raw fish(လတ်ဆတ်စွာပြင်ဆင်ထားသော ငါးအစိမ်း)နှင့် မှားတတ်ကြသည်။ Sushi ဆိုသည်မှာ ဂျပန်ဘာသာဖြင့် "ချဉ်သည်"ဟု ဆိုလိုရင်းဖြစ်သည်။ ဆူရှီအမျိုးမျိုးရှိသည်။ Nori ခေါ်ရေညှိခြောက်ထဲတွင်ထည့်လိပ်ထားသော မာကိဇူရှီ (Makizushi) ၊ ထမင်းကို လက်ဖြင့်လုံးကာ အပေါ်တွင်အသားငါး၊ အသီးအရွက်များတင်ထားသော Nigirizushi ၊ အစာများကို Tofu ခေါ်ပဲပြားဖြင့်ထုတ်ထားသော အိနာရိဇူရှီ (Inarizushi) ၊ အစာများကို ပန်းကန်ထဲရှိ ထမင်းဆုပ်များပေါ်တွင် ဖြန့်တင်ထားသော ချိရာရှိဇူရှီ (Chirashi-zushi) တို့ဖြစ်ကြသည်။

ဆူရှီ မူရင်းအစ

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံသည် ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး ပင်လယ်ပတ်လည် ဝိုင်းထားကာ ငါးနှင့်ပင်လယ်အစားအစာများ ပေါကြွယ်ဝသော နိုင်ငံ ဖြစ်သည်။ ဂျပန်ကျွန်းများသည် တောင်ထူထပ်ပြီး စိုက်ပျိုးနိုင်သောမြေ နည်းပါးသဖြင့် လှေခါးထစ် စိုက်ခင်းများဖြင့်သာ စပါးနှင့် ကောက်ပဲသီးနှံအချို့ကို စိုက်ပျိုးကြရသည်။ ဂျပန်သည် သူ၏ ထူထပ်လှစွာသော လူဦးရေအတွက် ပင်လယ်နှင့် စပါးစိုက်ခင်းများကို အမှီပြုရသည် ဖြစ်ရာ သူ့အတွက် ဖန်တီးရသော ဟင်းလျာသည်လည်း ထိုသဘာဝကို လိုက်လျောညီထွေအောင် လိုက်လျောညီထွေ ဖြစ်အောင် စီမံထားရပေသည်။ ဆူရှီသည် ငါးအစိမ်းနှင့်ချက်ပြီး ထမင်းတို့ကို ရောစပ်စီမံထားသည့် အစားအစာဖြစ်ကာ နိုင်ငံခြားသားများကိုလည်း အထူးဆွဲဆောင်နိုင်စွမ်း ရှိသဖြင့် ဂျပန်နိုင်ငံ၏ စားဖွယ်ရာ တစ်ခုဖြစ်ပေသည်။

ဆူရှီထုတ်လုပ်မှုသည် ဂျပန်တွင် ရာစုနှစ်ပေါင်းများစွာကပင် ပေါ်ထွန်းခဲ့ပြီး အစတွင် ငါးကို တာရှည်ခံအောင် ပြုလုပ်ခြင်း နည်းဖြင့် ပြုလုပ်ကြသည်။ ဆူရှီသည် အရှေ့တောင်အာရှတွင် အစပြုသည်ဟု ဆိုနိုင်ပါသည်။ ငါးအစိမ်းကို လွှာ၍ ဆားသိပ်ကာ ကျောက်တုံးဖြင့် ဖိထားပြီး ရက်တစ်ပါတ်ကြာလျှင် ကျောက်တုံးကို ဖယ်ကာ အဖုံးပါးပါးဖြင့် ဖုံးထားကြပါသည်။ တစ်လ (သို့) ထို့ထက်အနည်းငယ်ကြာသောအခါ ဆားစိမ်ငါးနှင့် ထမင်းမှာ တွဲဖက်အစားအစာ ဖြစ်လာပါတော့သည်။ []

ဆူရှီလုပ်ရာတွင်အဓိကယူဆချက်မှာ ငါးကိုဆား ၊ ထမင်းဖြင့် အချဉ်ဖောက်ခြင်း(သို့) တာရှည်ခံအောင်ပြုလုပ်ခြင်းဖြစ်သည်။ ယင်းအချဉ်ဖောက်နည်းကို ယနေ့တိုင် ငါး၊ ဆန်နှင့် အချဉ်ဖောက်ထားသည့် ဟင်းလျာများဆက်လက်ရှိနေသော အရှေ့တောင်အာရှတွင် တွေ့ရှိနိုင်သည်။ ငါးကိုထမင်းနှင့်အချဉ်ဖောက်ခြင်း၏ ယူဆချက်မှာ အချဉ်ဖောက်ရာတွင်သုံးသော ထမင်းမှထွက်လာသောအချဉ်ရည်သည် ငါးကို Amino acids များအဖြစ် ဖြိုခွဲလိုက်ခြင်းဖြစ်သည်။ ထိုအခါမှ ဂျပန်ဘာသာဖြင့် Umami ဟုခေါ်သော အရသာငါးပါး ထွက်ပေါ်လာသည်။ ဂျပန်တွင်ရှေးအကျဆုံးဆူရှီဖြစ်သည့် Narezushi သည်လည်း ယင်းအချဉ်ဖောက်နည်းကိုအသုံးပြုခြင်းဖြစ်သည်။ ဂျပန်တွင် Narezushi မှ Oshizushi ၊ ထိုမှတဆင့် ယနေ့အားလုံးက ဆူရှီဟုသိကြသော Edomae nigirizushi အဖြစ်သို့အသွင်ပြောင်းခဲ့သည်။ ယနေ့ခေတ်ဆူရှီများသည် ယခင်ရှေးဆူရှီများနှင့် ဆင်တူမဟုတ်တော့ချေ။ ယခင်ဆူရှီများမှာ ငါးကိုထမင်းနှင့်အချဉ်ဖောက်ကာ ထမင်းကိုလွှင့်ပစ်ပြီး ငါးကိုသာစားကြသည်။ အနံ့အရသာပြင်းသော Narezushi တစ်မျိုးဖြစ်သည့် Funazushi ကို ဂျပန်နိုင်ငံ Biwa ရေကန် အနီးတွင်ပြုလုပ်ရောင်းချပါသည်။ ထို Funazushi သည် ရှေးဆူရှီများကဲ့သို့ပင် ငါးကိုထမင်းနှင့်အချဉ်ဖောက်ကာ ထမင်းကိုလွှင့်ပစ်ပြီး ငါးကိုသာစားရသောဆူရှီဖြစ်ပေသည်။

တိုကျိုရှိ အချို့စားသောက်ဆိုင်များတွင် ရိုးရာပုံစံအတိုင်း ယခုတိုင် ရောင်းချလျက် ရှိသည်။ ယင်းကို ရေချိုငါးကြင်း၊ ငါးသိုင်းတို့ဖြင့် ပြုလုပ်ကြပြီး နာရိဆူရှီဟု ခေါ်ကြပါသည်။ ၎င်း၏ အနံ့မှာ စူးရှလွန်းပြီး ငါးပါဝင်မှန်း မထင်မရှားရှိကာ ကျင့်ယူရသော အရသာမျိုး ဖြစ်ပါသည်။ ၁၈-ရာစုမရောက်မီ ကျွမ်းကျင်သော စားဖိုမှူး ယိုဟီး Yohei က ဆားစိမ်ငါးနှင့်ပြုလုပ်ခြင်းကို စွန့်လွှတ်ကာ ယနေ့ခေတ်ပုံစံအတိုင်း ပြောင်းလဲစီမံခဲ့ပါသည်။ ယင်းမှာ အလွန်လူကြိုက်များပြီး ကွဲပြားသော ပုံစံနှစ်မျိုး ရှိပါသည်။ Kansai ဒေသ၊ အိုဆာကာမြို့တော်မှ ကန်စာအိ စတိုင်နှင့် တိုကျိုမှ အီဒိုစတိုင်ဟူ၍ ဖြစ်ပါသည်။ အိုဆာကာသည် ဂျပန်နိုင်ငံ၏ စီးပွါးရေးမြို့တော်တစ်ခုဖြစ်လေရာ ဆန်ကုန်သည်ကြီးများသည် ဆူရှီကို ချက်ပြီး ထမင်းနှင့် အခြား ပါဝင်ပစ္စည်းများ ရောကာ စားသုံးရန် အသင့်ဖြစ်သော အလှဆင်ပြီး အထုတ်များအဖြစ် ရောင်းချလာခဲ့သည်။ တိုကျိုမှာမူ ပင်လယ်ကမ်းခြေမြို့ ဖြစ်ပြီး ငါးနှင့် ပင်လယ်သတ္တဝါများ ပေါများခြင်းကြောင့် နိဂါအိဆူရှီကို ထုတ်လုပ်ကြသည်။ ပင်လယ်စာ တစ်ကိုက်စာနှင့် ချက်ပြီးထမင်းကို အချပ်အပြား၌ အစာသွတ်ပုံသွင်းနည်းဖြင့် ပြုလုပ်ဖန်တီးခြင်း ဖြစ်သည်။ Kansai ဒေသမှ ဆူရှီသည် ယနေ့ထက်တိုင် အလွန်လူကြိုက်များသော်လည်း နိဂါအိဆူရှီမူကား နိုင်ငံခြားသားများက ပို၍ အရသာတွေ့ကာ ယဉ်ပါးကြပါသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. If You Knew Sushi. Urban Legend Reference Pages. February 20, 2007
  2. မမကြီး ရေး၊ ဂျပန်ရိုးရာ စားစရာ ဆူရှီ ၊ နှာ-၂၊ ၂၀၁၁-ခုနှစ်၊ ဇန်နဝါရီလ၊