ဆုံးစမဲ့ ကြည့်မှန်

ဝီကီပီးဒီးယား မှ
နံရံအလှဆင်ရန်သုံးသော စဉ်ဆက်သုံး ဆုံးစမဲ့ ကြည့်မှန်

ဆုံးစမဲ့ ကြည့်မှန် (အင်္ဂလိပ်: infinity mirror) သည် နှစ်ခု (သို့) နှစ်ခုထက်ပိုသော ကြည့်မှန်များကို အပြိုင်ဖြစ်စေ အပြိုင်နီးပါးဖြစ်စေ နေရာထားလျှက် ပေါ်လာသော ပုံရိပ်သည် အဆုံးဆမဲ့တစ်နေရာအထိ ပို၍ ပို၍ သေးငယ်သွားသည့်ဟန်ဖြစ်စေရန် ဖန်တီးထားခြင်းဖြစ်သည်။[၁][၂] များသောအားဖြင့် ဆုံးစမဲ့ ကြည့်မှန်၏ အရှေ့မှန်သည် တစ်ပိုင်းငွေရောင်ဖြစ် (တစ်ဖက်ကိုသာမြင်သော မှန်) နေတတ်သော်လည်း ဤအကျိုးသက်ရောက်မှုကို ဖြစ်စေရန်အတွက်တော့ မလိုအပ်ပေ။ အနုပညာလက်ရာပစ္စည်းများတွင် ဤအသွင်မျိုးကို ဒရော့စတာ အထူးပြုချက် (Droste effect) ဟူ၍ ခေါ်တွင်လာခဲ့ကြသည်။ ဆုံးစမဲ့ ကြည့်မှန်များကို ရံဖန်ရံခါတွင် အနုပညာလက်ရာများ (သို့) အခန်းတွင်း အမြင်ပိုင်းဆိုင်ရာ အထူးပြုမှုတစ်ခုကို ထင်ရှားစေရန်အတွက် အသုံးပြုလေ့ရှိသည်။[၃]

ဖော်ပြချက်[ပြင်ဆင်ရန်]

ဆုံးစမဲ့ ကြည့်မှန် မြင်ကွင်းကို မှန်များကြားမှ မြင်ရပုံ။

ယခင်က စံအဖြစ်သုံးကြသော ဆုံးစမဲ့ ကြည့်မှန်ပါသောပစ္စည်းတစ်ခုတွင် မီးသီး၊ အယ်လ်အီးဒီ မီးလုံး (သို့) အခြားမီးထိုးနိုင်သောအရာများကို လုံးဝအလင်းပြန်သော() မှန်၏ အဖျားအနားတစ်လျှောက်တွင် ထားရှိကာ ဒုတိယတစ်ခုဖြစ်သော တစ်ပိုင်းအလင်းပြန် (partially reflective) 'တစ်ဖက်မြင် မှန်' (one-way mirror) ကို ပထမမှန်၏ အရှေ့ ခပ်နီးနီးတွင် အပြိုင်သဘောမျိုးဖြင့် ထားရှိသည်။ အပြင်မှကြည့်သူတစ်ဦးက တစ်ပိုငါးအလင်းပြန်မှန်မျင်နှာပြင်ကို ကြည့်ရှုသောအခါအလင်းသည် ဆုံးစမဲ့စွာ မှောင်ဝင်သွားသည့်အထင်မျိုးပေးသဖြင့် မီးချောင်းများဖြင့် တစ်လျှောက်တပ်ဆင်ဖားသော ဥမင်လိုဏ်ခေါင်းနက်နက်တစ်ခု၏ အသွင်မျိုးထုတ်လုပ်ပေးသည်။[၂]

မှန်များကို အပြိုင်အနေအထား တိတိကျကျမရှိလျှင်နှင့် ယင်းအစား ထောင့်အနည်းငယ်မျှ စောင်းနေလျှင် ယခင်ဆိုထားသော ဥမင်လိုဏ်ခေါင်းအမြင်ပုံစံသည် တစ်ဖက်သို့ အဆင့်ဆင့် အနန္တအထိ စွေသွားမည်ဖြစ်သည်။

နောက်တစ်မျိုးဆိုရလျှင် မှန်များစွာ (နေရာတကျ)တပ်ထားသော အခန်းမျိုး၊ အချို့သော ဓာတ်လှေကားများနှင့် အဝတ်စားလဲခန်းအချို့တို့မှာကဲ့သို့ 'လုံးဝအလင်းပြန်သည့် အပြိုင်ကြည့်မှန် နှစ်ချပ်' ကြား၌ ကြည့်ရှုသူက ရပ်၍ ကြည့်လျှင် အပေါ်၌ ဖော်ပြထားသော မြင်ကွင်းပြုလုပ်ချက်မျိုးကို မြင်နိုင်သည်။[၁] အချို့သော အဆောက်အဦးများရှိ အဝကျဉ်းဖြတ်သန်းရသည့် အခန်း၏ ဖန်နံရံမှာကဲ့သို့ အပြိုင်ရှိနေသော အလင်းပြန်နိုင်သည့် မျက်နှာပြင်နှစ်ခုကြားကို ရပ်၍ကြည့်ပါကလည်း ဤသို့သော အမြင်ပိုင်းဆိုင်ရာ အားပျော့ပျော့အသွင်မျိုးကို ရှုမြင်နိုင်သည်။ တစ်ပိုင်းအလင်းပြန် မှန်များသည် ဤအာရုံခံစားမှုကို ပေးစွမ်းနိုင်ကာ ပတ်ဝန်းကျင်သို့ မှန်မှတစ်ဆင့် မြင်ရသည့်မြင်ကွင်း၏ မြင်ကွင်းအနှောက်အယှက် (visual noise) က အားပျော့စေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Gbur၊ Gregory J. (July 30, 2011)။ Infinity is weird… even in infinity mirrors!။ 2015-06-04 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Arduino-controlled RGB LED Infinity Mirror။ Autodesk, Inc.။ 2015-06-04 တွင် ပြန်စစ်ပြီး။
  3. Grimes၊ William။ "Lights, Mirrors, Instagram! #ArtSensation"၊ The New York Times Company၊ December 1, 2013။ 2015-06-04 တွင် ပြန်စစ်ပြီး