ဆုအိမ့်စံ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဆုအိမ့်စံ
Hsu Eaint San.jpg
ပွဲတက်လာသော ဆုအိမ့်စံ
မွေးဖွားဆုမြတ်သင်း
(1994-03-22) မတ် ၂၂၊ ၁၉၉၄ (အသက် ၂၅)
ဖားကန့်ကချင်ပြည်နယ်
အခြား အမည်များဆုဆု
မိခင်ကျောင်းဒဂုံတက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၅-ယခုထိ
အရပ်၅ ft ၄ in (၁.၆၃ m)
မိဘ(များ)
  • ဦးထွန်းအောင်ကြည် (ဖခင်)
  • ဒေါ်ရင်ရင်သောင်း (မိခင်)

ဆုအိမ့်စံ (၁၉၉၄ ခု၊ မတ်လ ၂၂ ဖွား) သည် မြန်မာ သရုပ်ဆောင်တစ်ဦး ဖြစ်သည်။[၁]

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၉၄ ခု၊ မတ်လ ၂၂ ရက်တွင် ကချင်ပြည်နယ်ဖားကန့်၌ ဦးထွန်းအောင်ကြည်၊ ဒေါ်ရင်ရင်သောင်းတို့မှ မွေးသည်။ ကချင်-ရခိုင် သွေးနှော ဖြစ်သည်။[၂] မွေးချင်း ၅ ယောက်အနက် တတိယမြောက် ဖြစ်သည်။

၂၀၀၇ ခုတွင် မိသားစုလိုက် ရန်ကုန်သို့ ပြောင်းလာရာ အထက(၁) ဒဂုံ ၌ ကျောင်းတက်သည်။ ဒဂုံတက္ကသိုလ်မှ ရုက္ခဗေဒဘာသာကို အဝေးသင်နှင့် သင်ကြားနေသည်။[၃]

အနုပညာ လှုပ်ရှားမှု[ပြင်ဆင်ရန်]

လူမင်းနှင့် တွဲကာ စိတ်နှောင်ကြိုး ဇာတ်ကားကို ၂၀၁၅ ခုတွင် ရိုက်ကူးသည်။[၄]

၂၀၁၆ ခုထွက် ညီထွဋ်ခေါင်၊ သွန်းဆက်တို့နှင့် ပါဝင်သရုပ်ဆောင်သည့် ရွာကိုပြန်ခဲ့ အာလူး ဇာတ်ကားမှာ ဝင်ငွေကောင်းသလို လူသိများမှုလည်း ရစေသည့် ဇာတ်ကားဖြစ်ခဲ့သည်။

ပထမဆုံး ရုံတင်ကားမှာ ၂၀၁၆ ခုတွင် ရုံတင်သော လူမင်းခိုင်သင်းကြည်ယုသန္တာတင်တို့နှင့် တွဲကာ ရာဇာဝင်းကို ရိုက်ကူးသည့် ဖေ့ဘွတ်ရွာ ဇာတ်ကားဖြစ်သည်။

ပါဝင်သော ဇာတ်ကားများ[ပြင်ဆင်ရန်]

ရုံမဝင်ကား[ပြင်ဆင်ရန်]

ခေါင်းစဉ် ဖြန့်ချိနှစ် ဒါရိုက်တာ မှတ်ချက်
စိတ်နှောင်ကြိုး ၂၀၁၅
ရွာကိုပြန်ခဲ့ အာလူး ၂၀၁၆

ရုံတင်ကား[ပြင်ဆင်ရန်]

ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ သရုပ်ဆောင် ထုတ်ဝေသူ မှတ်ချက်
ဖေ့ဘွတ်ရွာ ၂၀၁၆ ရာဇာဝင်းကို လူမင်း

ခိုင်သင်းကြည်

ယုသန္တာတင်

ငါ့အကယ်ဒီမီ ၂၀၁၇
ဖေ့ဘွတ်ရွာ ၂ ၂၀၁၈

ပုဂ္ဂိုလ်ရေးရာ[ပြင်ဆင်ရန်]

ဖေ့ဘွတ်ရွာ ဇာတ်ကား ရိုက်ကူးစဉ် သရုပ်ဆောင် သူရိယနှင့် လူမသိသူမသိ စုံတွဲခုတ်သည်။ ကောလဟာလများ ထွက်ပေါ်ပြီးနောက် ၂၀၁၇ ခု၊ အစောပိုင်းတွင် လူသိရှင်ကြား ဝန်ခံသည်။

ကိုးကား[ပြင်ဆင်ရန်]