ဆုန်းဂန်

ဝီကီပီးဒီးယား မှ
ဆုန်းဂန်
Song Kang
၂၀၁၉ကတွေ့ရစဉ်
မွေးဖွား (1994-04-23) ဧပြီ ၂၃၊ ၁၉၉၄ (အသက် ၂၉)
ဆူဝန်၊ တောင်ကိုရီးယား
ပညာရေးကွန်းခုတက္ကသိုလ်[၁]
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၇ - လက်ရှိ

ဆုန်းဂန် (ဟန်းဂု:송강) သည် တောင်ကိုရီးယား အမျိုးသားသရုပ်ဆောင်တစ်ဦးဖြစ်သည်။ Love AlarmSweet Home ဇာတ်လမ်းတွဲတို့တွင် သရုပ်ဆောင်မှုများကြောင့် ထင်ရှားလာသည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

၂၀၁၇-၂၀၁၈ (သရုပ်ဆောင်ဘဝအစ)[ပြင်ဆင်ရန်]

၂၀၁၇ခုနှစ်တွင် The Liar and His Loverဇာတ်လမ်းတွဲတွင် ဇာတ်ပို့နေရာမှ သရုပ်ဆောင်ခဲ့သည်။[၂]ထိုနှစ်တွင်ပင် Man in the Kitchenဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ခဲ့သည်။[၃] ၂၀၁၈ခုနှစ်တွင် Beautiful Vampireတွင် သရုပ်ဆောင်ခဲ့သည်။

၂၀၁၉-လက်ရှိ[ပြင်ဆင်ရန်]

၂၀၁၉ခုနှစ်တွင် When the devil calls your name ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်တွင်ပင် Netflix မှရိုက်ကူးသော အချစ်နှိုးစက် (Love Alarm) ပထမတွဲတွင် အဓိကသရုပ်ဆောင်နေရာမှ ရိုက်ကူးခဲ့သည်။ ထိုဇာတ်လမ်းတွဲတွင် ချမ်းသာသော မော်ဒယ်ကျောင်းသားနေရာမှ ရိုက်ကူးခဲ့ပြီး ပရိသတ်များ ရရှိလာခဲ့သည်။ ထိုဇာတ်လမ်းတွဲသည်လည်း Netflix၏ ထိပ်တန်းဇာတ်လမ်းတွဲများမှ တစ်ခုဖြစ်လာခဲ့သည်။

၂၀၂၀ပြည့်နှစ်တွင် ကြောက်မက်ဖွယ်အမျိုးအစားဖြစ်သော Sweet Home ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်လမ်းတွဲတွင် မိမိကိုယ်ကို သေကြောင်းကြံရန် ကြိုးစားခဲ့ပြီး ပြဿနာများစွာရှိနေသော ကျောင်းသားနေရာမှ သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်လမ်းသည် ကြောက်မက်ဖွယ်ရာ ဇာတ်ကွက်များ ပါဝင်ခဲ့ပြီး ကမ္ဘာတစ်ဝန်း ကြည့်ရှုသူ ၂၂မီလီယံရှိခဲ့သည်။

၂၀၂၁ခုနှစ်တွင် အချစ်နှိုးစက် (Love Alarm) ဒုတိယတွဲ ထွက်ရှိခဲ့ပြီး Navillera ဟူသော ဇာတ်လမ်းတွဲတွင်လည်း သရုပ်ဆောင်ထားသည်။ ထိုဇာတ်လမ်းတွဲတွင် ဘဲလေးအကသမားနေရာမှ သရုပ်ဆောင်ထားခြင်းဖြစ်သည်။

ရုပ်ရှင်[ပြင်ဆင်ရန်]

ရုပ်ရှင်ဇာတ်ကား[ပြင်ဆင်ရန်]

ခုနှစ် ခေါင်းစဉ် နေရာ
၂၀၁၈ Beautiful Vampire Lee So-nyeon

ရုပ်ရှင်ဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

ခုနှစ် ခေါင်းစဉ် နေရာ ရုပ်သံ
၂၀၁၇ The Liar and His Lover Baek Jin-woo tvN
၂၀၁၇-၂၀၁၈ Man in the Kitchen Kim Woo-joo MBC
၂၀၁၉ Touch Your Heart Deliveryman (အပိုင်း ၁၃) tvN
When the Devil Calls Your Name Luka Aleksević
၂၀၁၉-၂၀၂၁ Love Alarm Hwang Sun-oh Netflix
၂၀၂၀ Sweet Home Cha Hyun-soo
၂၀၂၁ Navillera Lee Chae-rok tvN
Nevertheless Park Jae-woon JTBC
၂၀၂၂ Forecasting Love and Weather လီရှီဝူ

ကိုးကား[ပြင်ဆင်ရန်]

  1. Jeon၊ Hyo-jin (April 8, 2017)။ [루키인터뷰: 얘 어때?② 송강, 수많은 아이돌 캐스팅 뿌리치고 배우가 된 이유] (in ko)။
  2. Jung၊ Ji-won (March 19, 2017)။ '그거너사' 조이, 사랑의 큐피트 변신…상큼미 가득 (in ko)။ The Chosun Ilbo။
  3. Jung၊ An-ji (August 24, 2018)။ 송강 "'밥상 차리는 남자' 우주 역, 정말 잘 해내고 싶다" [화보] (in ko)။ The Chosun Ilbo။