ဆီလီကွန် ပါဝါ

ဝီကီပီးဒီးယား မှ
Silicon Power Computer & Communications Inc.
廣穎電通股份有限公司
အမျိုးအစားPublic company
လုပ်ငန်းInformation technology, storage devices, electronics
ဌာနချုပ်Taipei, Taiwan
ထုတ်ကုန်ပစ္စည်း
Solid state drives
USB flash drives
Flash memory cards
Portable hard drives
DRAM modules
Card readers
USB 3.0 adapters
Industrial products
ဝင်ငွေUS$၄.၃၄ billion (2022)
အလုပ်သမားဦးရေ500–1000
ဝက်ဘ်ဆိုက်silicon-power.com

Silicon Power Computer & Communications Incorporated (“Silicon Power” သို့မဟုတ် “SP” ဟု အသိများကြ) သည် ထိုင်ဝမ်နိုင်ငံတွင် အခြေစိုက်သည့် Flash Memory Card, USB Flash Drive နှင့် သယ်ဆောင်ရလွယ်သည့် Hard Drive, DRAM Module, Card Reader နှင့် SSD (Solid State Drive), USB Adapter နှင့် အခြားသော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

Silicon Power Touch T02
2015 Dysk SSD Silicon Power 60 GB (02)

Silicon Power သည် ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေများ Neihu တွင် ရုံးချုပ်တည်ရှိသည်။ ၂၀၀၃ ခုတွင် တည်ထောင်ခဲ့သည်။ Silicon Power သည် ဒီဂျစ်တယ်မှတ်ဉာဏ်ပစ္စည်းများ (Digital Memory) များကို ထုတ်လုပ်သည်။

ကော်ပိုရေးရှင်း၏ အချက်အလက်များ[ပြင်ဆင်ရန်]

Silicon Power သည် ဂျပန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ Balkan, ရုရှ၊ အိန္ဒိယ၊ တရုတ်၊ အမေရိကန်နိုင်ငံတို့တွင် ရုံးများဖွင့်လှစ်ထားရှိသည်။ ၂၀၁၂ ခုနှစ်တွင် Silicon Power သည် Taipei Exchange တွင် အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။[၁]

၂၀၁၀ ခုနှစ် Common Wealth မဂ္ဂဇင်း၏ စစ်တမ်းအရ Silicon Power သည် ထိုင်ဝမ်နိုင်ငံ၏ အလျှင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်လာသည့် ထုတ်လုပ်ရေးလုပ်ငန်း ၁၀၀၀ တွင် အဆင့် ၁၁ နေရာတွင် ရပ်တည်ခဲ့သည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductor) လုပ်ငန်းများတွင်လည်း ဤရပ်တည်ချက်သည့် ပထမဆုံး ဖြစ်ခဲ့သည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Silicon Power ကို ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့၊ Neihu တွင် တည်ထောင်ခဲ့သည်။ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်ကြားကာလများတွင် နယ်သာလန်နှင့် ဂျပန်နိုင်ငံတို့တွင် ရုံးခွဲများကို ဖွင့်လှစ်ခဲ့သည်။[၃]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. SILICON POWER COMPUTER & COMMUN (4973.TWO) Stock Price, Quote, History & News
  2. Create the Most Valuable Memory။ 11 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2011 တွင် ပြန်စစ်ပြီး။
  3. SILICON POWER COMPUTER & COMMUN (4973.TWO) Stock Price, Quote, History & News – Yahoo Finance (in en-US)။ 13 May 2020 တွင် ပြန်စစ်ပြီး။