ဆီယာ
ဆီယာ | |
---|---|
၂၀၀၆ ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံ | |
ဇာတိ အမည် | Sia |
မွေးဖွား | ဆီယာ ကိတ် အစ်ဆိုဘယ်လ် ဖားလား အင်္ဂလိပ်: Sia Kate Isobelle Furler) ၁၈ ဒီဇင်ဘာ၊ ၁၉၇၅ အက်ဒလိတ်မြို့၊ ဩစတြေးလျနိုင်ငံတောင်ပိုင်း |
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၉၅ – လက်ရှိ |
အိမ်ထောင်ဖက်(များ) | Erik Anders Lang (လက်ထပ် 2014; ကွာရှင်း 2016) Dan Bernad (လက်ထပ် 2023) |
သားသမီး | ၂ |
ရရှိသည့်ဆုများ | စာရင်းအပြည့်အစုံကြည့်ရန် |
ဂီတခရီးလမ်း | |
ဂီတဟန် | |
တေးသံသွင်း ကုမ္ပဏီ | |
ဝက်ဘ်ဆိုက် | siamusic.net |
လက်မှတ် | |
ဆီယာ ကိတ် အစ်ဆိုဘယ်လ် ဖားလား (အင်္ဂလိပ်: Sia Kate Isobelle Furler; ၁၈ ဒီဇင်ဘာ ၁၉၇၅ ဖွား)[၂] သည် ဩစတြေးလျနွယ်ဖွား အမျိုးသမီး အဆိုတော်တစ်ဦးဖြစ်ပြီး ဆီယာ (အင်္ဂလိပ်: Sia) ဟူသော ရိုးရိုးရှင်းရှင်းအမည်ပြောင်ဖြင့် လူသိများသည်။ သူမသည် အက်ဒလိတ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။ သူမသည် "Clap Your Hands" ၊ "Chandelier" ၊ "Cheap Thrills" ၊ "Unstoppable" ၊ Flo Rida နှင့်တွဲဖက်၍ "Wild Ones" ၊ ပြင်သစ် ဒီဂျေသမား David Guetta နှင့်တွဲဖက်၍ "Titanium" စသည့် သီချင်းများဖြင့် လူသိများသည်။ ၎င်းတို့ထဲမှ နောက်ဆုံးထွက်ရှိခဲ့သော သီချင်း သုံးပုဒ်သည် ကမ္ဘာတစ်ဝန်းလုံး၏ ထိပ်တန်းသီချင်းဆယ်ပုဒ်စာရင်းဝင်ခဲ့သည်။
မိသားစု
[ပြင်ဆင်ရန်]ဆီယာ သည် လိင်တူရော လိင်ကွဲပါ စိတ်ဝင်စားသူဖြစ်သည်။[၃] သူမသည် ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် Erik Anders Lang နှင့် လက်ထပ်ခဲ့သည်။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် လမ်းခွဲကြောင်းကြေညာခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဆီယာ သည် မွေးစားစောင့်ရှောက်မှုစနစ်မှ ကြီးပြင်းလာသည့် ယောက်ျားလေးနှစ်ဦးကို မွေးစားခဲ့ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။[၄]
ကျန်းမာရေး
[ပြင်ဆင်ရန်]သူမသည် စိတ်နှစ်ခွဖြစ်တတ်သော စိတ်ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။[၅]
အလုပ်များ
[ပြင်ဆင်ရန်]ဆီယာ သည် ရီဟာနား ၏ Unapologetic ဟုအမည်ရသည့် ၂၀၁၂ ခုနှစ်ထွက် တေးအယ်လ်ဘမ်ထဲတွင် ပါဝင်သော "Diamonds" တေးသီချင်းကို ပူးတွဲရေးသားခဲ့သည်။[၆] သူမသည် Knowles နှင့် ထုတ်လုပ်သူ Ammo တို့နှင့်အတူ Beyoncé ၏ ပဉ္စမမြောက် တေးအယ်လ်ဘမ် Beyoncé (2013) ၏ ပထမဆုံးသီချင်း "Pretty Hurts" ကို ပူးတွဲရေးသားခဲ့သည်။
၂၀၁၈ ခုနှစ်ထွက် အန်နီမေးရှင်းရုပ်ရှင်ဖြစ်သော Peter Rabbit ရုပ်ရှင်ကားတွင် ဆီယာ သည် ဇာတ်ကောင် မစ္စ Tiggy-Winkle အဖြစ် အသံနှင့်သရုပ်ဆောင်ခဲ့သည်။
သူမသည် ၂၀၂၁ ခုနှစ်တွင် သူမကိုယ်တိုင် တွဲဖက်ရေးသားပြီး စီစဉ်ရိုက်ကူးခဲ့သော ဂီတ ရုပ်ရှင်ကို ထုတ်ဝေခဲ့သည်။ သူမသည် ၎င်း၏ ဇာတ်ဝင်တေး ဆယ်ပုဒ်ကို ကိုယ်တိုင် ရေးခဲ့သည်။[၇]
အယ်လ်ဘမ်များ
[ပြင်ဆင်ရန်]- Healing Is Difficult (2001)
- Colour the Small One (2004)
- Some People Have Real Problems (2008)
- We Are Born (2010)
- 1000 Forms of Fear (2014)
- This Is Acting (2016)
- Everyday Is Christmas (2017)
- Music – Songs from and Inspired by the Motion Picture (2021)
- Reasonable Woman (2024)
ကိုးကား
[ပြင်ဆင်ရန်]- ↑ Leahey၊ Andrew။ Sia Biography။ 11 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Sia - Music Biography, Credits, Discography။ Allmusic.com။ 13 February 2013 တွင် ပြန်စစ်ပြီး။
- ↑ Sia Furler: The Same Same 25, the 25 Most Influential Gay and Lesbian Australians။ samesame.com.au (2009)။ 24 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 September 2016 တွင် ပြန်စစ်ပြီး။
- ↑ Sia confirms she adopted two teenage sons that were 'aging out of the foster care system'။ USA TODAY။ 2020-06-27 တွင် ပြန်စစ်ပြီး။
- ↑ Sia says bipolar disorder is the result of smoking too much marijuana
- ↑ Si Performed Rihanna's 'Diamonds' and We Are LIVING For It!။ MTV.com။ 22 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 February 2013 တွင် ပြန်စစ်ပြီး။
- ↑ Shaffer၊ Claire (2020-05-20)။ Sia Premieres 'Together' From Her Upcoming Album and Film, 'Music' (in en-US)။ 2020-06-27 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]Commons မှ မီဒီယာများ | |
ဝီကီကိုးကားချက်မှ အဆိုအမိန့်များ | |
ဝီကီဒေတာမှ ဒေတာများ |
- တရားဝင် ဝက်ဘ်ဆိုဒ်
- အိုင်အမ်ဒီဘီပေါ်ရှိ ဆီယာ