မာတိကာသို့ ခုန်သွားရန်

ဆိုဆောနို

ဝီကီပီးဒီးယား မှ

ဆိုဆောနို (အင်္ဂလိပ်: So Seo-no; 召西奴, 67 – 6 BCE) သည် ကိုကူလျော တည်ထောင်သူ ဂျူမုံမင်း၏ မိဖုရားဖြစ်သည်။ သူမသည် ကိုကူလျောနှင့် ဘက်ကျဲတည်ထောင်ရာတွင် အဓိကပါဝင်သူဖြစ်သည်။

ပေက်ကျဲ (ဘက်ကျဲ) နှင့် ကိုကူလျောနယ် မြေပုံ

နှစ်နိုင်ငံတည်ထောင်ခြင်း

[ပြင်ဆင်ရန်]

ဆိုဆောနိုသည် ယောင်ထာဘား ကုန်အဖွဲ့မှူးနှင့် ဂယ်လုရွာအဖွဲ့မှူး၏ သမီးဖြစ်သည်။ ဂျူမုံနယ်စားလေးနှင့် ရည်ငံခဲ့ပြီး နယ်စားလေး အိမ်နိမ့်စံပြီးပျောက်ဆုံးနေချိန်တွင် အခြေအနေအရ ဝူတေးနှင့် လက်ထပ်ခဲ့သည်။ ဂျူမုံမင်းသား ကိုကူလျောနယ် စတင်တည်ထောင်ချိန်တွင် မိဖုရားကြီးအဖြစ် နန်းတက်ခဲ့သည်။

မင်းသား၏မိဖုရား ရယ်ဆိုရာသည် သေဆုံးပြီဟုထင်မှတ်ရာမှ သားတော်ယူရီနှင့် အတူ ပြန်လည်လာပြီးနောက် ဆိုဆောနိုသည် ၎င်း၏အရာကို ရယ်ဆိုရာအားပေးကာ သားတော်နှစ်ပါးနှင့်အတူ ဂိုဂူလျောမှ ထွက်လာသည်။ ထို့နောက် ဘက်ကျဲတိုင်းပြည်ကို တည်ထောင်ခဲ့သည်။

သေဆုံးခြင်း

[ပြင်ဆင်ရန်]

ဆိုဆောနိုသည် သူ၏ ဒုတိယသားတော် အွန်းဂျို ဘတ်ဂျယ်နယ်၏ ပထမဆုံး ဘုရင်ဖြစ်ပြီးနောက် အသက် ၆၁ နှစ်၊ ဘီစီ ၆ ရာစုတွင် ကွယ်လွန်ခဲ့သည်။[၁]

ရိုက်ကူးခြင်း

[ပြင်ဆင်ရန်]
  • ၂၀၀၆-၂၀၀၇ တွင် ဟန်ဟေးဂျင်မှ ရာဇဝင်တွင်မဲ့သူရဲကောင်း ဇာတ်လမ်း၌ သရုပ်ဆောင်ခဲ့သည်။
  • ၂၀၁၀-၂၀၁၁ တွင် ဂျွန်အေးရီမှ ဘုရင်တစ်ပါး၏ ဒဏ္ဍရီ ဇာတ်လမ်း၌ သရုပ်ဆောင်ခဲ့သည်။

မှတ်စုများ

[ပြင်ဆင်ရန်]
  1. ↑ Doosan Encyclopedia Online 9 December 2012 ၌ at Archive.isတွင် မော်ကွန်းတင်ပြီး (ကိုရီးယား)

ကိုးကား

[ပြင်ဆင်ရန်]
  • Kim Bu-sik: Samguk Sagi, volume 23, "Annals of Baekje," chapter 1; King Onjo.