မာတိကာသို့ ခုန်သွားရန်

ဆိုင်မွန်ကော်မစ်ရှင်

ဝီကီပီးဒီးယား မှ

ဆိုင်မွန် ကော်မရှင်ဟုလည်းသိကြသော အိန္ဒိယဥပဒေရေးရာကော်မရှင်သည် ဥက္ကဋ္ဌအဖြစ် ဆာ ဂျွန် ဆိုင်မွန်(Sir John Simon)ဦးစီး၍ ပါလီမန်အမတ် ခုနစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဆိုင်မွန်ကော်မရှင်သည် ဗြိတိန်နိုင်ငံ၏ အကြီးဆုံးနှင့် အရေးအပါဆုံး ပိုင်ဆိုင်မှုတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုကို [] လေ့လာရန် ၁၉၂၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ၎င်းအဖွဲ့ဝင်များအနက် တစ်ဦးမှာ အိန္ဒိယနိုင်ငံအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေရန် ကတိပြုခဲ့သည့် အနာဂတ်အလုပ်သမားပါတီခေါင်းဆောင်

ကလီးမန့် အက်တလီပင်ဖြစ်သည်။


၁၉၁၉ ခုနှစ်၌ မွန်တဂူ-ခမ်းစ်ဖော့ဒ် ပြုပြင်ပြောင်းလဲရေး ကို စတင်မိတ်ဆက်ချိန်တွင်၊ ဗြိတိသျှအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၏ အကျိုးသက်ရောက်မှုနှင့် လုပ်ဆောင်မှုများကို ဆန်းစစ်ရန်နှင့် အိန္ဒိယ အတွက် ပြုပြင်ပြောင်းလဲမှုအသစ်များကို အကြံပြု‌ပေးရန် ဆယ်နှစ်အကြာတွင် ကော်မစ်ရှင်တစ်ရပ်ကို အိန္ဒိယသို့ စေလွှတ်မည်ဟု ကြေညာခဲ့သည်။ []


၁၉၂၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဗြိတိသျှအစိုးရသည် ကတိပြုထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မိတ်ဆက်ရန်အတွက်နှင့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တိုးတက်မှုများကို အစီရင်ခံရန် ဆိုင်မွန်ကော်မစ်ရှင်ကို သတ်မှတ်ထားသည့် အချိန်ဇယားထက် ၂နှစ်စော၍ ခန့်အပ်ခဲ့သည်။

၎င်းကော်မစ်ရှင်ကို အိန္ဒိယလူမျိုးများမှ ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ နေရူးဂန္ဒီဂျင်နာမွတ်ဆလင်အဖွဲ့ချုပ် နှင့် အိန္ဒိယအမျိုးသားကွန်ဂရက် တို့အပါအဝင် အိန္ဒိယလူမျိုးများမပါဝင်သည့် ဗြိတိသျှပါလီမန် ကပါ ၎င်းကို ဆန့်ကျင်ခဲ့သည်။ သို့သော်လည်း ၎င်းကို ဒေါက်တာ ဘင်ရောင်း ရမ်ဂျီ အမ်ဘီကယ်ပီရီယာ အီဗွီ ရာမစာမီ နှင့် ချောင်ဒရီ ချိုတူး ရမ် တို့မှ ပံ့ပိုးပေးခဲ့ပါသည်။ []


ထင်ရှားသည့် အိန္ဒိယအမျိုးသားရေးဝါဒီစာရေးဆရာလာလာ လာ့ခ်ျပတ် ရိုင်း သည် လာဟိုးမြို့ ၌ ဆန္ဒပြပွဲတစ်ခုကို ဦးဆောင်ခဲ့သည်။ သူသည် ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ထိုးကြိတ်မှုကို ခံခဲ့ရပြီး ၎င်းမှဒဏ်ရာများဖြင့် ၁၉၂၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။

  1. Simon Report | Making Britain 6 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
  2. India and the Simon Report။ 2017။ p. 11။[လင့်ခ်သေ]
  3. Dr. Ambedkar and Simon Commission – Evidence of Dr. Ambedkar before the Indian Statutory Commission - Velivada - Educate, Agitate, Organize (3 September 2019)။