ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ

ဝီကီပီးဒီးယား မှ
ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ
ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး)
အပူပိုင်း မုန်တိုင်း (JTWC စကေး)
Cyclone Roanu at peak intensity, approaching Bangladesh on 21 May
ဖြစ်ပေါ်ခြင်း19 May 2016
ကွယ်ပျောက်ခြင်း23 May 2016
(Remnant low after 22 May)
အမြင့်ဆုံးလေတိုက်နှုန်း3-minute sustained: တစ်နာရီ ၈၅ ကီလိုမီတာနှုန်း (တစ်နာရီ ၅၀ မိုင်နှုန်း)
1-minute sustained: ၁၁၀ ကီလိုမီတာနှုန်း (တစ်နာရီ ၇၀ မိုင်နှုန်း)
အနိမ့်ဆုံး လေဖိအား၉၈၃ mbar (hPa)၊ ၂၉.၀၃ inHg
အသေအပျောက်135 total, 99 missing
ပျက်စီးမှု$2.13 ဘီလီယံ (2016 USD)
သက်ရောက်သည့် ဧရိယာSri Lanka, East coast of India, Bangladesh, Myanmar, Yunnan
2016 North Indian Ocean cyclone season ၏ အစိတ်အပိုင်း

ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ သည် ၂၀၁၆ ခုနှစ်၊ မေလတွင် သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် တိုက်ခတ်ခဲ့သည့် အားပျော့သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ကာ ၎င်းကြောင့် ရေလွှမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ဤဆိုင်ကလုန်းမုန်တိုင်းသည် ထိုနှစ်၏ မုန်တိုင်းရာသီတွင် ပထမဆုံးတိုက်ခတ်ခဲ့သည့် မုန်တိုင်းဖြစ်သည်။ ရူနူမုန်တိုင်းသည် သီရိလင်္ကာနိုင်ငံတောင်ဘက်ပိုင်းတွင် လေဖိအားနည်းဧရိယာတစ်ခုဖြစ်ပေါ်လာပြီး စတင်ခဲ့သည်။ ၎င်းသည် တဖြည်းဖြည်း မြောက်ဘက်သို့ ရွေ့လျားကာ မေလ ၁၉ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းတစ်ခုအဖြစ် အင်အားကြီးထွားခဲ့သည်။ သို့သော်လည်း လေတိုက်နှုန်းနှင့် ကုန်းမြေအပေါ်သက်ရောက်မှုသည် အတန်ငယ် အားပျော့လျက်ရှိသည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဆီသို့ ရွေ့လျားသည့်အခါတွင် အရှိန်ဖြင့် အင်အားကြီးသွားခဲ့သည်။[၁]

မုန်တိုင်းကြောင့် သေဆုံးသူသည် သီရိလင်္ကာတွင် ၂၀၁ ဦးရှိပြီး ဘင်္ဂလားဒေ့တွင် ၂၆ ဦး ရှိခဲ့သည်။ ပျက်စီးမှုတန်ကြေးသည် သီရိလင်္ကာ၌ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရှိခဲ့သည်။ ရူနူမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်များဖြစ်သည့် တမီနဒု၊ အန်ဒရာပရာဒေ့၊ ကီရာလာနှင့် ဩရိဿ စသည့်ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကို ဖြစ်စေခဲ့ပြီး ကမ်းရိုးတန်းနှင့် နီးကပ်သည့် အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားသည်။

မိုးလေဝသသမိုင်းမှတ်တမ်း[ပြင်ဆင်ရန်]

ပြင်ဆင်မှုနှင့် သက်ရောက်မှု[ပြင်ဆင်ရန်]

သီရိလင်္ကာ[ပြင်ဆင်ရန်]

The precursor to Cyclone Roanu over Sri Lanka on 15 May.

IMD သည် လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် မသတ်မှတ်မီကပင် သီရိလင်္ကာ၌ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ခဲ့သည်။ လေဖိအားနည်းဧရိယာသည် နိုင်ငံသို့ နီးကပ်လာသည့်အခါတွင် သီရိလင်္ကာမိုးလေဝသဌာနသည် မေလ ၁၃ ရက်နေ့၌ မုန်တိုင်းသည် နိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်မည်ဟု ကြေညာခဲ့သည်။[၂] ငါးဖမ်းသမားများကို နိုးနိုးကြားကြားရှိကြရန် အကြံပေးခဲ့ကြသည်။ နိုင်ငံတော်အဆောက်အဦသုတေသနအဖွဲ့ (NBRO) သည် Badulla, Monaragala, Kandy, Ratnapura, Kurunegala, Nuwara Eliya, Kegalle နှင့် Matale စသည့်မြို့များသည် မုန်တိုင်းသည် ဖြတ်ကျော်ဝင်ရောက်မည်ဟု ထုတ်ပြန်ခဲ့သည်။[၃] သမ္မတ Maithripala Sirisena က မုန်တိုင်းတိုက်ခိုက်မှုကြောင့် ဖြစ်လာမည့် သက်ရောက်မှုများအတွက် ကယ်ဆယ်ရေးများ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီး၊ ကာကွယ်ရေးအတွင်းဝန်၊ Tri Forces' Commanders များနှင့် ရဲထောက်လှမ်းရေးအရာရှိချုပ်တို့သည် ကယ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ညွှန်ကြားမှုများ လုပ်ဆောင်ခဲ့သည်။[၄]

သီရိလင်္ကာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ (DMC) သည် မေလ ၁၆ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံအတွင်းတွင် မိုးသန်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်မည်ဖြစ်၍ ရေလွှမ်းမှုများ ဖြစ်ပေါ်မည်ဟု ထုတ်ပြန်ခဲ့သည်။ ကီလာနီမြစ်နှင့် မဟာအိုယမြစ်တို့သည်လည်း မိုးရွာသွန်းသည့်အတွက် မြစ်ရေများ မြင့်တက်ခဲ့သည်။[၅] လေဖိအားနည်းရပ်ဝန်းသည် ကြမ်းတမ်းသည့် မိုးရွာသွန်းမှုများကို သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပေါ်စေခဲ့ကာ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုမှုများကို ဖြစ်စေခဲ့သည်။ ထို့အတွက် လူပေါင်း ၃၇ ဦး သေဆုံးခဲ့သည်။ ထို့အပြင် မုန်တိုင်ကြောင့် လူပေါင်း ၁၃၄၀၀၀ ဦးကျော်သည် နေရာပြောင်းရွှေ့ခဲ့ရသည်။[၆] မေလ ၂၆ ရက်နေ့တွင် လူသေဆုံးမှု စုစုပေါင်းသည် တိုးမြင့်လာကာ ၁၀၄ ဦးအထိ ရှိခဲ့ပြီး ၉၉ ဦးသည် ပျောက်ဆုံးနေခဲ့သည်။[၇] သီရိလင်္ကာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာက နိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်ကတည်းက အမြင့်ဆုံး မိုးရေချိန်သို့ ရောက်ရှိခဲ့သည်ဟု ဆိုခဲ့သည်။ မြေပြိုမှုကြောင့် ကီဂယ်လီခရိုင် (Kegalle) တွင် ရွာသုံးရွာ နစ်မြုပ်ခဲ့သည်။[၈]

သီရိလင်္ကာနိုင်ငံတဝှမ်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရှိခဲ့သည်။[၇]

အိန္ဒိယ[ပြင်ဆင်ရန်]

ချင်းနိုင်နှင့် တမီနဒုတို့တွင် ၂၄ နာရီအတွင်း၌ မိုးရေချန်သည် ၉၃ မီလီမီတာ (၃.၇ လက်မ) နှင့် ၁၁၆.၀ မီလီမီတာ(၄.၅၇ လက်မ) ရှိခဲ့သည်။[၉] ချင်းနိုင်မြို့နယ်ရှိ ကီလမ်ဘက်ကမ်တွင် မေလ ၁၉ ရက်နေ့၌ မိုးရေချိန်သည် ၂၂၆ မီလီမီတာ ရှိခဲ့သည်။[၁၀] နောက်ပိုင်း ဖော်ပြချက်များအရ မြို့ရှိ မေလမိုးရေချိန်သည် ဆယ်စုနှစ်နှစ်ခုစာအတွင်းတွင် အမြင့်ဆုံး ဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။[၁၁] အမှုထမ်း ၁၂၀၀၀ သည် မြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ လှေများစွာတို့သည် မြို့တွင် အရေးပေါ် ကူညီကယ်ဆယ်မှုမျာ လုပ်နိုင်ရန် ထားရှိခဲ့သည်။ မြေနိမ့်ပိုင်းဒေသများတွင် အမျိုးသားသဘဝဘေးအန္တရာယ်ကာကွယ်ရေးအင်အားစုသည် ဝန်ထမ်းအသင်းဖွဲ့ လေးခုကို ထားရှိခဲ့သည်။ ထို့အပြင် အရေးပေါ်ဖုန်းနံပါတ် ၁၀၇၀ ကိုလည်း ထားရှိခဲ့သည်။[၁၂] IMD သည် မေလ ၁၉ ရက်နေ့တွင် အန်ဒရာပရာဒေ့နှင့် ဩရိဿ စသည့်ပြည်နယ်နှစ်ခုကို ဒုတိယအမြင့်ဆုံး အသိပေးချက်အဖြစ် လိမ္မော်ရောင်ဆင့်သတ်မှတ်ခဲ့သည်။ ကကိနာဒါမြို့ (Kakinada) တွင် မိုးရေချန်သည် တစ်နေ့တည်းတွင် ၁၇၄ မီလီမီတာ ရှိခဲ့ပြီး လွန်ခဲ့သည့် ၁၀ နှစ်အတွင်းတွင် အမြင့်ဆုံး ဖြစ်ခဲ့သည်။ ဘပတ်လာမြို့ (Bapatla) တွင် မိုးရေချိန်သည် ၁၃၄ မီလီမီတာ (၅.၃ လက်မ) ရှိခဲ့သည်။ Visakhapatnam ခရိုင်, Vizianagaram ခရိုင်နှင့် Srikakulam ခရိုင်တို့တွင် မိုးရွာသွန်းမှုများ ရှိခဲ့ကာ မိုးရေချန်သည် မေလ ၂၁ ရက်နေ့တွင် ၂၁၀ မီလီမီတာ (၈.၃ လက်မ) ရှိခဲ့သည်။[၁၃] အန်ဒရာပရာဒေ့ဝန်ကြီးချုပ် N. Chandrababu Naidu သည် Krishna, East Godavari နှင့်Visakhapatnam ခရိုင်တို့တွင် အဖွဲ့ ၅ ခုကို ထားရှိခဲ့သည်။ အဖွဲ့တစ်ခုချင်းစီတွင် အဖွဲ့ဝင် ၁၀၀ ပါဝင်သည်။[၁၄]

မုန်တိုင်းအရှိန်ကြောင့် ဩရိဿပြည်နယ်ရှိ နေရာများစွာတို့တွင် မိုးရေချိန်သည် အသင့်အတင့်မှသည် မိုးကြီးသည်အထိ ရွာသွန်းခဲ့သည်။ Paradip တွင် မိုးရေချိန်သည် ၉၆ မီလီမီတာ (၃.၈ လက်မ) ရှိခဲ့ပြီး Puri တွင် မိုးရေချိန်သည် ၈၅ မီလီမီတာ (၃.၃ လက်မ) ရှိခဲ့သည်။ ဩရိဿပြည်နယ်၏ ဝန်ကြီးချုပ် Naveen Patnaik သည် ဩရိဿပြည်နယ်သဘာဝဘေးအန္တရာယ်ဆောင်ရွက်ရေးအင်အားစု၏ အသင်း ၁၀ ခုနှင့် မီးသတ်ဝန်ဆောင်မှု ဝန်ထမ်းများကို အလျှင်အမြန် လုပ်ဆောင်ခဲ့သည်။ ဩရိဿပြည်နယ်အစိုးရသည် ပြည်နယ်၏ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ဒေသများဖြစ်ကြသည့် ကမ်းရိုးတန်းရှိ ခရိုင် ၁၂ ခုတို့တွင် အသိပေးကြေညာမှုများ လုပ်ဆောင်ခဲ့သည်။ မေလ ၂၀ ရက်နေ့တွင် Bhubaneshwar ၏ မေလရှိ ပျှမ်းမျှအမြင့်ဆုံး အပူချိန်သည် 26.2 °C (79.2 °F) ရှိခဲ့သည်။[၁၅] ဘင်္ဂလားအနောက်ပိုင်း Digha မြို့တွင် မိုးရေချိန်သည် ၇၃ မီလီမီတာ (၂.၉ လက်မ) နှင့် ဆဂါးကျွန်း (Sagar) တွင် ဆိုင်ကလုန်းသည် နီးကပ်သည့်အတွက် မိုးရေချိန်သည် ၉၆ မီလီမီတာ (၃.၈ လက်မ) ရှိခဲ့သည်။[၁၆][၁၇]

ဘင်္ဂလားဒေ့ရှ်[ပြင်ဆင်ရန်]

ဘင်္ဂလားဒေ့ကုန်းမြေသို့ ဝင်လုခါနီးအချိန်ကို ရေဆွဲထားသည့် ရုပ်ရှင်ပုံရိပ်တစ်ခု

ဆိုင်ကလုန်းသည် ကုန်းမြေသို့ မဝင်ရောက်မီကပင် လူဦးရေ သန်းဝက်ကျော်သည် အစိုးရက စီစဉ်ထားသည့် သဘာဝဘေးအန္တရာယ်ခိုလုံရာနေရာများသို့ ပြောင်းရွှေ့ခဲ့ကြသည်။[၁၈] Shah Amanat နိုင်ငံတကာလေဆိပ်ရှိ လေယာဉ်ခရီးစဉ်များအားလုံးကို ရပ်ဆိုင်းခဲ့သည်။ ဘင်္ဂလားဒေ့ရေကြောင်းသွားလာရေးအာဏာပိုင်ကလည်း သင်္ဘောများနှင့် ဖယ်ရီလှေများသွားလာမှုကို ကန့်သတ်ခဲ့သည်။[၁၉]

နေ့လယ်ပိုင်း၌ မုန်တိုင်းသည် ဘင်္ဂလားဒေ့သို့ ဝင်ရောက်သည့်အခါတွင် မုန်တိုင်းကြောင့်ဖြစ်လာသည့် ကမ်းရိုးတန်းသို့ရိုက်ခတ်သည့် လှိုင်းလုံးများသည် ၇ ပေ (၂.၀ မီတာ) အထိ ရှိခဲ့သည်။[၁၉] ဆိုင်ကလုန်းသည် Sandwip, Hatia, Kutubdia, Sitakundu နှင့် Feni စသည့်ဒေသများ၏ ကမ်းခြေများသို့ ဝင်ရောက်ခဲ့သည်။[၂၀] မုန်တိုင်းတိုက်ခတ်မှုကြောင့်နိုင်ငံရှိ ခရိုင် ၇ ခုတို့၌ သေဆုံးသူ ၂၆ ဦး ရှိခဲ့သည်။[၂၁] မုန်တိုင်းသည် နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့်အခါတွင် သေဆုံးသူသည် ၃၀ ဦး ရှိခဲ့ကာ ၎င်းတို့ထဲမှ အများစုသည် ဆိုင်ကလုန်း၏ တိုက်ခတ်မှုဖြင့် ဖြစ်လာသည့် လှိုင်းလုံးများသည် တာမမံများကို ကျော်လွန်ခဲ့သည့်အတွက် သေဆုံးခဲ့ခြင်းဖြစ်သည်။[၂၂] လူနေအိမ် ၄၀၀၀၀ လုံးခန့်မှင့် လုပ်ငန်းအဆောက်အဦးများစွာတို့သည် ပျက်စီးခဲ့ရသည်။[၂၃]

မုန်တိုင်းကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ခြင်းနှင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။[၂၄] အစားအသောက်များ သိုလှောင်ခြင်း၊ ရာသီသီးနှံများသည်လည်း ပျက်စီးခဲ့ရသည်။ ငါးများနှင့် ပုဇွန်များ‌ မွေးမြူသည့်လုပ်ငန်းများအပါဝင် အိမ်မွေးတိရစ္ဆာန်များသည်လည်း ပျက်စီးခဲ့ရသည်။[၂၅] မုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှုသည် ৳ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၇ မီလီယံ) ရှိခဲ့သည်။[၂၆]

ဖြစ်ပွားပြီးနောက်[ပြင်ဆင်ရန်]

သီရိလင်္ကာ[ပြင်ဆင်ရန်]

မုန်တိုင်းတိုက်ခတ်ပြီး မကြာမီပင် မေလ ၁၈ ရက်နေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ခဲ့သည်။ သီရိလင်္ကာစစ်တပ်သည် ဖြစ်ပွားခဲ့သည့်နေရာများတွင် ပျောက်ဆုံးနေသူများကို ရှာဖွေခဲ့သည်။ စစ်သား ၁၁၅ ဦးတို့သည် မြေပြိုမှုကြောင့် နစ်မြုပ်သွားသည့်ရွာများတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် လုပ်ဆောင်ခဲ့သည်။[၂၇] အပြင်းထန်ဆုံးထိခိုက်ခဲ့သည့် ဒေသဖြစ်သည့် Kegalle ခရိုင်တွင် လူအနည်းဆုံး ၅၀ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ မေလ ၁၉ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်နားခဲ့ရသည်။ အချို့ရွာများတွင် ရွံ့နွံများသည် အမြင့် ၇၅ ပေ (၂၃ မီတာ) အထိ ရှိနေသည်။[၂၈] ကယ်ဆယ်ရေးလုပ်ငန်းများတွင် တာဝန်ရှိသူဖြစ်သည့် ဗိုလ်ချုပ်ကြီး Sudantha Ranasinghe က နောက်ပိုင်းတွင် အာဏာပိုင်များကို ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်ရန် ပြောခဲ့သည်။ စုစုပေါင်းသေဆုံးမှုသည် ၅၈ ဦးရှိသည်ဟု အတည်ပြုခဲ့ရသည်။[၂၉] မေလ ၁၉ ရက်နေ့ညနေပိုင်းတွင် ကယ်ဆယ်ရေးသများများက ပျောက်ဆုံးနေသည့် လူ ၁၃၄ ဦးသည် သေဆုံးနေသည်ကို စိုးရွံ့ဖွယ်တွေ့ရှိခဲံကြသည်။ [၃၀]မေလ ၂၀ ရက်နေ့တွင် အိန္ဒိယရေတပ်တောင်ပိုင်း ရေတပ်မတော်သည် INS Sunayna နှင့် HMIS Sutlej စသည့် သင်္ဘောများကို ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်ကာ မြို့တော် ကိုလံဘိုသို့ ပို့ဆောင်ခဲ့သည်။ [၃၁]ဩစတြေးလျအစိုးရ၏ နိုင်ငံခြားရေးရာဝန်ကြီး Julie Bishop သီရိလင်္ကာသို့ အကူအညီများ ပေးပို့ခဲ့သည်။ ဝန်ကြီးက "သီရိလင်္ကာအစိုးရအနေဖြင့် ဤဘေးအန္တရာယ်ကို ရင်ဆိုင်နေကြရသည့် သီရိလင်္ကာရှိ မိတ်ဆွေများတွက် မည်သည့်အကူအညီမျိုးကိုမဆို ကူညီရန် အသင့်ဖြစ်နေသည်" ဟု ဆိုခဲ့သည်။[၃၂][၃၃] ပါကစ္စတန်အစိုးရသည်လည်း ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးကုသရေးများကို ပို့လွှတ်ခဲ့သည်။ ရှာဖွေမှုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့်နေ့တွင် ကယ်ဆယ်ရေးသမားများသည် Elangapitiya ရှိ မြေပြိုမှုကြောင့် ပျက်စီးခဲ့ရသည့် လူနေအိမ် ၆၆ လုံးတွင် နစ်မြုပ်နေသည့် လူသေလောင်းများကို တွေ့ရှိခဲ့ကြသည်။[၃၄] လူပေါင်း ၂၀၀၀၀၀ သည် ကိုလံဘို၏ မြေနိမ့်အပိုင်းအရပ်များမှ စွန့်ခွာခဲ့ရသည်။ စုစုပေါင်း သေဆုံးသူသည် ၁၀၁ ဦးရှိကာ ပျောက်ဆုံးသူသည် ၁၀၀ ရှိခဲ့သည်။[၃၅] သီရိလင်္ကာအမျိုးသားခရစ်ကတ်အသင်းသည် မုန်တိုင်းဒဏ်ခံစားရသူများထံသို့ රු ၁၀၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၆၈၆၉ ) လှူဒါန်းခဲ့သည်။[၃၆]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "Why is the cyclone called Roanu?"၊ The Daily Star၊ 2016-05-21။ 
  2. Met Dept issues bad weather warning။ The Official Government News Portal of Sri Lanka။ 19 May 2016 တွင် ပြန်စစ်ပြီး။
  3. Landslide warning as heavy rains lash island။ The Associated Newspapers of Ceylon Ltd.။ 19 May 2016 တွင် ပြန်စစ်ပြီး။
  4. Sri Lankan President Calls For Heavy Rains။ Cihan News Agency။ 22 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 July 2021 တွင် ပြန်စစ်ပြီး။
  5. Sri Lanka on alert for floods, landslidesThe Times of India။ 19 May 2016 တွင် ပြန်စစ်ပြီး။
  6. 12 die in Sri Lanka flash floods, several missing။ Bennett, Coleman & Co. Ltd. (The Times of India)။ 17 May 2016 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ Nalaka Gunawardene။ "Cyclone Roanu exposed Sri Lankan disaster response gaps"၊ SciDev.Net၊ 16 June 2016။ 
  8. 200 families missing as Sri Lankan landslides bury three villagesThe Guardian။ 18 May 2016 တွင် ပြန်စစ်ပြီး။
  9. Depression moving away, but Chennai will continue to get rain on WednesdayThe Times of India (18 May 2016)။ 18 May 2016 တွင် ပြန်စစ်ပြီး။
  10. Maalaimalar News: 226 mm rain in kelambakkam။ Maalaimalar.com (2016-05-18)။ 2016-05-23 တွင် ပြန်စစ်ပြီး။
  11. Chennai records 11.7cm of rainfall breaking a two-decade-old record.။ Deccan Chronicle။ 19 May 2016 တွင် ပြန်စစ်ပြီး။
  12. Chennai rains: Authorities keep boats on standby after heavy rain။ News Nation။ 19 May 2016 တွင် ပြန်စစ်ပြီး။
  13. Andhra, Odisha on high alert as cyclone Roanu set to hit coastThe Hindu။ 19 May 2016 တွင် ပြန်စစ်ပြီး။
  14. Cyclone Roanu drops anchor off A.P.The Hindu။ 20 May 2016 တွင် ပြန်စစ်ပြီး။
  15. Cyclone 'Roanu' 50 km off Odisha coast; rains, winds disrupt life။ The Tribune Trust။ 5 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 May 2016 တွင် ပြန်စစ်ပြီး။
  16. Bhubaneshwar Climate Normals 1971–1990National Oceanic and Atmospheric Administration။ 24 December 2012 တွင် ပြန်စစ်ပြီး။
  17. West Bengal begins facing wrath of Cyclone Roanu။ Skymet Weather Services Pvt. Ltd.။ 20 May 2016 တွင် ပြန်စစ်ပြီး။
  18. Cyclone Roanu: Half a million flee in Bangladesh။ 2016-05-22 တွင် ပြန်စစ်ပြီး။
  19. ၁၉.၀ ၁၉.၁ Half a million flee as Cyclone Roanu hits Bangladesh။ 2016-05-22 တွင် ပြန်စစ်ပြီး။
  20. "Cyclone Roanu makes landfall at Chittagong coast"။ 
  21. "Bangladesh avoids high death toll with cyclone evacuation"၊ 23 May 2016။ 6 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 16 June 2016။ 
  22. Saleemul Huq။ "Cyclone Roanu hits Bangladesh: a story of loss and damage avoided"၊ 27 May 2016။ 
  23. "20 killed, 500,000 evacuated as Cyclone Roanu hits Bangladesh"၊ Times of Oman 
  24. "Vast destruction from cyclone in Bangladesh"၊ VOA။ 6 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 25 July 2016။ 
  25. Deadly cyclone hits Sri Lanka, Bangladesh; aid urgently needed။ 2016-05-25 တွင် ပြန်စစ်ပြီး။
  26. "Roanu leaves behind a trail of damage"၊ The Independent၊ 24 May 2016။ 
  27. Sri Lankan Soldiers Search for Survivors in Landslide-Devastated VillageLatin American Herald Tribune။ 9 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 July 2021 တွင် ပြန်စစ်ပြီး။
  28. Hopes fade for 150 feared buried in Sri Lanka landslidesEuronews။ 19 May 2016 တွင် ပြန်စစ်ပြီး။
  29. Hopes fade for over 130 feared buried in Sri Lanka landslides။ 19 May 2016 တွင် ပြန်စစ်ပြီး။
  30. "Sri Lanka mudslide: Army fears 134 missing are dead"၊ BBC၊ 19 May 2016။ 
  31. Cyclone ROANU: Indian naval ships rush to Sri Lanka with relief materialsThe Indian Express။ 20 May 2016 တွင် ပြန်စစ်ပြီး။
  32. Australia offers assistance to Sri Lanka following the natural disaster။ Colombo Page။ 19 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 July 2021 တွင် ပြန်စစ်ပြီး။
  33. Australia ready to help Sri Lanka following damaging landslides, floods: Aust'n FM။ The Associated Newspapers of Ceylon Ltd.။ 20 May 2016 တွင် ပြန်စစ်ပြီး။
  34. Search resumes in rain for missing in Sri Lankan landslideJapan News။ 20 May 2016 တွင် ပြန်စစ်ပြီး။
  35. Sri Lanka rain death toll hits 101 as waters recedeYahoo7 (25 May 2016)။ 25 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 May 2016 တွင် ပြန်စစ်ပြီး။
  36. 200,000 flee capital as Sri Lanka flood misery worsensNew Straits Times Press။ 20 May 2016 တွင် ပြန်စစ်ပြီး။