ဆာလဖာဆေးများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆာလဖာဆေးများဆိုသည်မှာ ဆာလဖာနီလာမိုက်၊၊ ဆာ လဖာပိုင်ရာဇင်း၊ ဆာလဖာသိုင်အာဇိုး စသည်တို့ဖြစ်သည်။ ခရစ် ၁၉ဝ၈ ခုနှစ်က ပေါဂဲမိုဆိုသူ ဂျာမန်လူမျိုး ဓာတုဗေဒ ပညာရှင်တစ်ဦးသည် အန်နလင်းဆိုးဆေးများကို စမ်းသပ်ပြု လုပ်နေစဉ် ဆာလဖာဆေးများ၏ အခြေခံဖြစ်သော ဓာတ်တို့ကို တွေ့ရှိခဲ့သည်။ ထိုစဉ်အခါက ဆာလဖာဆေး၏တန်ခိုးထက်မြက် ပုံကို မည်သူမျှမသိရိခဲ့ပေ။ ၁၉၃၅ ခုနှစ်သို့ရောက်သောအခါ ဂျာမန်လူမျိုး ဓာတုဗေဒပညာရှင် ဂျာဟတ် ဒိုးမဂ်သည် ကြွက် များတွင် စတြတိုကောကပ်ခေါ် ဗက်တီးရီးယားများကြောင့် သွေးဆိပ်တက်သော ရောဂါပိုးကို ဆာလဖာဆေးဖြင့် ကုစားနိုင် ကြောင်း စမ်းသပ်တွေ့ရှိခဲ့လေသည်။ ထိုသို့တွေ့ရိ၍ များမကြာမီ ပင် ထိုပညာရှင်၏ သမီးငယ်၌ စတြက်တိုကောကပ် ကူးစက် ခြင်းကြောင့် အပြင်းအထန်ဖျားနာလာသည်တွင် မိမိတွေ့ရှိထား သော ဆာလဖာဆေးဖြင့် ကုသရာ၊ သမီး၏ရောဂါမှာ ပျောက် ကင်းလေသည်။ ထိုသတင်းကို ကြားသိကြသောအခါ ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန် စသောတိုင်းနိုင်ငံများမှ ဓာတုဗေဒပညာ ရှင်များသည် ဤဆေးမျိုးကို ထောင်ပေါင်းများစွာကို ပြုလုပ်၍ စမ်းသပ်ခဲ့ရာ၊ အလွန်ထက်မြက်သော ဆာလဖာဆေးအချို့ကို တွေ့ရှိခဲ့ကြလေသည်။

ဆာလဖာဆေးများသည် ရောဂါကိုဖြစ်စေသည့် ဗက်တီးရီးယားပိုးများကို အစာငတ်၍ သေကြေပျက်စီးစေသည်။ ဤဆေး၏တန်ခိုးမှာ အလွန်အံ့ဩဖွယ် ကောင်းအောင်ထက်မြက်၏။ ဤဆေးကြောင့် ယနေ့အထိ မရေမတွက် နိုင်အောင် များပြားသည့်လူတို့သည် အသက်ချမ်းသာရာ ရခဲ့ ကြသည်။ ဆာလဖာဆေး မပေါ်မီက အဆုတ်ရောင်နာရောဂါ ရသူများသည် အဆုတ်ရောင်နာဆေးရည်ကို အသုံးပြုလျက်နှင့် ပင် လူ ၁ဝဝ တွင် ၂၅ ရာခိုင်နှုန်းမျှ ပျက်စီးခဲ့ကြရသည်။ ယခုအခါ၌မူကား အဆုတ်ရောင်နာကြောင့် အပျက်အစီးမှာ ၅ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ ဦးနှောက်အမြေ|းရောင်ရောဂါ တွင် ရှေးအခါက ၃၅ ရာခိုင်နှုန်းခန့်သေကြေကြသည်။ ဆာလ ဖာဆေးများပေါ်ပေါက်လာသည့် အခါတွင် အပျက်အစီးမှာ ၅ ရာခိုင်နှုန်းမျှပင် မရှိတော့ချေ။

ဆာလဖာဆေးကို လိမ်းဆေးအဖြစ်ဖြင့်ဖြစ်စေ၊ သောက် ဆေးအဖြစ်ဖြင့်ဖြစ်စေ၊ သို့မဟုတ် ထိုးဆေး အဖြစ်ဖြင့်ဖြစ်စေ အသုံးပြုလေ့ရှိသည်။ သို့သော် လိမ်းဆေးများသည် လူနာအား တစ်ခါတစ်ရံ ဥပဒ်ပေးတတ်သည်။ ထို့ကြောင့် ဤဆေးကို အမာအားဖြင့် သောက်ဆေးနှင့် ထိုးဆေးအဖြစ်ဖြင့် အသုံးများ သည်။ ဆရာဝန်သည် လူနာ၏ရောဂါကို စမ်းသပ်ပြီးမှရောဂါ ၏ အခြေအနေနှင့် ရောဂါကို ဖြစ်စေသော ဗက်တီးရီးယားမျိုး ကိုလိုက်၍ ဆေးကိုညွှန်ကြားလေ့ရှိသည်။

ဆာလဖာဆေများသည် ရောဂါကို ပျောက်ကင်းစေသည် မဟုတ်ဘဲ အနာရောဂါဖြစ်စေသည့် သက်ရှိများကိုသာ သုတ် သင်ရှင်းလင်းပစ်သည်။ အဆုတ်ရောင်နာဖြစ်၍ ဆာလဖာဒိုင် ယာဇင်းကို သောက်သုံးလိုက်သောအခါ ထိုဆေးသည် အဆုတ် ရောင်နာဖြစ်စေသည့် ရောဂါပိုးများကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော် အဆုတ်ရောင်နာရောဂါ အမျိုးမျိုး ရှိသည်နှင့်အမျှ ရောဂါဖြစ်တတ်ပုံသည်လည်း အကြောင်းအမျိုးမျိုးကြောင့်ဖြစ် သည်။ အဆုတ်ရောင်နာရောဂါဟူသမျှကို ဆာလဖာဆေးဖြင့် မကုစားနိုင်သောကြောင့် အဆုတ်ရောင်နာဖြစ်လျှင် ပထမ ဤဆေးကို အသုံးမပြုမီ မည်သည့်အဆုတ်ရောင်နာမျိုးဖြစ် ကြောင်းစိစစ်ရမည်။ အချို့ အဆုတ်ရောင်နာရောဂါမျိုးကို ဆာလဖာဆေးအစား နောက်ပေါ်ဆေးများဖြစ်သော ပင်နီဆလင် သို့မဟုတ် အော်ရီအိုမိုင်စင် စသည့်ဆေးများဖြင့် ပျောက်ကင်း အောင် ကုသနိုင်သည်။


အဆုတ်ရောင်နာအပြင် ဆာလဖာဆေးများကို ဝမ်းကိုက်ရောဂါ၊ ဦးနှောက်အမြေ|းရောင်ရောဂါ၊ သွေးအဆိပ်တက် တက်ရောဂါ၊ အရိုးနှင့် ခြင်ဆီရောင်နာ၊ အချို့ကာလသားရောဂါများတွင်သုံးသည်။ အနာအဆိပ်တက်ခြင်း၊ အယ်ရိစစ်ပလတ်ခေါ် အနာမီး၊ ဆဲလျူ လိုက်တစ်ခေါ် ဆဲဆက်ရောင်နာတို့ကိုလည်း ဆာလဖာဆေးဖြင့် ပျောက်ကင်းစေနိုင်သည်။

ပထမဆုံးပေါ်ပေါက်ခဲ့သည့် ဆာလဖာဆေးများမှာ ဆာလ ဖာနီလာမိုက်၊ ဆာလဖာပိုင်ရာဇင်းနှင့် ဆာလဖာသိုင်အာဇိုးများ ဖြစ်သည်။ ဤဆေးများပေါ်စက အလွန်အသုံးများသော်လည်း၊ ဆေး၏ဒဏ်ပြင်းမှုကြောင့် ယခုအခါ အသုံးအစွဲ ယခင် ကလောက်မများတော့ချေ။ ယခုခေတ်တွင် အမြောက်အများ အသုံးပြု လျက်ရှိသော ဆာလဖာဆေးများမှာ ဆလဖာမီရဇင်း၊ ဆာလဖာဒိုင်ယာဇင်း၊ ဆာလဖာမက်သာဇင်း၊ ဆပ်ဆီနီဆာလဖာ သိုင်အာဇိုးနှင့် သယ်လီဆာလဖာသိုင်အာဇိုးခေါ် ဆေးများဖြစ် သည်။ ဤဆေးငါးမျိုးအနက် ပထမဆေးသုံးမျိုးသည် ကိုယ် ခန္ဓာ၏ အထွေထွေရောဂါဝေဒနာများကို ကုသရာ၌ အသုံးပြု သည့်ဆေးများဖြစ်၍၊ ကျန်ဆေးနှစ်မျိုးမှာကား၊ အူကြောင်းနှင့် ပတ်သက်သည့် ရောဂါဝေဒနာများကို ကုသရာ၌ အသုံးပြုရန် ဆေးဖြစ်သည်။

ဆာလဖာဆေးအားလုံးပင် တစ်ခုနှင့်တစ်ခု ဓာတ်အလို အားဖြင့် မျိုးချင်းဆင်တူ၏။ ဤဆေးများတွင် ဆာလဖာ၊ နိုင်ထရိုဂျင်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်ဒြဗ်စင်တို့ ပါရှိသည်။ သို့သော် ဤဒြဗ်စင်များ ဖွဲ့စည်းတည်ရှိပုံအစီအစဉ်မှာ ဆေးကို လိုက်၍ကွဲပြားသည်။ ဤဆာလဖာဆေးအားလုံးတွင် တူညီချက် မှာSO2Nဟူသော ဓာတ်အစုပါရှိခြင်းပင်ဖြစ်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)