ဆလိုးဝမ်းကောင်

ဝီကီပီးဒီးယား မှ
ဆလိုးဝမ်းကောင် (Slow Worm)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးရင်း: Anguidae
မျိုးရင်းသေး: Anguinae
မျိုးစု: Anguis
မျိုးစိတ်:
A. fragilis
ဒွိနာမ
Anguis fragilis

ဆလိုးဝမ်းကောင် (Slow Worm) သည် အိမ်မြောင်အမျိုးဝင်သတ္တဝါဖြစ်၍ တစ်နေရာရာတွင် မလှုပ်ရှက်ဘဲ၊ နာရီပေါင်းများစွာနေလေ့ရှိ သည်။ အလျား ၁၇ လက်မ မှ ၁၈ လက်မအထိရှိသည်။ ဆလိုးဝမ်းကောင်နှင့်စပ်လျဉ်း၍ ထူးခြားသည့်အချက် တစ်ချက်မှာ အမြီးပြတ်လွယ်ခြင်းပင်ဖြစ်သည်။ အနည်းငယ် ထိခိုက်ရုံနှင့် အမြီးသည် ကိုယ်မှပြတ်ထွက်သွားပြီးနောက် တစ်မိနစ် သို့မဟုတ် နှစ်မိနစ်ခန့် ခုန်နေတတ်သည်။ ဤသို့ အမြီး ပြတ်ထွက်ခြင်းမှာ အမြီးခုန်ရာသို့ ရန်သူ၏ စိတ်အာရုံကိုပြောင်းစေ၍ မိမိကိုယ်ကိုလွတ်အောင် ရှောင်ရှားစေနိုင်ရန် ဖြစ်ဟန်တူသည်။ မကြာမီပင် အမြီးဟောင်းနေရာ၌ နောက်ထပ် အမြီးသစ်တစ်ခုပေါက်လာသည်။ ဆလိုးဝမ်းကောင်များကို ဥရောပတိုက်တွင် မြောက်ပိုင်းဒေသများမှလွဲ၍ နေရာတိုင်း၌လိုပင် တွေ့ရသည်။ အင်္ဂလန်ပြည်တွင် အနောက်တောင်ပိုင်း၌ အတွ့ရများသည်။ နွေရာသီတွင် နေရောင်ရရှိသော မြစ်ကမ်း ပါးများ၌၎င်း၊ ဆောင်ရာသီတွင် ကျောက်ခဲ သို့မဟုတ် အမှိုက်ပုံများ အောက်တွင် ၎င်း ခိုအောင်၍နေလေ့ရှိသည်။ ပိုးကောင် အမျိုးမျိုးကိုစားသည်။ အထူးသဖြင့် အသီးအနှံများကို ဖျက်ဆီးတတ်သော ပက်ကျိကို အလွန်ကြိုက်နှစ်သက်သည်။ ဆလိုးဝမ်းကောင်များပေါက်ချိန်မှာ နွေရာသီ ကုန်ဆုံးခါနီးတွင်ဖြစ်သည်။ ဤအချိန်တွင် ဆလိုဝမ်းကောင်ကလေး ၆ ကောင်မှ ၁၂ ကောင်အထိ ပေါက်လေ့ရှိသည်။ မွေးစတွင် ဆလိုးဝမ်းကောင် ကလေးတို့သည် ဖြူဖွေး၏။ ဆလိုးဝမ်း ကောင်သည် မြွေပွေးနှင့် အသွင်အပြင်များစွာ ကွဲပြားခြားနား သော်လည်း၊ မကြာခဏ မြွေပွေးဟုအထင်မှား၍ သတ်ဖြတ်ခြင်း ခံရတတ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "IUCN Red List of Threatened Species: Anguis fragilis" (25 March 2009). IUCN Red List of Threatened Species. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)