ဆရီဘာနား သဘာဝထိန်းသိမ်းရေး နယ်မြေ
ဆရီဘာနား သဘာဝထိန်းသိမ်းရေး နယ်မြေ | |
---|---|
ဆရီဘာနား ရေကန် | |
တည်နေရာ | ဆီလီစထရာပြည်နယ်၊ ဘူဂေးရီးယားနိုင်ငံ |
အနီးဆုံး မြို့ | ဆီလီစထရာ |
ကိုဩဒိနိတ် | 44°06′52″N 27°04′41″E / 44.11444°N 27.07806°Eကိုဩဒိနိတ်: 44°06′52″N 27°04′41″E / 44.11444°N 27.07806°E |
ဖွဲ့စည်း | 1948 |
တရားဝင်အမည် | Srébarna |
ရွေးချယ်ခြင်း | 24 September 1975 |
ရည်ညွှန်းနံပါတ် | 64[၁] |
ဆရီဘာနား သဘာဝထိန်းသိမ်းရေး နယ်မြေ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ဘူဂေးရီးယား |
အမျိုးအစား | သဘာဝ |
ရွေးချယ်သည့်စံနှုန်း | x |
ကိုးကား | ၂၁၉ |
ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၃ (သတ္တမအကြိမ်) |
သက်တမ်းတိုးခြင်း | ၂၀၀၈ |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ဆရီဘာနား သဘာဝထိန်းသိမ်းရေးနယ်မြေ သည် ဘူဂေးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း (ဒိုးဘရူးဂျာ တောင်ပိုင်းဒေသ) တွင် ရှိသော သဘာဝထိန်းသိမ်းရေး နယ်မြေ တစ်ခု ဖြစ်ပြီး အမည်တူ ကျေးရွာတစ်ခု ၏ အနီးတွင် တည်ရှိကာ ဆီလီစထရာမြို့၏ အနောက်ဘက် ၁၈ ကီလိုမီတာ နှင့် ဒန်ညုမြစ် ၏ တောင်ဘက် ၂ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ထိုနယ်မြေတွင် ဆရီဘာနားရေကန် နှင့် ပတ်ဝန်းကျင်ဒေသများ ပါဝင်ပြီး ရောမခေတ်က ဖောက်လုပ်ခဲ့သော ဗီယာ ပွန်တီကာ လမ်းပေါ်တွင် တည်ရှိကာ ဥရောပမှ အာဖရိကသို့ ငှက်များ ရွှေ့ပြောင်းသွားလာသော လမ်းကြောင်းပေါ်တွင်လည်း ရှိသည်။
ထိန်းသိမ်းရေးနယ်မြေတွင် ၆ စတုရန်းကီလိုမီတာမျှ ရှိသော ကာကွယ်စောင့်ရှောက်ထားသော ဒေသနှင့် ကြားခံဒေသ ၅.၄ စတုရန်းကီလိုမီတာရှိသည်။ ကန်၏ အနက်မှ ၁ မီတာမှ ၃ မီတာ အထိ ရှိသည်။ ဆောက်လုပ်ဆဲ ပြတိုက်တစ်ခုရှိပြီး ထိန်းသိမ်းရေးနယ်မြေတွင် တွေ့ရသော မျိုးစိတ်များကို ရုပ်လုံးသွင်း စုဆောင်းပြသရန် စီစဉ်လျက် ရှိသည်။