ဆရာတော် ဦးစိန္တာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဆရာတော် ဦးစိန္တာ

ဆရာတော် ဦးစိန္တာ[ပြင်ဆင်ရန်]

(၂၉-၇-၁၉၀၂) (၁၄-၁၂-၁၉၆၄)

ဆရာတော်သည် ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁၀ ရက်၊ အင်္ဂါနိန့် ညဇာဖက် ၇ နာရီအချိန်၊ စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ ပြည်သျှင်တိုက်၊ ရင်းဘွယ်ရွာ၌ ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့၏ တစ်ဦးတည်းသော သားဖြစ်၍ ငယ်နာမည်မှာ မောင်ချစ်ထွန်းဦးဖြစ်သည်။ ခြောက်နှစ်သားအရွယ်ကပင် မိဘနှစ်ပါးက ရင်းဘွယ်ဆရာတော်ကြီးထံ၌ အပ်နှံ၍ ပညာသင်ကြားခသည်။ အသက်ဆယ်နှစ်မြောက်တွင် မိဘနှစ်ပါးနှင့်အတူ ကန်းနီရွာသို့ ပြောင်းရွေ့ခရာ ကန်းနီဆရာတော်ထံ၌ ဆက်လက်ပညာသင်ကြားလျှက် ၁၃ အရွယ် ၁၂၇၇ ခုသို့ရောက်သောအခါ သျှင်သာမဏေအဖြစ်ဖြင့်၊ သင်္ဂြိုဟ်စသော အခြီခံပါဠိ စာပီတိကို သင်ကြားတတ်မြောက်ခသည်။ ၁၂၈၃ ခုနှစ်၊ ကဆုန်လ အသက် ၁၉ နှစ်ပြည့်ခါနီးမှာ ပခုက္ကူမြို့သို့ လားရောက်၍ အရှိတိုက်ခေါ် မဟာဝိဇရာမတိုက်၊ မြောက်တန်းလျှားကျောင်း၌ ဂန္တဝါစက စာချဆရာတော် ဦးစန္ဒနှင့် ဦးသီလရို့ထံ ပရိယတ္တိစာပီကျမ်းဂန်တိကို သင်ကြားဆည်းပူးခသည်။

၁၂၈၃ ခု၊ တပို့တွဲ့လ၌ မဟာဝိဇယာရာမ ကျောင်းတိုက်၊ ဆရာတော်ကြီးဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ဥပသမ္ပဒကံဖြင့် ပဉ္ဇင်းတက်သည်။ ၁၂၈၅ ခုတွင် ဦးစိန္တာသည် မိမိအား စာချပီးသော သံဃာတော်များနှင့်အတူ မန္တလေးမြို့သို့ လားရောက်၍ ၃ နှစ်တိုင်တိုင် ဆက်လက်ကာ ပရိယတ္တိစာပီကျမ်းဂန်များကို သင်ကြားပို့ချခသည်။ ၁၂၉၁ ပြည့်တပို့တွဲလတွင် မိမိ၏ နီရင်းဒေသ ကန်းနီကျေးရွာဆရာတော်ဘုရားထံသို့ ပြန်ကြွတော်မူခသည်။ ၁၂၉၁ ခု၊ ဝါဆိုလဆန်း ၁၄ ရက်သို့ရောက်သောအခါ ကွဲပြားနီသော ကျောက်နွားရွာကို အုပ်ထိန်းကာ ထိုရွာကျောင်းဟောင်းသို့ ပြောင်းရွှေ့သတင်းသုံးရမည်ဟူသော ဆရာတော်ဘုရား၏ အမိန့်ကို နာခံလျှက် ကျောက်နွားရွာ၌ ကျောင်းထိုင်ဆရာတော်အဖြစ်ကို ခံယူခရပါသည်။

ကျောင်းထိုင်ဆရာတော်အဖြစ်ဖြင့် ဦးစိန္တာသည် စာပီပရိယတ္တိကို သင်ကြားပို့ချလျှက်နီစဉ်မှာပင် မြို့ကြီးမြို့ငယ်၊ ရွာကြီးရွာငယ်များ၌ တောင်သူလယ်သမားဘဝ အလုပ်သမားလူတန်းစားဘဝတိကို ကြွီကွဲဖွယ်ရာ တွိ့မြင်ရလာခြင်းကြောင်း ဆင်းရဲပန်ပန်းရခြင်း၏ အကြောင်းရင်းကို ရှာဖွီသောအခါ နယ်ချဲ့အရင်သျှင်နှင့် မြီသျှင်ကြီးတိ၏ သွီးစုပ်မှုပင်ဟု တထစ်ချသိမြင်လာသဖြင့် သာသနာသည် ဒါယကာအပေါ်၌ တည်သည်။ ဒါယကာပင်ပန်းက သာသနာညှိုးနွယ်လိမ့်မည်ဟု ဒါယကာတောင်သူလယ်သမား အလုပ်သမားတိ၏ ဘဝကို မြှင့်တင်လိုသောကြောင်း စစ်တွေမြို့သို့ကြွရောက်ပြီးလျှင်၊ အထက်တန်းရှိနီ ဦးမြထွန်း၊ ဦးကျော်ခိုင်၊ ဦးထွန်းစိန် (နန္ဒမာလာ) ၊ ဦးဘိုးခိုင်၊ ဦးအောင်သာဦး အစဟိသော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်လျှက် ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲ့ချုပ်ကို ၁၂၉၂ ခု၊ တန်းဆောင်မုန့်လ၌ စတင်ဖွဲ့စည်းခသည်။ ယင်းအချိန်မှစ၍ ဦးစိန္တာသည် ဦးပညာသီဟနှင့် တွိ့ဆုံကာ အဖွဲ့ချုပ်၏ နာယကများအဖြစ်ဖြင့် အားကြိုးမာန်တက် အရင်းသျှင် နယ်ချဲ့စနစ်ကို တိုက်ဖျက်လာခကတ်ပါသည်။ ဆရာတော်ဦးစိန္တာသည် တောင်သူလယ်သမားတိအား အခြီခံကျကျ ပညာပီးစည်းရုံးကာ ၁၂၉၂ ခု၊ တပေါင်းလတွင် မြေပုံမြို့နယ်၊ ကျောက်နွားကျေးရွာ၌တကြိမ်၊ ၁၂၉၃ ခု၊ တန်းဆောင်မုန့်လတွင်၊ မင်းမြားမြို့နယ် ကန်နီကျေးရွာ၌တကြိမ်၊ ၁၂၉၄ ခုနှစ်၊ ကဆုန်လတွင် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာ၌တကြိမ်၊ ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲချုပ်၏ ညီလာခံကို ပြုလုပ်ကာ ဦးစီးနာယကအဖြစ်ဖြင့် ဆောင်ရွက်ခပါသည်။ ထိုစဉ်အခါက နိုင်ငံရေးဟောပြောပွဲများသို့ တက်ရောက်ရန်ကိုမဆိုထားနှင့် နယ်ချဲ့ဆန့်ကျင်ရေးကို လီသံမျှပင် မပြောရဲသောအချိန်ဖြစ်သော်လည်း ညီညာခံတိုင်း၌ လူငါးထောင်ခန့်မျှ တက်ရောက်ခကတ်သည်မှာ ဆရာတော်ဦးစိန္တာ၏ လယ်ယာမြီတော်လှန်ရေး ပညာပီးစည်းရုံးမှု၏ အောင်မြင်ချက်ပင်ဖြစ်ပါသည်။ ထိုကြောင့် တောင်လယ်သမားများ နိုးကြားလာခကတ်သည်။ မိမိရို့၏ ဆင်းရဲတွင်းနက်ရခြင်းအကြောင်းရင်းကို သိမြင်လာကတ်၏။ နယ်ချဲ့အရင်းသျှင်စနစ်၊ မြီသျှင်စနစ်ရို့ကိုဖြိုဖျက် တော်လှန်ပစ်ကတ်ရမည်ကို သိနားလည်လာကြ၍ နိုးကြားအုံကြွလာခကတ်၏။ စည်းရုံးညီညွတ်လာခကတ်၏။

ထို့ကဲ့သို့ တစ်တိုင်းလုံးအုံ့ကြွနိုးကြားစည်းရုံးညီညွတ်လာသော အချိန် ၁၂၉၉ ခုနှစ်တွင် ဆရာတော် ဦးစိန္တာ၏ တာဝန်ပီးချက်ဖြင့် ဆရာစံထွန်းအောင်နှင့် ဦးစံရွှေ၊ ဦးဘစံရို့ ရွီးဆွဲသော အဖွဲ့စည်းမျည်းအရ မင်းပြားညီလာခံ ကျင်းပစဉ်မှာပင် ဦးအောင်ထွန်းဦး၊ မင်းပြား ( ဒို့လက်ရုံး) နှင့် ဦးဘစံရို့ ဂေါင်းဆောင်ကာ တိုင်းရင်းသားအစည်းအရုံးတစ်ခု ပေါ်ပေါက်လာခ၏။ ထိုအခါတွင် နယ်ချဲ့အရင်းသျှင်စနစ်ကို တိုက်ဖျက်ရာ၌ အမျိုးသားစည်းရုံးညီညွတ်မှု၏ အဓိက အရေးကြီးပုံကို ကောင်းစွာသိမြင်တော်မူသော ဆရာတော်ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်တွဲ၍ တစ်ခုတည်းသောအစည်းအရုံးကြီး ဖြစ်မြောက်ရေးကို ကြိုးပမ်းခရာ ၁၂၉၉ ခု၊ နတ်တော်လ အတွင်းတွင် စစ်တွေမြို့ ၊ တန်းခိုးဆရာတော်ဘုရားကျောင်း၌ နှစ်ဖက်သောအစည်းအရုံးမှ ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီ ဆွေးနွေး ညှိနှိုင်းကာ “ ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး”ဟု အညီအညွတ်တည်ထောင်ကြပြီး နယ်ချဲ့အရင်းသျှင်စနစ်ကို တိုက်ဖျက်ရေးအင်အားကို တည်ထောင်ခကတ်သည်။

ယင်းသို့ စုပေါင်းညီညွတ်သော တစ်ခုတည်းသောနယ်ချဲ့အရင်းသျှင်စနစ်တိုက်ဖျက်ရေး အင်အားစုဖြစ်တေ ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးကြီး၏ ညီလာခံကို ၁၃၀၁ ခု ကဆုန်လတွင် ပေါက်တောမြို့၌ကျင်းပခပြီး တောင်သူလယ်သမား လူတန်းစားတိုက်ပွဲ လမ်းစဉ်ကို ပြတ်ပြတ်သားသား ဖော်ထုတ်ချမှတ်ခလီသည်။ “ မြီသျှင်စနစ်ဖျက်သိမ်းရေး” အဆိုနှင့် “ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတပြည်လုံး လုံး၀ လွတ်လပ်ရေးချက်ချင်းပီးအဆို” ရို့ကို ထိုညီလာခံ၌ တညီတညွတ်တည်း ဆုံးဖြတ်ကြပြီး ရခိုင်တစ်တိုင်းလုံး အပြင်းအထန် စည်းရုံးခကတ်ပါသည်။ ညီလာခံအပြီး နံယုန်လတွင် နာယကဆရာတော်များဖြစ်သော ဦးစိန္တာနှင့် ဦးပညာသီဟရို့အား နယ်ချဲ့အစိုးရရို့က ဖမ်းဆီးပြီး ဆရာတော်အား အလုပ်ကြမ်းနန့် ၁၈ လထောင်ဒဏ် အပြစ်ပီးခံခရလီသည်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသော ၁၃၀၃ ခုနှစ်နောက်ပိုင်းတွင် ဆရာတော် ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်အတူ လက်နက်ကိုင် မျိုးချစ်တပ်များ ဖွဲ့စည်းပြီး နယ်ချဲ့အင်္ဂလိပ်ရို့အား တော်လှန်ခပါသည်။ ဆရာတော်၏ တပ်များသည် မြေပုံမြို့ကိုလည်းကောင်း၊ ကျောက်ဖြူမြို့ကိုလည်းကောင်း၊ နယ်ချဲ့လက်က သိမ်းယူထိန်းသိမ်းထားနိုင်ခလီသည်။ ထိုစဉ်အခါက ရခိုင်မျိုးချစ်တပ်များသည် နယ်ချဲ့အား တော်လှန်ခရရုံသာမက တစ်ဖက် ၌လည်း တောင်သူလယ်သမားဆင်းရဲသားရို့အား ခေတ်အပျက်တွင် ညှဉ်းပမ်းနှိပ်စက်လာသော တောကြောင်များကိုလည်း နှိမ်နင်းခကတ်ရလီသည်။

ထို့ကြောင့် ၁၃၀၄ ခု ကဆုန်လတွင် ဗိုလ်ရန်အောင်တပ်များ ရခိုင်စစ်ကြောင်း ချီတက်လာရေအခါ သစ္စာဖောက်တောကြောင်များကြောင့် ဆရာတော်သည် အဖမ်းခံရကာ အသတ်ခံရဖို့နီးပါးဖြစ်ခရသီးရေ။

၁၃၀၅ ခုနှစ်စတွင် ဆရာတော်သည် ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး ကိုယ်စားလှယ်အဖြစ် ရန်ကုန်သို့ဆင်းကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် စတင်စီစဉ်လီသည်။ ထိုနှစ်တန်းခူးလဆုတ် ၁၀ ရက်နိန့်တွင် မြေပုံမြို့ပိုင်နှင့် ကျောက်ဖြူခရိုင်ဝန်ရို့၏ သစ္စာဖောက်သတင်းပီးမှုကြောင့် ဆရာတော်ဦးစိန္တာသည် ဖက်ဆစ်ဂျပန်ရို့၏ ဖမ်းဆီးခြင်းကို ခံရပြန်လီသည်။ ဖက်ဆစ်ဂျပန်များသည် ဆရာတော်အား ကြောက်မက်ဖွယ်ရာ နည်းအမျိုးမျိုးဖြင့် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး ရခိုင်တိုင်းနှင့် မြန်မာပြည်ဖက်ဆစ်တော်လှန်းရေဒ ဂေါင်းဆောင်များနှင့် အစီအစဉ်များကို မိန်းမြန်းခရာ ဖက်ဆစ်ရို့၏ ညှဉ်းပန်းချက်ကို မခံနိုင်၍ ဖွင့်ပြောလျှင် တစ်ပြည်လုံးဖက်ဆစ်တော်လှန်ရေး ပျက်စီးကျဆုံးဖို့ကို မြင်သောကြောင့် ဆရာတော်သည် မိမိတပါးတည်း မချိမဆုံကြိတ်ခံပြီး တော်လှန်ရေးအား သစ္စာစောင့်ထိန်းခပါသည်။ ဝါဆိုလဆန်း ၆ ရက်နိန့်တွင် ဂျပန်တိက လက်လျှော့ပြီး ရွှတ်ပီးခသော်လည်း ထိုအချိန်မှစ၍ ဆရာတော်၏ ကျန်းမာရေး အခြီအနီမှာ ဖက်ဆစ်ဂျပန်တိ၏ ညှဉ်းပန်းနှိပ်စက်သောဒဏ်ကြောင့် ကျန်းမာရေးအကြီးအကျယ် ချို့ယွင်းခပါယာ။ သို့သော် ဆရာတော်သည် ဖက်ဆစ်တိုက်ဖျက်ရေးတွင် နောက်မဆုတ်ဘဲ အင်တိုက်အားတိုက် ဆက်လက်ဂေါင်းဆောင်မှုပီးခရာ ဂန့်ဂေါတိုက်ပွဲသည် ကမ္ဘာကျော်ခရလီသည်။ ၁၃၀၆ ခုနှစ် ဂျပန်တော်လှန်ရေးအပြီးတွင် နယ်ချဲ့အင်္ဂလိပ်များပြန်ဝင်လာပြန်ရာ ဆရာတော်ဦးစိန္တာသည် ဖက်ကိုလည်း တော်လှန်မည်၊ အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်မအပ်ဘဲ နယ်ချဲ့ကိုလည်း ဆက်လက်တော်လှန်မည်ဟူသော တော်လှန်ရေးတပ်ဦးသစ္စာကို မဖောက်လို၍ နယ်ချဲ့အင်္ဂလိပ်အား ၂ နှစ်တိုင်တိုင် ဆက်လက်တော်လှန်ခလီသည်။

ယင်းအချိန်တွင် ရခိုင်တောင်စဉ်ကမ်းခြီတလျှောက်ဟိ လယ်သမား ဆင်းရဲသားလူထုတစ်ရပ်လုံးမှာ နယ်ချဲ့တိ၏ နှိပ်စက်ညှဉ်းပန်းခြင်း၊ ရပ်ရွာများကို မီးတိုက်ခြင်းရို့ကို ခံကတ်ရသော်လည်း တိုင်းပြည်လွတ်မြောက်ရေး၊ အမျိုးသားလွတ်းလပ်ရေး၊ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးကို ဇွဲသတ္တိနှင့် ချီတက်တိုက်ခိုက်လျှက်ပင် ဟိကတ်ပါသည်။ ၁၃၀၈ ခု၊ တန်းဆောင်မုန့်လ၌ ဆရာတော်ဦပညာသီဟ၊ ဝန်ကြီး ဦးအောင်ဇံဝေ၊ ဝန်ကြီးသခင်မြနှင့် တိုင်းရင်းသား အစည်းအရုံးဂေါင်းဆောင်များရို့သည် ကြာအင်းတောင် ဆရာတော်ကျောင်းသို့ ရောက်လာကတ်ပြီးလျှင် ဦးစိန္တာနှင့်တွိ့ဆုံဆွေးနွေးပြီးနောက် ထိုနှစ် နတ်တော်လ စတုတ္ထအပတ်တွင် ဆရာတော်အား လွတ်ငြိမ်းချမ်းသားခွင့် ကြေညာလိုက်သဖြင့် ဆရာတော်ဦးစိန္တာသည် တော်ခိုရာမှထွက်လာ၍ ကျယ်ပြန့်သောစည်းရုံးရေးကို ဆက်လက်ဆောင်ရွက်ခလီသည်။

၁၃၀၈ ခု၊ နှောင်းတန်းခူးလ၌ မြေပုံမြို့နယ်တွင် ဆရာတော် ဦးစိန္တာ ဂေါင်းဆောင်သော ပြည်လုံးကျွတ် တပ်ပေါင်းစု ညီလာခံကိုကျင်းပခရာ ဖဆပလနှင့် ကွန်မြူနစ်ပါတီရို့ကိုပါ ဖိတ်ကြားခ၏။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဆွေ နှင့် ကွန်မြူနစ်ပါတီရို့တက်ရောက် ခကတ်ပါသည်။ သို့သော်လည်း အချိန်အခါနှင့် အခြေအနီ မညီညွတ်ကြောင့် ညီလာခံ၌ နိုင်ငံရေးဂေါင်းဆောင်များ စိတ်ငြိုငြင်ခြင်း ဖြစ်ခကတ်ရသည်။

၁၃၀၉ ခု၊ ကဆုန်လဆန်း ၇ ရက်နိန့်တွင် မြေပုံမြို့မှ စစ်တွေမြို့သို့အလား ဦးစိန္တာသည် ဘင်္ဘောထက်၌ အဖမ်းခံရပြီးလျှင် ယင်းကဆုန်လကွယ်နိန့်ပင် စစ်တွေမှ လီယာဉ်ဖြင့် ရန်ကုန်မင်္ဂလာဒုံလီဆိပ်သို့ ယူဆောင်လျှက် သာယာဝတီထောင်သို့ အပို့ခံခရပြီးနောက် ၁၃၁၀ ခု၊ နှောင်းတန်းခူးလဆန်း ၆ ရက်နိန့်တွင် သာယာဝတီထောင်ကို သူပုန်းတပ်ပေါင်းစုများ ဖွင့်သောအခါမှ ဆရာတော်သည် ထောင်မှရွတ်ခရလီသည်။

၁၃၁၁ ခု၊ နံယုန်လဆုတ် ၅ ရက်နိန့်တွင် ဒါးလက်ချောင်းနှင့် ၈ ရက်နိန့်တွင် ကြာအင်းတောင်သို့ရောက်လာပြီး တောလှန်ရေးကိစ္စကို ဆက်လက်ဆောင်ရွက်ပြန်ရာ ပါတီနှင့်လူထု အမြင်ကွဲပြားလာခြင်း၊ ပါတီတွင်းမှာလည်း အချင်းချင်း အမြင်မတူအယူအဆကွဲပြားလာခြင်းရို့ကြောင့် ထိုကွဲပြားမှုကို လက်နက်ဖြင့် ဖြေယှင်းကတ်တေ အခြေအနီသို့ပင် ဆိုက်ရောက်လာခကြောင်း ဆရာတော်မှာ ကြေကွဲဝမ်းနည်းစွာ တွိ့ရပြန်၏။ ထိုကြောင့် ပါတီအတွင်း ညီညွတ်ရေး၊ မဟာမိတ်ပါတီ ညီညွတ်ရေးပါတီနှင့် လူထုစိတ်ချမ်းသာရေးကို ကြိုးသားခရပါသည်။ သို့သော်လည်း မှန်းခြီပေါက်အောင် ခရီးမရောက်ခပါ။ ယင်းသို့ကြိုးစားနီစဉ်များပင် ကမ္ဘာ့နိုင်ငံရေး၊ မြန်မာနိုင်ရေး အခြေအနီအရ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးနှင့် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားများ စီးပွားရေးအားလုံးညီညွတ်ရန် လိုအပ်ယာဟု သဘောပေါက်ယုံကြည်ခြင်းကြောင့် ပါတီနှင့် လူထုကို ပညာပီးပြီးနောက် ၁၃၁၉ ခု၊ တပို့တွဲလဆန်း ၆ ရက်၊ ၁၉၅၈ ခု၊ ဇန်နဝါရီလ ၂၅ ရက်နိန့်တွင် မင်းပြားမြို့၌ လက်နက်စွန့်ပွဲ တစ်ရပ်ကို ကျင်းပ၍ ဆရာတော်ဦးစိန္တာသည် တပည့်တပန်းများနှင့် ဥဒပဒေတွင်းသို့ ဝင်ရောက်ခပါသည်။

ဆရာတော်ဦးစိန္တာအား အရင်းသျှင်နယ်ချဲ့ဖက်ဆစ်ရို့၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်သည် ဖိစီးလာခြင်းကြောင့် သက်တော် ၆၂၊ ဝါတော် ၄၂ ဝါမြောက်တွင် ၁၃၂၆ ခု၊ နတ်တော်ဆန်း ၁၀ ရက်၊ တနင်္လာနိန့် နိန့်ခြင်းဖက် ၂ နာရီအချိန်တွင်၊ ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားလမ်း၊ အမှတ် ၁၅၂ ၊ သိမ်ကုန်းကျောင်းတိုက်၊ ရွှေဘုံသာကျောင်းဆရာတော် ဦးရဝိန္ဒထံ၌ တည်းခိုဆီးဝါးကုသနီစဉ်မှာပင် ဘုရားရဟန္တာအသျှင်မြတ်ရို့သော်မှ မလွန်ဆန်နိုင်သော သီဘေးတရားအရ ပျံလွန်တော်မူလီသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ (၂၀၀၇-ခု၊ ဩဂုတ်လ)