မာတိကာသို့ ခုန်သွားရန်

ဆန်းဘွန်းလမ်း

ဝီကီပီးဒီးယား မှ

ဆန်းဘွန်းလမ်း (千本通 せんぼんどおり Senbon dōri[၁])သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင်ရှိ မြောက်ဘက်မှ တောင်ဘက်သို့သွယ်တန်းတည်ရှိနေသည့် အဓိကလမ်းမများထဲမှ တစ်ခု ဖြစ်သည်။ ဤလမ်းကို မြောက်ဘက်တွင် ခုတခု (ခိတရပ်ကွက်) ရှိ ခတဂမိနဲဧရိယာအထိ၊ တောင်ဘက်တွင် ဖုရှိမိခု (ဖုရှိမိရပ်ကွက်) ရှိ နိုးဆိုနယ်မြေအထိလည်း တိုးချဲ့ခဲ့သည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Suzaku Avenue of the Heian-kyō, shown in bold vertical line.

လက်ရှိအချိန်ကာလ ဆန်းဘွန်းလမ်းသည် နိဂျောလမ်းနှင့် ခုဂျောလမ်းတို့အကြားတွင် တည်ရှိသည်။[၃] ဟဲအိအန်ခယောခေတ်ကာလတွင် ဗဟိုချက်ဖြစ်ခဲ့ပြီး အရေးပါသည့် လမ်းတစ်ခု ဖြစ်ခဲ့သည်။ လမ်းသည် ၈၄ မီတာ ကျယ်ပြီး ၄ ကီလိုမီတာ ရှည်သည်။[၄] နောက်ပိုင်းတွင် ဆန်းဘွန်းစေတီများ (千本 senbon) ကို တည်ထားခဲ့ပြီး လမ်း၏ အမည်ကိုအစွဲပြုကာ စေတီများကို ဆန်းဘွန်းစေတီများဟု အမည်ပေးခဲ့သည်။[၁]

လမ်းတစ်လျှောက်ရှိ အထင်ကရနေရာများ[ပြင်ဆင်ရန်]

  • ဘွတ်ခယောတက္ကသိုလ် (နိဂျောနယ်မြေ)
  • နိဂျောဘူတာ
  • ရိဆွတ်မဲခန်တက္ကသိုလ် (နိဂျောနယ်မြေ)
  • တမ်းဘဂုချိဘူတာ
  • အုမဲခိုဂျိမီးရထားပြတိုက်
  • ဟဲအိအန်ခယောရှိ ရဂျောမွန်

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ 京都観光Navi:千本通။ 2019-05-19 တွင် ပြန်စစ်ပြီး။
  2. 千本通 京都通百科事典။ 2019-05-19 တွင် ပြန်စစ်ပြီး။
  3. cyber-e (2015-07-08)။ 「千本通」とは、何が千本なのか? (in ja)။ 2019-05-19 တွင် ပြန်စစ်ပြီး။
  4. 朱雀大路 京都通百科事典။ 2019-05-19 တွင် ပြန်စစ်ပြီး။