ရဂျောမွန်
ကိုဩဒိနိတ်: 34°58′45.70″N 135°44′33.40″E / 34.9793611°N 135.7426111°E
ရဂျောမွန် (သို့မဟုတ်) ရဆဲမွန် (羅城門) [၁]သည် ဂျပန်န်နိုင်ငံ၏ ရှေးဟောင်းမြို့များဖြစ်ခဲ့ကြသည့် ဟဲအိဂျော-ခယော (နာရ) နှင့် ဟဲအိအန်-ခယော (ကျိုတို) တို့၏ တောင်ဘက်အဆုံးတွင် တည်ဆောက်ထားခဲ့သည့် ဂိတ်အဆောက်အဦတစ်ခု ဖြစ်သည်။ ဆုဇခုရိပ်သာလမ်း၏ မြောက်ဘက်အဆုံးတွင် ဆုဇခုမွန်ဂိတ် ရှိသည်။ ဆုဇခုမွန်ဂိတ်သည် နန်းတော်တည်ရှိရာဇုန်အတွင်းသို့ အဓိကဝင်ပေါက်လည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ဆုဇခုရိပ်သာလမ်း၏ တောင်ဘက်အဆုံးတွင် ဖုဂျိဝရ-ခယော (ခရှိဟရ) တွင် ရဂျောမွန်ဂိတ်ပေါက်ဟု ယူဆနိုင်သည့် အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
အမည်
[ပြင်ဆင်ရန်]ဂိတ်၏ အမည်သည် လက်ရှိကာလဂျပန်ဘာသာစကားဖြင့် “ရဂျောမွန်” ဟု အသံထွက်သည်။ ရဂျော (羅城) သည် “မြို့တော်၏ တံတိုင်း”၊ မွန် (門) သည် “ဂိတ်ပေါက်” ဟု အဓိပ္ပါယ်ရှိသဖြင့် ရဂျောမွန်၏ အဓိပ္ပါယ်သည် “မြို့တော်၏ပင်မဂိတ်ပေါက်” ဟု အဓိပ္ပါယ်သတ်မှတ်နိုင်သည်။ မူလ၏ ဤဂိတ်ကို “ရဆဲမွန်” သို့မဟုတ် “ရိုင်ဆဲမွန်” ဟု ခန်ဂျိ၏အသံထွက်ကို မူတည်ကာ ခေါ်ဆိုမှုများ ရှိခဲ့သည်။ ခန်ဂျိဖြင့် 羅生門 ဟု ရေးသားပြီး အသံထွက်ဖြင့် “ရရှောမွန်” (ရဆဲမွန် ဟုလည်း အသံထွက်နိုင်) ဟူသည့် အသုံးအနှုန်းသည် ခန်ဇဲနိုဘုမိဆွတ် (၁၄၃၅ - ၁၅၁၆) က ရေးသားခဲ့သည့် ရရှောမွန် ဟူသည့်အမည်ရှိသည့်ဂျပန်နိုး (Noh) ပြဇာတ်ဖြစ်သည့် မှစတင်ကာ လူသိများလာခဲ့သည်။
လက်ရှိခေတ်ကာလအမည်ဖြစ်သည့် ရဂျောမွန် သည် 羅生門 ဟူသည့်အသုံးအနှုန်းထက် မူလခန်ဂျိစကားလုံးဖြစ်သည့်羅城門 ကို ပိုမို၍ အသုံးပြုသည်။ ဒုတိယမြောက်စကားလုံးဖြစ်သည့် 城 ၏ အသံထွက်ကို “ဆဲ” ဟူသည့်အသံထွက်ထက် “ဂျော” ဟူ၍ ဖတ်သည်က များသည်။
ကျိုတိုမြို့ရှိ ရရှောမွန် (ဟဲအိအန်-ခယော)
[ပြင်ဆင်ရန်]နာရရှိ ရရှောမွန် (ဟဲအိဂျော-ခယော)
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Moriya Katsuhisa 森谷尅久: 京都を楽しむ地名・歴史事典 (Enjoy Kyoto Place name and History Dictionary) 2011 index Page 388 "羅城門(らじょうもん) 36, 111"