ဆန်းဒါ လှည့်စားမှု

ဝီကီပီးဒီးယား မှ
Sander illusion

ဆန်းဒါ လှည့်စားမှု (သို့) ဆန်းဒါ အနားပြိုင်စတုဂံ (အင်္ဂလိပ်: Sander illusion or Sander's parallelogram) သည် ဂျာမန် စိတ်ပညာရှင် ဖရီးဒရစ်ခ်စ် ဆန်းဒါ ၁၉၂၆တွင် ဖော်ပြခဲ့သော အမြင်ဆိုင်ရာ လှည့်စားမှုတစ်ခုဖြစ်သည်။ သို့သော်လည်း ဤသည်ကို မဲ့သယူး လခစ်ရှ် (Matthew Luckiesh) က ၎င်း၏စာအုပ် 'အမြင်ဆိုင်ရာ လှည့်စားမှုများ : အကြောင်းရင်းများ၊ ဂုဏ်သတ္တိများနှင့် အသုံးချခြင်း' (Their Causes, Characteristics, and Applications) တွင်ဖော်ပြထားသည်။[၁]

ဘယ်မှ အနားပြိုင်စတုဂံကို ထက်ဝက်ပိုင်းထားသော ထောင့်ဖြတ်မျဉ်းသည် ညာမှ အနားပြိုင်စတုဂံကို ထက်ဝက်ပိုင်းသည့် ထောင့်ဖြတ်မျဉ်းထက် အတော်ကိုပို၍ ရှည်နေသည်ဟု ထင်ဟန်ရှိသည်။ သို့ရာတွင် အလျားနှစ်ခုစလုံးမှာ အတူတူပင်ဖြစ်သည်။

References[ပြင်ဆင်ရန်]

  1. Colman၊ Andrew M. (2006)။ "Sander parallelogram n."။ A Dictionary of Psychology။ Oxford University Press။