ဆန်းကြယ်သောဖူးစာ (ရုပ်သံဇာတ်လမ်းတွဲ)

ဝီကီပီးဒီးယား မှ
ဆန်းကြယ်သောဖူးစာ
အခြားအမည်ချစ်သူကောင်လေး
အမျိုးအစား
  • မဲလိုဒရမ်မာ[၁]
  • စိတ်ကူးယဉ်[၂]
ဖန်တီးသူStudio Dragon
ရေးသားသူယိုယောင်းအာ[၂]
ဒါရိုက်တာပတ်ရှင်းဝူ[၂]
သရုပ်ဆောင်
နိုင်ငံ တောင်ကိုရီးယား
ဘာသာစကားကိုရီယားဘာသာ
အပိုင်းပေါင်း၁၆ပိုင်း
ထုတ်လုပ်မှု
ရိုက်ကူးသည့် နေရာဆိုးလ်မြို့တောင်ကိုရီးယား
ဟာဗားနားမြို့ကျူးဘား
ထုတ်လုပ်သည့် ကုမ္ပဏီBon Factory Worldwide[၂]
ဖြန့်ချိသူtvN(တောင်ကိုရီးယား)
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းtvN[၃]
ရုပ်ပုံအမျိုးအစား1080i (HDTV)
အသံထွက်အမျိုးအစားDolby Digital
မူလပြသမှုနိုဝင်ဘာ ၂၈၊ ၂၀၁၈ (၂၀၁၈-၁၁-၂၈)[၃] – ဇန်နဝါရီ ၂၄၊ ၂၀၁၉ (၂၀၁၉-၀၁-၂၄)
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်

ဆန်းကြယ်သောဖူးစာ (ဟန်းဂု : 남자친구(နမ်ဂျာချင်းဂူ) ၊အင်္ဂလိပ် : Encounter/Boyfriend ၊ မူရင်းမြန်မာပြန် : ချစ်သူကောင်လေး) သည် တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ ဖြစ်ပြီး ဆောင်းဟေကိုနှင့် ပတ်ဘိုဂွံတို့က အဓိကပါဝင် သရုပ်ဆောင်ထားသည်။ ဤဇာတ်လမ်းတွဲကို တောင်ကိုရီးယားနိုင်ငံ tvN ရုပ်သံလိုင်းတွင် ၂၈ နိုဝင်ဘာ၊ ၂၀၁၈ မှ ၂၄ ဇန်နဝါရီ၊ ၂၀၁၉ အထိ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ ၂၁ : ၃၀ (KST) အချိန်တွင်ပြသခဲ့သည်။ အဆိုပါဇာတ်လမ်းတွဲသည် တောင်ကိုးရီးယားဒရာမာ ဇာတ်လမ်းတွဲသမိုင်းတွင် rating အများဆုံးဇာတ်လမ်းတွဲများထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို မြန်မာနိုင်ငံChannel7 ရုပ်သံလိုင်းတွင် ၂၀၁၉ခု မတ်လ၊ ၂၅ရက်တွင် စတင်ပြသတော့မည် ဖြစ်ကြောင်း Channel 7၏ Facebook စာမျက်နှာတွင် ကြေညာခဲ့သည်။

ဇာတ်လမ်းနောက်ခံ[ပြင်ဆင်ရန်]

ဆန်းကြယ်သောဖူးစာသည် အချစ်ဒရာမာ ဇာတ်လမ်းတွဲအမျိုးအစားဖြစ်သည်။ ဇာတ်လမ်းနောက်ခံမှာ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခု၏ အမွေဆက်ခံသူနှင့် ကွာရှင်းပြတ်စဲထားသည့် အမျိုးသမီး၊ မိမိဘဝကို စိတ်တိုင်းကျ တစ်ခါမှမနေထိုင်ဖူးသည့် အမျိုးသမီး ချာဆွန်းဟွန်း နှင့် သာမန်ရိုးရှင်းသော ဘဝမှာ သူလိုကိုယ်လို လွတ်လပ်ပျော်ရွှင်စွာနေတတ်သည့် ကောင်လေး ကင်ဂျင်ဟွတ်တို့၏ အကြောင်းကို အခြေခံထားသည်။ Dong Hwa ဟိုတယ်၏ဥက္ကဋ္ဌဖြစ်သူ ဆွန်းဟွန်း သည် ၎င်း၏အဖေပါဝင်ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲများကို ကူညီထောက်ပံ့ပေးသူတစ်ယောက်အဖြစ် လူသိများ ကျော်ကြားသူဖြစ်သည်။ သူမသည်သူမ၏ အဖေစိတ်ကျေနပ်မှုရရှိရန် Tae Kyung Group အမွေခံ ၏သားဖြစ်သူကို လက်ထပ်ခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ အိမ်ထောင်ရေးသည် ကွာရှင်းပြတ်စဲခြင်းဖြင့် အဆုံးသတ်ခဲ့ကြသည်။ သူမသည် လျော်ကြေးအဖြစ် Dong Hwa ဟိုတယ်ကို ပိုင်ဆိုင်ခွင့်ရပြီး လုပ်ငန်းများကို အောင်မြင်စွာ လုပ်ကိုင်ခဲ့သည်။ သူမသည် မိမိအား Dong Hwa ဟိုတယ်၏ ဥက္ကဋ္ဌအနေဖြင့်သာ လူအများ၏ အသိမှတ်ပြုမှုကို ခံချင်ပြီး Tae Kyung Group ၏ ချွေးမဟောင်းအဖြစ် သတ်မှတ်ကြမည်ကို မလိုလားသူဖြစ်သည်။

ဂျင်ဟွတ်သည် Hongjae Dong မှာကြီးပြင်းခဲ့ပြီး အသက်၂၉နှစ် အရွယ်ဖြစ်သည်။ ၎င်းသည် လူများအပေါ် အမြဲ ကြင်နာတတ်ပြီး မိမိ၏အိမ်နီးချင်းများနှင့်လည်းခင်မင်ရင်းနှီးသူဖြစ်သည်။ ရပ်ကွက်ထဲမှ လူကြီးများ၏ ချစ်ခင်စောင့်ရှောက်ခြင်းခံရသူလည်း ဖြစ်သည်။ သူသည် စာတော်သည့်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဘွဲ့ရပြီး တစ်နှစ်ကြာသည်ထိ အလုပ်ရှာမတွေ့သေးသည်ကိုတော့ လူကြီးများက နားမလည်နိုင်ခဲ့ကြပေ။ ဂျင်ဟွတ်သည် အတည်တကျ အလုပ်ရှာဖွေနေရင်းတစ်ဖက်၌လည်း အချိန်ပိုင်းအလုပ်များကို ဝင်ရောက်လုပ်ကိုင်ပြီး ကျူးဘားနိုင်ငံကို လေးပတ်ခန့် အပန်းဖြေခရီးသွားနိုင်ရန် ငွေစုနေခဲ့သည်။ ဤအပန်းဖြေခရီးကို မိမိဘဝတွင် မိမိကိုယ်ကို ပေးသောဆုအဖြစ် သတ်မှတ်ခဲ့သည်။ ဤအခွင့်အရေးမျိုးသည် နောက်တစ်ကြိမ်မရှိနိုင်သော အခွင့်အရေးဟု ၎င်းကသတ်မှတ်ခဲ့သည်။ ထိုခရီးကိုထွက်လာခဲ့ပြီး နောက်ဆုံးရက်မှာတွင် သူသည် လမ်းပျောက်နေသော အမျိုးသမီးတစ်ယောက်နဲ့ ဆုံဆည်းမိခဲ့သည်။ ထိုမှစ၍ သူ၏ ဘဝသည် ပြောင်းလဲခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]