ဆန်ခိုးမမိ ဖွဲခိုးမိ
ပုံပန်းသွင်ပြင်
ဆန်ခိုးမမိ ဖွဲခိုးမိ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]ဆန်ကို ခိုးစဉ်က မမိဘဲ ဖွဲကို ခိုးခါမှ မိသကဲ့သို့ ကြီးလေးသောပြစ်မှု ကျူးလွန်စဉ်က အမှုမဖြစ်ဘဲ သေးငယ်သော ပြစ်မှုကို ကျူးလွန်သည့်အခါမှ အမှုဖြစ်သည်။ အခြားဆိုလိုရင်းတစ်ခုမှာ ဆန်ခိုးသူအား မမိဘဲ ဖွဲခိုးသူကျမှ မိသကဲ့သို့ ကြီးလေးသောပြစ်မှု ကျူးလွန်သူကို မမိဘဲ သေးငယ်သော ပြစ်မှုကို ကျူးလွန်သည့်သူကျမှ မိသည်။ [၁]
ရှေးအခါက လူတစ်ယောက်သည် စပါးနှင့်ဖွဲတို့ကို အိမ်တွင် သိုလှောင်ထားသည်။ တစ်ယောက်သောသူက စပါးကို ခိုးယူ၍ တစ်ယောက်သောသူက ဆောင်းတွင်းအခါ၌ မီးလှုံရန် ဖွဲကို ခိုးယူသည်။ အိမ်ရှင်က သူခိုး စောင့်ဖမ်းသောအခါ ဖွဲသူခိုးကို မိသဖြင့် သင်သည် ဖွဲသာမက စပါးကိုပါ ခိုးသည်ဟုဆိုကာ ရိုက်နှက်၍ အလျော်တောင်းလေသည်။ [ပုံပြင်] [၁]
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "လျှိုးဝှက်လုပ်ငန်းများကို အတော်အတန် အောင်မြင်စွာ ဆောင်ရွက်ခဲ့သည် မှန်သော်လည်း... ဆန်ခိုးမမိ ဖွဲခိုးမိဆိုသကဲ့သို့ ဘာမှမဟုတ်သည့် အကြောင်းကလေးတစ်ခုဖြင့် သူတို့အိမ်သားများကို အကြီးအကျယ် နှိပ်စက်ခဲ့ဖူးလေသည်။ [၁၃၁၅] လူထုပညာ၊ ၃၃။ ၆။