ဆန့်ကျင်နေသော တောင်တန်း (ရုပ်ရှင်)
Brokeback Mountain | |
---|---|
![]() Theatrical release poster | |
ဒါရိုက်တာ | Ang Lee |
ထုတ်လုပ်သူ | Diana Ossana James Schamus |
ဇာတ်ညွှန်း | Larry McMurtry Diana Ossana |
အခြေခံထားသည်မှာ | Annie Proulx ၏ Brokeback Mountain |
သရုပ်ဆောင် | Heath Ledger Jake Gyllenhaal Anne Hathaway Michelle Williams |
ဂီတမှူး | Gustavo Santaolalla |
ဓာတ်ပုံ | Rodrigo Prieto |
တည်းဖြတ် | Geraldine Peroni Dylan Tichenor |
ထုတ်လုပ်ရေး ကုမ္ပဏီ | River Road Entertainment |
ထုတ်ဝေသူ | Focus Features |
ဖြန့်ချိသည့်နေ့ |
|
ကြာမြင့်ချိန် | ၁၃၄ မိနစ် |
နိုင်ငံ | အမေရိကန် ပြည်ထောင်စု ကနေဒါ |
ဘာသာစကား | အင်္ဂလိပ် |
ကုန်ကျငွေ | ဒေါ်လာ ၁၄ သန်း[၁] |
Box office | ဒေါ်လာ ၁၇၈.၁ သန်း[၁] |
ရောင်းရငွေ | ဒေါ်လာ ၁၇၈.၁ သန်း[၁] |
Brokeback Mountain သည် ၂၀၀၅ ခုနှစ်တွင် ရုံတင်ပြသသည့် ထိုင်ဝမ် ဒါရိုက်တာ လီအန်း၏လက်ရာ အချစ်ဇာတ်လမ်း ရုပ်ရှင် ဇာတ်ကားဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေသည့် Annie Proulx ၏ အမည်တူ ဝတ္ထုတိုကို မှီငြမ်း ရိုက်ကူးထားသည်။ ၁၉၆၃ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း အမေရိကန် အနောက်ပိုင်းဒေသမှ အမျိုးသား နှစ်ဦး၏ အချစ်ဇာတ်လမ်း ဖြစ်သည်။[၂]
Brokeback Mountain ဇာတ်ကားသည် ဗီးနစ် ရုပ်ရှင်ပြပွဲတွင် ရွှေခြင်္သေ့ဆုကိုလည်းကောင်း၊ ဗြိတိသျှ ရုပ်ရှင်နှင့် ရုပ်သံ အကယ်ဒမီ ဆုပေးပွဲ၊ ရွှေကမ္ဘာလုံးဆုပေးပွဲအပါအဝင် အရေးပါသည့် ရုပ်ရှင်ဆုပေးပွဲများတွင် အကောင်းဆုံး ဇာတ်ကားနှင့် အကောင်းဆုံး ဒါရိုက်တာဆုကိုလည်းကောင်း ရရှိခဲ့သည်။ ဒါရိုက်တာ လီအန်းသည်လည်း ယင်းဇာတ်ကားဖြင့် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။ Brokeback Mountain ဇာတ်ကားသည် ယနေ့အထိ နံပါတ် ၁၁ မြောက် ဝင်ငွေအကောင်းဆုံး အချစ်ဇာတ်ကားဖြစ်သည်။[၃]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ Brokeback Mountain (2005) - Box Office Mojo။
- ↑ Proulx, Annie; McMurtry, Larry; Ossana, Diana (2005, 2006). Brokeback Mountain: Story to Screenplay. London, New York, Toronto and Sydney: Harper Perennial. ISBN 978-0-00-723430-1.
- ↑ Top Grossing Romantic-Dramas။ Box Office Mojo (2006)။