ဆင်သွားလျှင် လမ်းဖြစ်
ပုံပန်းသွင်ပြင်
ဆင်သွားလျှင် လမ်းဖြစ် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ မြန်မာစကားပုံ တစ်ခုလည်း ဖြစ်သည်။[၁]
အနက်အဓိပ္ပာယ်
[ပြင်ဆင်ရန်]ဆင်သွားရာတစ်လျှောက်သည် မြေသားကျစ်လျစ်ခိုင်မာသဖြင့် စိတ်ချရသော လမ်းကောင်း ဖြစ်သကဲ့သို့ ပညာကြီးသူများ လက်ခံအသုံးပြုသော နည်းလမ်းသည် စိတ်ချရသော နည်းလမ်းကောင်း ဖြစ်သည်။ အခြားဆိုလိုရင်းတစ်ခုမှာ လမ်းမရှိသည့်နေရာ ဖြစ်စေကာမူ ဆင်သွားလျှင် လမ်းဖြစ်သွားသကဲ့သို့ အရှိန်အဝါကြီးသူတစ်ဦး လုပ်ဆောင်ပြောဆိုလျှင် အစဉ်အလာ ဖြစ်သွားသည်။ [၁] [၂]
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "ဆင်သွားလျှင် လမ်းဖြစ်တယ်ဆိုတာ ငါ့တူကြားဖူးမှာပေါ့။" [၁၃၄၇] ရေဆန်။ ၅၈။ [၂]