ဆင်သေကို ဆိတ်ရေနှင့်ဖုံး
ပုံပန်းသွင်ပြင်
ဆင်သေကို ဆိတ်ရေနှင့်ဖုံး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]အကောင်အထည် ကြီးမားသည့် ဆင်သေကို သေးငယ်သော ဆိတ်သားရေနှင့် ဖုံးသကဲ့သို့ ကြီးမားသော ပြဿနာကို မခိုင်လုံသော ဆင်ခြေဖြင့် ဖုံးကွယ်ရန် အားထုတ်သည်။ [၁]
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "ကျွန်ုပ်တို့ နိုင်ငံရှိ လူ ၁၇-သန်းတွင် ၁၇-ယောက်မျှသာ ဥပဒေအကြောင်းကို ကောင်းကောင်းနားလည်သည်ဟု ဆိုခြင်းသည် ဆင်သေကို ဆိတ်သားရေနှင့် ဖုံး၍မရသကဲ့သို့ ရှိချေသည်။" [၁၃၂၇] သန်းဆန်း။ ၂၇၄။
- "မင်းက ငါဘာမျှ မသိဘူးထင်ပြီး ဆင်သေကို ဆိတ်ရေနဲ့ဖုံး တာမျိုးတော့ မလုပ်ပါနဲ့ကွာ။" [၁၃၃၁] မြဝတီ၊ ၁၈၊ ၃။ ၂၀၈။