ဆင်မတတ်နိုင်၊ ကြွက်တတ်နိုင်၏

ဝီကီပီးဒီးယား မှ

ဆင်မတတ်နိုင်၊ ကြွက်တတ်နိုင်၏ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဆင်သတ္တဝါ မဆောင်ရွက်နိုင်သော ကိစ္စကို ကြွက်သတ္တဝါက ဆောင်ရွက်နိုင်သည်ဆိုသကဲ့သို့ တစ်ခါတစ်ရံ အင်အားကြီးသူ ရာထူးဂုဏ်သိန်ကြီးသူတို့ မဆောင်ရွက်နိုင်သော ကိစ္စကို ထိုအောက်ငယ်သူတို့က စွမ်းဆောင်နိုင်သည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ခဲကတ်ရေးရာ။ ရံခါလူတွင်၊ ဖြစ်မြဲအင်ကား၊ ဆင်မတတ်နိုင်ကြွက်တတ်နိုင်၏၊ လက်ကိုင်စွဲထုံ၊ အရေးပုံဖြင့်၊ မှတ်ယုံတသီး၊ လွန်လေပြီးက၊ ဆင်ကြီးကြွက်ငယ်၊ ဝတ္ထုနှယ်သို့၊ ပြုဖွယ်ကိစ္စ၊ ကိုယ်နှင့်မျှအောင်၊ ဆောင်မှမချွတ်၊ ပြီးကြတတ်ရှင့်၊" [၁၂၆၆] မဃ * ၃၁၈။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၂။