ဆင်ဖိုးထက် ချွန်းဖိုးကြီး

ဝီကီပီးဒီးယား မှ

ဆင်ဖိုးထက် ချွန်းဖိုးကြီး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဆင်၏တန်ဖိုးထက် ချွန်း၏တန်ဖိုးက ကြီးသည် ဆိုသကဲ့သို့ ပင်မပစ္စည်းတန်ဖိုးထက် အပိုကိရိယာ တန်ဆာပလာတန်ဖိုးက ပိုကြီးနေသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဆင်ဖိုးထက် ချွန်းဖိုးကြီး ဟူသကဲ့သို့ ပူဇော်သော ဘုရားက တစ်ပဲလေးရွေးသား၊ အနေကဇာတင်တာက တစ်ရာကိုးဆယ်ဆိုသလို အကျယ်အပိုတွေများလျက်..." [၁၂၈၀-ခန့်] ထိလက်စွဲ၊ ဒု။ ၁၁၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၀။