ဆင်ချည်သောကြိုး ကြက်ချည်သော် မမြဲ၊ ကြက်ချည်သောကြိုး ဆင်ချည်သော် မခိုင်

ဝီကီပီးဒီးယား မှ

ဆင်ချည်သောကြိုး ကြက်ချည်သော် မမြဲ၊ ကြက်ချည်သောကြိုး ဆင်ချည်သော် မခိုင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဆင်ချည်သော ကြိုးဖြင့် ကြက်ကို ချည်သော် ကျွတ်ရာ၏။ ကြက်ချည်သော ကြိုးဖြင့် ဆင်ကို ချည်သော် ပြတ်ရာ၏။ ထို့အတူ ဝန်နှင့်အား လျော်ကန်ခြင်းမရှိလျှင် လုပ်ငန်းချောမွေ့ အောင်မြင်ခြင်း မရှိနိုင်။ [၁]

အရှင်မင်းကြီး၊ ဆင်ကို ချည်သော ကြိုးသည်လည်း ဆင်၏ ခြေတွင် ချည်မှ မြဲချေသည်။ ကြက်ခြေမှာ ချည်လေသော် ကျွတ်၏။ ကြက်ခြေတွင် ချည်သော ကြိုးသည်လည်း ကြက်ခြေတွင်ချည်မှ မြဲချေသည်။ ဆင်ခြေမှာ ချည်သော် ပြတ်၏။ တစ်ရပ်တစ်ရွာ အခြားအနား ဖြစ်သောကြောင့် ဆွေတော် မျိုးတော်ဖြစ်မှ သာလျှင် ထိုက်လိုက်ရာသည်။ [၁၁၄၃] ဏိပုံ။ ၇၄။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဆင်မှာဆင်ကြိုး၊ ကြက်ကြိုးကြက်သာ၊သင့်တန်စွာ၏၊" [၁၂၆၆] မဃ * ၁၈၄။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၉။