ဆင်ကောင်ကြီးတွေ့မှ ဆင်ခြေရာရှာရန်မလို

ဝီကီပီးဒီးယား မှ

ဆင်ကောင်ကြီးတွေ့မှ ဆင်ခြေရာရှာရန်မလို ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဆင်ကောင်ကို တွေ့ရပြီးဖြစ်၍ ဆင်ဟုတ်မဟုတ် ခြေရာရှာဖွေကြည့်ရန် မလိုတော့သကဲ့သို့ လက်ဆုပ်လက်ကိုင်တွေ့ထားပြီးဖြစ်၍ ဟုတ်မဟုတ် သဲလွန်စရှာရန် မလိုတော့ပေ။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ထေရာဂါထာအဋ္ဌကထာ၌ တိုက်ရိုက်လာသည်ဖြစ်၍ ဆင်ကောင်ကိုစင် တွေ့မြင်၍ရှိပါလျက် ပစာမူ၍ ဆင်ဆေရာကို ရှာတော့အံ့နည်း။" [၁၂၁၈] ရာဇသေ။ ၁၇။
  • "ဆင်ကောင်တွေ့နေမှဖြင့် ဆင်ခြေရာ ဘာရှာဖို့လိုသေးသလဲ။ ရှင် သူဖိုးဉာဏ်နဲ့ လိမ်တာညာတာတွေ လုံးလုံးကြီး ပေါ်နေပေါ့ဟာ။" [၁၂၉၁] ဒဂုန်၊ ၁၀၊ ၁၁၀။ ၃၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၇။