ဆင်ကန်းတောတိုး

ဝီကီပီးဒီးယား မှ

ဆင်ကန်းတောတိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဆင်ကန်းသည် လမ်းမှန်းမသိ၊ တောချုံမှန်းမသိ ဇွတ်တိုး၍ သွားသကဲ့သို့ ဉာဏ်အမြော်အမြင် နည်းပါးသူသည် အမှန်အမှားကို မသိ၊ မိမိ ထင်ရာမြင်ရာ ဇွတ်ပြောဆိုပြုမူသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကျစ်လျစ်မရှိ၊ အငြိငြိတည့်၊ ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့၊" [၈၈၅] ကိုး * ၂၆။
  • "ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမရှိသော မိုက်ရူးရဲနှင့်..." [၁၃၁၄] ကိုယ်ကျင့်။ ၁၀၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၈။