စ​မြောင်

ဝီကီပီးဒီးယား မှ

စမြောင် ဆိုသည်မှာ ဘုရင်မင်းမြတ် ထွက်တော်မူသောအခါ တပ်တော်ဦးက သိုင်း (တနည်း) လောက်လေး ကိုင်ကာ လမ်းရှင်းပေးရသော အမှုထမ်းကို ခေါ်သည်။ လမ်းမဖယ်ပေးသူများ၊ လမ်းဘေးတွင်ဒူးတုပ်မခစားသူများ၊ မော်မဖူးနေသောသူများကိုတွေ့ရှိပါက ကြိမ်ဖြင့်ရိုက်ပြီး ညွှန်ကြားသွားရသည်။


ခရီး အနီးအဝေး ထွက်စံတော်မူသည့်အခါ တပ်ဦးတော်က သိုင်းကိုင်၊ လောက်လေးကိုင်နှင့် ဝဲယာလိုက်ရသည်၊ လှေတော်မှာ၎င်း ပွဲတော်မှာ၎င်း ကဝါ တော်မှာ၎င်း အသန့်ဟင်းသီးဟင်းရွက်တော်မှာ၎င်း စားတော်ကွမ်းခြင်းမှာ၎င်း အတွင်းဆိုင်းတော်မှာ၎င်း သိုင်းရွှေချစိုက်၍ဆောင်ယူရသည်၊ လွှတ်တော်မှာ လွှတ်တက်သည့်အခါတွင် အသည်အသံမရှိစေရ ကြိမ်စွဲ၍ တားမြစ်ရသည်၊ နားခံတော် အမိန့်တော်ဖတ်ပြန်မည့် အခါတွင်လည်း “တိတ်စေ” ဟူ၍ ဆင့်ဆို ရသည်၊ အမှုထမ်း ၂၃-တို့မှာ စားပုံလယ် ၂၃-ပယ် သနားတော်မြတ်ခံရသည်။ [ရွှေနန်းသုံးဝေါဟာရအဘိဓာန် ၁]

နားခံတော်နှင့်အတူ တာဝန်ထမ်းရွက်ရခြင်း[ပြင်ဆင်ရန်]

နားခံတော်မှာ ညနေ သုံးချက်တီးခါနီး တိုင်အောင်

ဗြဲ တိုက်က စောင့်နေရသည်။ အမိန့်တော် တစုံတရာ ထွက်လာလျှင် သံတော်ဆင့်က နားခံတော်သို့ အပ်သည်၊ နားခံတော်ကလည်း အမိန့်တော်စာကို ရိုသေစွာကိုင်ဆောင်၍ ညနေ သုံးချက်တီးသည်နှင့် တပြိုင် နက် ဗြဲတိုက်မှ ထွက်လာပြီးလျှင် လွှတ်တော်ရောက်ကာလ သီဟာသနရာဇ ပလ္လင်တော်၏ လက်ဝဲဘက်၌ အိမ်ရှေ့မင်း နေရာတော်ဖြစ်သော ကတ္တီပါကွပ် သင်ဖြူးရှိရာသို့ ဦးသုံးကြိမ်ချပြီးမှ ပါလာသော အမိန့်တော်ကို ဖတ်ပြန်ရသည်။ အမိန့်တော် မဖတ်မီ စမြှောင်က “ တိတ်စေ” ဆိုလိုက်သည်နှင့် တပြိုင်နက် လွှတ်တော်အရာရှိများသည် မိမိတို့ နေရာမှ ဆိတ်ငြိမ်စွာနေ၍ အမိန့်တော်ကို နာခံရသည်၊ ဤအခါ ဝန်ကြီးမင်းဖြစ်စေ၊ ဝန်ထောက်မင်းဖြစ်စေ ရှိရသည်၊

ကိုးကားချက်[ပြင်ဆင်ရန်]

  1. ရွှေနန်းသုံးဝေါဟာရအဘိဓာန်၊ စာမျက်နှာ - ၁၄၈-၁၄၉ ၊ ၁၆၇ - စမြောင်။