သိုင်း (အဆောင်အယောင်)

ဝီကီပီးဒီးယား မှ

မြန်မာမင်းထွက်တော်မူရာတွင် လမ်းဘေးဝဲယာရှိ ပြည်သူတို့အရိုအသေပြုကြစေရန် ရှေ့များက စမြောင် (သိုင်းကိုင်) ၂၊ အတွင်းရွှေမောင်း ၂၊ စည်တို ၁၀၊ ပလုတ် ၁၊ နှဲကြီးနှဲငယ် ၂၊ ဗုံရှည်အသေး ၁၊ ဝဲယာ ကြိမ်လုံးစွဲ၊ လောက်လေးကိုင်စသည်တို့လိုက်ရသည်။

သိုင်းအဓိပ္ပာယ်[ပြင်ဆင်ရန်]

သိုင်းကျိုင်းယပ်မားထီးဖြူဟူသည့် စကားတွဲလျက်ကို ကြားဖူးကြားလိမ့်မည်။

သိုင်းဟူသည်မှာ ၃တောင်အရှည်ရှိသော လက်မလျော့ပတ်လည်ရမထာကြိမ်လုံးကို အရင်းအဖျားကွေးညွတ်စေပြီး အဖျား၏ သုံးပုံ နှစ်ပုံတွင် ပုဝါစ ဖြူ၊ ဝါ စသည့်အရောင်တို့ ချည်နှောင်၍ ကြိမ်၏ အလယ်ခေါင်ကို သိုင်းတော်ကိုင်အားမှ ကိုင်စေပြီး အစိုးရမင်းများ၊ ဩဇာကြီးမား ပုဂ္ဂိုလ်တို့သွားရာလမ်းတလျှောက်ရှေ့တွင် လူသူများရှင်းလင်းစေရန် ရည်ရွယ်အသုံးပြုသည်။ ထိပ်ဆုံးမှ သိုင်း ခေါ် အရိုးရှည်သော ကြိမ်ချောင်းသည် လမ်းရှင်းရာတွင် သုံးသည်ဟု ဆိုက ပို၍ သင့်တော်ပါသည်။[၁]

မြန်မာ့သိုင်းတော်

ပုံသဏ္ဌာန်မှာ ၁လက်မပတ်လည်၊ ၉ပေအရှည်ကြိမ်လုံးကို အရင်းအဖျားနှစ်ရပ်လုံး ကွေးညွတ်စေပြီး သိုင်းတော်ကိုင်မှ ကြိမ်အလည်ခေါင်မှ ထောင်လျက်ကိုင်ထားရခြင်းဖြစ်ရာ လေးပုံသဏ္ဌာန်ဖြစ်နေပါသည်။

သိုင်းသုံးစွဲပုံ[ပြင်ဆင်ရန်]

သိုင်းရွှေချသုံးစွဲရသော အရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

သာသနာပိုင်[ပြင်ဆင်ရန်]

သာသနာပိုင်ထွက်တော်မူရာ ခရီးတို့၌ ဝင်းခင်း၍ ထမ်းစင်၊ ကျိုင်း၄လက်၊ ရွှေချသိုင်း၂ချက်သုံးစွဲခွင့်ရသည်။

ပွဲတော်[ပြင်ဆင်ရန်]

ဆယ်နှစ်ရာသီပွဲတော်များဖြစ်သည်။

ကဝါတော်[ပြင်ဆင်ရန်]

မှူးမတ်[ပြင်ဆင်ရန်]

သက်တော်ရှည် အမတ်ကြီးများ၊ ဝန်ကြီးများတို့ ဘုရင်သနားတော်မြတ်ခံရလျှင် သိုင်း၊ ကျိုင်း၊ ထမ်းစင် အသုံးပြုခွင့်ရသည်။

လှေတော်[ပြင်ဆင်ရန်]

လှေတော်၏ နောက်မြီး၊ ပိတ်ဖြူ ၂တောင်၊ ၎င်းပေါ် ရွှေ စက်ဝန်းတွင်းရှိ ကဒေါင်းရွှေရုပ်၊ အနားရွှေသတ်ဘုရား။

ဆိုင်းတော်[ပြင်ဆင်ရန်]

ခရီးအနီးအဝေးထွက်တော်မူရာ၌ အတွင်းဆိုင်းတော်တွင် သိုင်းရွှေချစိုက်ထူ၍ လိုက်ရပေသည်။

အသန့်ဟင်းသီးဟင်းရွက်တော်[ပြင်ဆင်ရန်]

အနီးအဝေး ထွက်တော်မူရာ၍ အသန့်ဟင်းသီးဟင်းရွက်တော်များ၌ သိုင်းရွှေချစိုက်ထူ၍ ဆောင်ယူရသည်။

စားတော်ကွမ်းခြင်း[ပြင်ဆင်ရန်]

ခရီးအနီးအဝေးထွက်တော်မူရာ ၎င်း၌ သိုင်းရွှေချစိုက်၍ ဆောင်ယူရသည်။

ဆိုင်းဝိုင်း၌ အသုံးပြုပုံ[ပြင်ဆင်ရန်]

ရတနာပုံခေတ်မြန်မာဆိုင်းဝိုင်းသည် မြန်မာမင်းချီးမြှောက်မှုဖြင့် မှန်တပ် စိန်ဆိုင်း၊ မြဆိုင်း၊ ပတ္တမြားဆိုင်းဟူ၍ ရှိရာ ရွှေသိုင်း နှစ်ချက်ကို တပ်ဆင်သင့်ရာတပ်စေသည်။ အတွင်းဆိုင်းရှိရာတွင် " မှန်ဖြူ မှန်နီ မှန်စိမ်း စီချယ်သည့် ဆိုင်းတော် ၃-ရပ်ကို စိန်ဆိုင်း မြဆိုင်း ပတ္တမြားဆိုင်း သမုတ်၍ သိုင်းစိုက်သင့်သည့်ဆိုင်းကို သိုင်းစိုက်ထူ တီးမှုတ် ထမ်းရွက်ရသည့် ဆိုင်းတော်ဖြစ်၍ အတွင်းဆိုင်း သမုတ်သည်။ အတွင်းဆိုင်း တော် အမှုထမ်းလူ ၂၄၄-တို့မှာ လယ် ၂၄၄-ပယ်အစား သနားတော်မြတ်ခံရသည်။"[၂]

အနီသုတ် အဆစ်ရွှေချသိုင်း
ထွက်တော်မူရွှေချသိုင်းနှစ်ချက်
အနီသုတ်သိုင်းတော်

ယနေ့ခေတ်သုံးစွဲပုံ[ပြင်ဆင်ရန်]

တောင်ပြုန်းနန်းရှိ သိုင်းတော်

မန္တလေးတိုင်း‌ဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းရွာရှိ တောင်ပြုန်းနန်းတော်ကြီးတွင် အနီသုတ် အဆစ်ရွှေချ သိုင်းတော်ကို လေ့လာကြည့်ရှုနိုင်ပါသည်။ တောင်ပြုန်းမင်းနှစ်ပါးပွဲတော်တွင် မြန်မာမင်းများလက်ထက်တော်ကဲ့သို့ သိုင်းကို သိုင်းတော်အမှုထမ်းထားစေ၍ ဝင်းခင်းကြရာ၍ ၎င်းသိုင်းအမှုထမ်းကို ရှေ့ဆုံးမှ သိုင်းကိုင်ဆောင်၍ ဦးဆောင်သွားစေပြီး အခမ်းအနားအစီအစဉ်အတိုင်းကျင်းပခြင်းဖြစ်သည်။

အနီသုတ် အဆစ်ရွှေချ သိုင်းတော်

ကိုးကား[ပြင်ဆင်ရန်]

  1. စမြောင်သည် အမှန်မှာဖြင့် ကြိမ်ကိုင်အမှုထမ်းဖြစ်သည်။ ၆တောင် (၉ပေ)ရှည်သော ကြိမ်ချောင်းကို ကွေးညွတ်စေပြီး အဖျားတွင် ပိတ်စ၊ ချည်စသိုင်းချည်ထားပြီး ၎င်း ကြိမ်ချောင်းကို ထီးဟန်နန်းဟန်ဖြင့် သိုင်းတော်ဟုခေါ်သည်။
  2. ရွှေနန်းသုံးဝေါဟာရအဘိဓာန်၊ အမှတ်စဉ် - ၁၇၃ အတွင်းဆိုင်း