စွန့်ခြင်းကြီးငါးပါး

ဝီကီပီးဒီးယား မှ

စွန့်ခြင်းကြီး ၅-ပါး။ ဇာတ် အဋ္ဌကထာ။ သတ္တမအုပ်။ ၃၃၃-၌ အကျယ်ရှုပါ။ သမ္မာသမ္ဗောဓိဆုပန် အလောင်းတော်များ လိုက်နာကျင့်ကြံအားထုတ်ရသည့် ပါရမီဖြည့်ခြင်းဆိုင်ရာ စည်းမျဉ်းကြီးငါးချက်။

  • ၁။ ဓနပရိစ္စာဂ- စွန့်နိုင်ခဲလှစွာသော မင်းစည်းစိမ် ရတနာ, ဆင်,မြင်း စသည်ကိုစွန့်ခြင်း၊
  • ၂။ အင်္ဂ ပရိစ္စာဂ- ခြေလက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းကိုစွန့်ခြင်း၊
  • ၃။ ပုတ္တ ပရိစ္စာဂ- သားတော်သမီးတော်တို့ကိုစွန့်ခြင်း၊
  • ၄။ ဘရိယ ပရိစ္စာဂ- မယားကိုစွန့်ခြင်း၊
  • ၅။ ဇီဝိတ ပရိစ္စာဂ- မိမိအသက်ကိုစွန့်ခြင်း။

မှတ်ချက်။ ဤအရာနှင့်ပတ်သတ်၍ ထိုထိုအဋ္ဌကထာ ဋီကာစသောကျမ်းဂန်အစောင်စောင်တို့၌ ဝါဒအမျိုးမျိုး မတူကွဲပြားခြားနား စွာယူပုံကို ဓမ္မပဒ၊မဟာဋီကာ၌ ရှုပါ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း