စူရာဟ်ဖာသိဟ

ဝီကီပီးဒီးယား မှ

စူရာဟ်ဖာသိဟ (အင်္ဂလိပ်: Al Fatiha; အာရပ်: الفاتحة‎, IPA: [alˈfaːtiħa]) သည် အလ္လာဟ်အရှင်မြတ်၏ ချပေးထားသော လူသားတို့ဖတ်ရွတ်ရမည့် ကုရ်အာန်ကျမ်းတော်မြတ်၏ (အဓိပ္ပာယ် မှာ - အဖွင့်ကဏ္ဍ) အစဖြစ်သည်။ ဤ စူရာဟ်တွင် မုက္ခပတ်တော်ပေါင်း (၇) ပါးပါဝင်ပြီး မက္ကဟ်မြို့တွင် ကျရောက်ခဲ့တော်မူသည်။

ٱلۡفَاتِحَةِ

စာသား[ပြင်ဆင်ရန်]

စာသားနှင့် ရောမအက္ခရာဖလှယ်ခြင်း[ပြင်ဆင်ရန်]

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ۝
1 Bismi l-lāhi r-raḥmāni r-raḥīm(i)
ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَٰلَمِينَ لا۝‎
2 ’al ḥamdu lil-lāhi rab-bi l-‘ālamīn(a)
ٱلرَّحْمَٰنِ ٱلرَّحِيمِ لا۝‎
3 ’ar raḥmāni r-raḥīm(i)
مَٰلِكِ يَوْمِ ٱلدِّينِ قلے۝‎
4 Māliki yawmi d-dīn(i)
إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ قلے۝‎
5 ’iy-yāka na‘budu wa’iy-yāka nasta‘īn(u)
ٱهْدِنَا ٱلصِّرَٰطَ ٱلْمُسْتَقِيمَ لا۝‎
6 ’ihdinā ṣ-ṣirāṭa l-mustaqīm(a)
صِرَٰطَ ٱلَّذِينَ أَنْعَمْتَ عَلَيْهِمْ لا٥ غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ ع۝‎
7 Ṣirāṭa l-ladhīna ’an‘amta ‘alayhim, ghayri l-maghḍūbi ‘alayhim wala ḍ-ḍāl-līn(a)

အင်္ဂလိပ်ဘာသာပြန်[ပြင်ဆင်ရန်]

1 In the name of Allāh, the Entirely Merciful, the Especially Merciful.
2 [All] praise is [due] to Allāh, Lord of the worlds –
3 The Entirely Merciful, the Especially Merciful,
4 Sovereign of the Day of Recompense.
5 It is You we worship and You we ask for help.
6 Guide us to the straight path –
7 The path of those upon whom You have bestowed favor, not of those who have evoked [Your] anger or of those who are astray.
ဘာသာပြန်။ Saheeh International,[၁] 1997

မြန်မာဘာသာပြန်[ပြင်ဆင်ရန်]

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူထသော အနန္တ ကရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် (အစပြုပါ၏)။
ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြဝဠာ အပေါင်းတို့ကို (မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့်) ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။
(အလ္လာဟ်အရှင်မြတ်သည်) မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူ၏။
(အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန် သောသတ္တဝါတို့ကို ရှင်ပြန်ထစေတော်မူ၍ သူတော်စင်တို့အား)ကောင်းကျိုး၊ (မသူတော်တို့အား)မကောင်းကျိုး ပေးတော်မူမည်ဖြစ်သောနေ့ ကိုအစိုးရတော်မူသောအရှင်ဖြစ်သည်။
ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင်ခယရိုကျိုး ရှိခိုးဆည်းကပ်ကြပါ၏။ ထို့ပြင်တဝ ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူပါရန်အရှင်မြတ် အထံတော်၌သာလျှင် ဆုတောင်းပတ္ထနာပြုပါ၏။
(အို-အလ္လာဟ်အရှင်မြတ်)ကျွန်တော်မျိုးတို့အားအစစ အရာရာတွင် ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်များ ကို ညွှန်ကြား ပြသတော်မူပါ။
အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည်(မေတ္တာကရုဏာသက်ဝင်တော်မူ၍) သုခချမ်းသာ ဂုဏ်ကျေးဇူးကို ပြုခဲ့လေပြီဖြစ်၏။ ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကို (ကျွန်တော်မျိုးတို့အားလည်း ညွှန်ကြားပြသတော်မူပါ။)(ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်း မဟုတ်။[၂]

ကိုးကား[ပြင်ဆင်ရန်]