စုတ်တံ

ဝီကီပီးဒီးယား မှ

စုတ်တံသည် ပန်းချီကားများ ရေးဆွဲရန်၊ တိုက်တာအဆောက်အဦများ ဆေးရောင်ချယ်ရန်၊ မျက်နှာအလှပြုပြင်ချယ်သရန် အတွက် အသုံးပြုကြသည်။

စုတ်​တံ(paint brushes) များ၏ စုတ်​တံ အ​မွှေး/မျှဉ်​ တို့ကို အ​ခြေခံပုံစံ နှစ်​မျိုးဖြင့် ပြုလုပ်​ထားကြသည်​။

  1. သဘာဝသား​မွှေးများ( Natural hairs)

ခေါ် တိရစ္ဆာန်​ များ၏ သား​မွှေးများ။

  1. လူတို့ပြုလုပ်​ထားသည့် Synthetic Fiber မျဉ်​များဖြစ်​ကြသည်​။

သဘာဝသား​မွှေးများ (Natural hairs)[ပြင်ဆင်ရန်]

ရရှိသည့် တိရစ္ဆာန်​များမှာ....

မြွေပါ မျိုးစိတ်​(weasel)တိရ စ္ဆာန်​၏အမြီး ​မှရသည့်အ​မွှေး)

  • Red sable ( Red hair )အနီ​ရောင်​ရှိ​သော​မြွေပါ မျိုးစိတ် (Weasel) တိရ စ္ဆာန်​၏ အ​မွှေး)

မှတ်​ချက်​။ ...kolinsky sable ကို Red sable သို့မဟုတ်​ Sable hair အဖြစ်​သိထားကြသည်​။


Watercolor အတွက်​ အရည်​အ​သွေး အ​ကောင်းဆုံးနှင့် ​ဈေးကြီးသည့် စုတ်​တံများမှာ Sable hair brushes များဖြစ်​သည်​။ ထို့ပြင်​ soft synthetic brushes များသည်​လည်း Sable hairs brushes ကဲ့သို့ watercolor ​ရေးရန်​ ​ကောင်းမွန်​​ပေသည်​။

လူတို့ပြုလုပ်​ထားသည့် (Synthetic fiber) မျဉ်များ[ပြင်ဆင်ရန်]

Nylon (နိုင်​လွန်​)၊ polyester (ပိုလီစတား) တို့ဖြစ်​သည်​။ ထို့​ကြောင့် Synthetic brushes များကို Nylon သို့မဟုတ်​ polyester သို့မဟုတ်​ ၎င်း နှစ်​မျိုးတို့ဖြင့် ပေါင်းစပ်​ ထုတ်​လုပ်​ထားကြသည်​။

  • Acrylic အတွက်​အ​ကောင်းဆုံး စုတ်​တံများမှာ Synthetic brushes များဖြစ်​ကြသည်​။ ၎င်း synthetic brushes များသည်​ ဈေးနှုန်းလည်း သက်​သာသည်​။
  • ဆီ​ဆေး(oil) အတွက်​ အ​ကောင်းဆုံးစုတ်​တံများမှာ ...
  • Natural Hog hairs စုတ်​တံများနှင့်
  • Sable hairs brushes များဖြစ်​သည်​။

watercolor brushes Types ​ခေါ် Shape များ[ပြင်ဆင်ရန်]

အဓိက (4) မျိုးသာရှိသည်​။

  1. Round
  2. Flat
  3. Wash
  4. Detail တို့ဖြစ်​ပြီး


Flat Shape သည်​ ​အောက်​ပါ(3)မျိုး ထပ်​မံ ကွဲပြားသွားသည်​။

  1. Bright
  2. Filbert
  3. Angular တို့ဖြစ်​သည်​။

Wash Brushes နှစ်​မျိုးမှာ

  1. Hake (flat)
  2. Mop (Round) တို့ဖြစ်​သည်​။


Detail (အ​သေးစိတ်​) brushes များမှာ

  1. Spotters နှင့်
  2. Riggers တို့ဖြစ်​သည်​။

​ရေ​ဆေးစုတ်​တံ အ​ကောင်းစား တံဆိပ် ​(Brands) များ[ပြင်ဆင်ရန်]

  • Winsor & Newton Series 7 Kolinsky Sable brushes.
  • Raphael ,Kolinsky sable brushes Fine point round brush.
  • Da Vinci Maestro ,series 35, Kolinsky sable brush for Watercolor.
  • Silver Brush black, Velvet watercolor brush set.
  • Robert Simmons , White sable brush pack

တို့ဖြစ်​ကြသည်​။


ထို့ပြင် acrylic painting ​ရေးဘို့ စုတ်​တံ​ရွေးချယ်​ရာတွင်​ ဆီ​ဆေးသမားများသုံးသည့် တောင့်တင်းခိုင်​မာပြီး ထိုးထိုး​ထောင်​​ထောင်အ​မွှေးရှိ ​သော စုတ်​တံများ( Stiff bristles) ကို အသုံးပြုနိုင်​​သလို ​ရေ​ဆေးပန်းချီကား​ရေးဆွဲရန် ထုတ်​လုပ်​ထားသည့် Synthetic brushes များကို သုံးနိုင်​​သည်​။

သို့​သော်​လည်း acrylic paint ​ဆေးသားသည်​ ဆီဆေးထက်​ ပိုမို ​ပျော့​ပျောင်း​ပြီး​ရေ​ဆေး (paint)ထက်​ ​ဆေးသားထူပြစ်​သည်​။ ထို့​ကြောင့် Acrylic စုတ်​တံသည်​ ဆိီ​ဆေးစုတ်​တံ​လောက်​ မာ​ကြော​နေစရာ မလိုပဲ၊ ရေဆေးစုတ်​တံထက် ​တော့ အ​မွှေး ပိုမို ​တောင့် တင်းသင့်​ပေသည်​။ တနည်းအားဖြင့် ​ရေ​​ဆေးစုတ်​နှင့် ဆီ​ဆေးစုတ်​တံ တို့အ​နေအထား၏ အကြား (အလယ်​အလတ်​)မှာရှိရ​ပေမည်​။

အရည်​အ​သွေးမှီ​သော ၊​ကောင်းမွန်​​သော စုတ်​တံများသည်​ ပန်းချီကား​ကောင်းများဖြစ်​​ပေါ် စေနိုင်​သဖြင့် စုတ်​တံများသည်​ ပန်​းချီ​ရေးဆွဲရာတွင်​ လိုအပ်​​သော အသုံးအ​ဆောင်​ပစ္စည်းများထဲ၌ အ​ရေးကြီးဆုံးအပိုင်းမှ ပါဝင်​​နေသည်​။ ထို့​ပြင်​ မည်​မျှပင်​ ကျွမ်းကျင်​​သော ပန်းချီဆရာ ဖြစ်​ပါ​စေ အသုံးပြု​သော စုတ်​တံ မ​ကောင်းမွန်​ပါက ပန်းချီကား​ရေးဆွဲရာတွင်​ အခက်​အခဲများနှင့် ရင်​ဆိုင်​ရပါလိမ့်မည်​။


ကောင်းမွန်​​သော ဆီ​ဆေးစုတ်​တံ တစ်​​ချောင်းသည်​ စုတ်​​မွေးတွင်​ ​ဆေးကိုသယ်​​ဆောင်​ထားစဉ်​နှင့် ​စုတ်​ချက်​ ​ရေးဆွဲပြီးတိုင်း ပြန်​လည်​ရုန်းကန်​၍ သူ၏ နဂိုမူလ စုတ်​​မွေး (shape) ပုံစံအတိုင်း ပြန်​လည်​တည်​ရှိ​နေ​ပေမည်​။ ဆိုလိုသည်​မှာ စုတ်​တံတွင်​ဆေးရှိစဉ်​နှင့် ​ရေးဆွဲပြီးတိုင်း စုတ်​တံ အ​မွှေးပုံစံ မ​ပြောင်းလဲ​ပေ။


ညံ့သည့်စုတ်​တံမှာ​တော့ ​ဆေးသယ်​​ဆောင်​ထားစဉ်​နှင့် ​ရေးပြီးတိုင်း သူ၏ နဂို စုတ်​တံ​မွှေးပုံစံကို မရရှိနိုင်​​ပေ။


ကိုးကား[ပြင်ဆင်ရန်]