စီဒစ်(ခ်) ဘာလေး
စီဒစ်(ခ်) ဘာလေး Seediq Bale | |
---|---|
![]() ရုပ်ရှင်ပိုစတာ | |
ဒါရိုက်တာ | ဝေ့တယ်စိန့် |
ထုတ်လုပ်သူ | ဂျွန်ဝူး Jimmy Huang |
စာရေးသူ | ဝေ့တယ်စိန့် |
သရုပ်ဆောင် | Umin Boya Masanobu Ando Landy Wen Irene Luo Vivian Hsu |
ဂီတမှူး | Ricky Ho |
ဓာတ်ပုံ | Chin Ting-Chang |
ထုတ်ဝေသူ | Fortissimo Films |
ဖြန့်ချိသည့်နေ့ | ၉ စက်တင်ဘာ ၂၀၁၁ |
နိုင်ငံ | ထိုင်ဝမ် |
ဘာသာစကား | စီဒစ်(ခ်)၊ ဂျပန်၊ မင်နန်၊ တရုတ် |
ကုန်ကျငွေ | USD 24,000,000 |
စီဒစ်(ခ်) ဘာလေး (စစ်မှန်သော လူသား) သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ရုံတင်ပြသသည့် ထိုင်ဝမ် ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ် ဂျပန်ကိုလိုနီခေတ်အတွင်း ထိုင်ဝမ်တိုင်းရင်းသား စီဒစ်(ခ်)လူမျိုး မိုနာ ရူဒေါင်း ဦးဆောင်သည့် ဂျပန်တော်လှန်ရေး သမိုင်းဖြစ်ရပ်မှန်ကို ကိုးကားရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။ ၎င်းသည်လည်း ဒါရိုက်တာ ဝေ့တယ်စိန့်၏ ဒုတိယမြောက် ဇာတ်လမ်းရှည် ဇာတ်ကားဖြစ်သည်။
ဝေ့တယ်စိန့်သည် ၂၀၀၃ ခုနှစ်တွင် ၅ မိနစ်ကြာ ကားပိုင်းတိုကို အစမ်းရိုက်ကူးပြီး ငွေရင်းစိုက်ပေးမည့်သူကို ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၂၀၀၈ ခုနှစ်တွင် ရုံတင်ခဲ့သည့် ဒါရိုက်တာ ဝေ့တယ်စိန့်၏ ပထမဦးဆုံးသော ဇာတ်လမ်းရှည် ဇာတ်ကား အမှတ် ၇ အငူ သည် ထိုင်ဝမ်ရုပ်ရှင်သမိုင်းတွင် ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့ပြီးနောက်မှသာ စီဒစ်(ခ်) ဘာလေးအား ရိုက်ကူးရန် အစီအစဉ်ကို စတင်နိုင်ခဲ့သည်။
ဇာတ်ကားမှာ ၄ နာရီခွဲ ကြာသောကြောင့် အပိုင်းနှစ်ပိုင်းခွဲကာ ရုံတင်ခဲ့သည်။ ပထမတွဲ ‘သူရိန်အလံ’ကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယတွဲ ‘သက်တံ့တံတား’ကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် လည်းကောင်း အသီးသီး ရုံတင်ခဲ့သည်။